Logo Goethe-Institut

မြန်မာ

|

၁၇:၀၀-၁၈:၀၀

2) Theater Workshop and Public Presentation

Contemporary Theater Workshop|in Collaboration with Rimini Protokoll

  • Auditorium, Yangon

Rimini Protokoll ©100 % City Project/ Rimini Protokoll

Rimini Protokoll in Myanmar အစီအစဥ်ကို ကြေညာထားတဲ့အတိုင်း မကြာမီမှာ စတင်တော့မှာဖြစ်ပါတယ်။ ဂျာမနီမှ ထင်ရှားတဲ့ ပြဇာတ်အဖွဲ့ဖြစ်တဲ့ Rimini Protokoll ကိုတည်ထောင်သူတစ်ဦးဖြစ်တဲ့ Helgard Huag သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ မြန်မာနိုင်ငံတွင် ခေတ်မီဇာတ်ရုံအလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဦးဆောင်လုပ်ဆောင်ရန် ရောက်ရှိမှာဖြစ်ပါတယ်။

ယခုအလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာပြည်က ခေတ်ပြိုင်ပြဇာတ်အဖွဲ့တွေအပြင် သုခုမခရီးသည်၊ FXB Myanmar၊ မောင်ဒေး၊ Thyitar စတဲ့ အနုပညာရှင်တွေလည်းပါဝင်မှာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ဂျာမန်နှင့် မြန်မာဇာတ်ရုံကျွမ်းကျင်သူများ ပူးပေါင်းဖန်တီးထားသော ဇာတ်ရုံစမ်းသပ်မှုတစ်ခုကို Goethe-Institut Myanmar ရှိ ခန်းမ၌ အများပြည်သူထံ တင်ဆက်ပြသမှာဖြစ်ပါတယ်။

နေ့ရက်: ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် (ဗုဒ္ဓဟူးနေ့)
အချိန်: ညနေ ၅:၀၀ မှ ၆:၀၀
(ခန်းမဖွင့်လှစ်ချိန် ညနေ ၄:၃၀ နာရီ)
နေရာ: Goethe-Institut Myanmar (Auditorium ခန်းမ)