Logo Goethe-Institut

မြန်မာ

|

၁၆:၃၀-၁၇:၃၀

Resonance Within: A Dialogue Between the Saung Gauk, Classical Guitar, Cello and the Human Body

Musical Concert|03.05.2025

  • Auditorium, Yangon

Mingala Gita ©Goethe-Institut Myanmar

ဧပြီလ ၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော Resonance Within: A Dialogue Between the Saung Gauk, Classical Guitar, Cello and the Human Body ပွဲကို ဖြစ်ပေါ်လာသော ဘဘာဝဘေးအန္တရာယ်ကြောင့် လာမည့် မေလ ၃ ရက်နေ့သို့ ရွှေ့ဆိုင်းကျင်းပမည်ဖြစ်ပါသည်။

Goethe-Institut မြန်မာဟာ ဂီတဆိုင်ရာ မိတ်ဖက်အဖွဲ့ဖြစ်တဲ့ Mingala Gita နဲ့အတူ ဂီတစီမံကိန်းတစ်ခုကို ၂၀၂၄ ခုနှစ် နို၀င်ဘာလက စတင်ပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီစီမံကိန်းမှာ ရိုးရာတူရိယာြဖစ်တဲ့ မြန်မာ့စောင်း၊ အနောက်တိုင်းတူရိယာဖြစ်တဲ့ classical guitar နဲ့ အခြားသော ဂီတ တူရိယာတွေကို ပေါင်းစပ်ပြီး မတူညီတဲ့ ဂီတပုံစံတစ်ခု ထွက်ဖော်လာဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တူရိယာတွေကို ပေါင်းစပ်တီးခတ်ထားတဲ့ အပြင် လူ့ခန္ဓာကိုယ်က အသံကိုပါထုတ်ယူပြီး ဂီတနဲ့ လူသားကြားက ဆက်နွယ်မှုပုံစံကိုပါ ခံစားရစေမယ့် လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလက်ရာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က Goethe-Institut မြန်မာကနေ ခေါ်ယူခဲ့တဲ့ ဂီတနှင့် အသံပိုင်းဆိုင်ရာ open call တစ်ရပ်ဖြစ်တဲ့ Soundscapes of Connection: Call for Contemporary Music Innovators ရဲ့ အစီအစဉ်တစ်ရပ်လည်း ဖြစ်ပါတယ်။

Resonance Within: A Dialogue Between the Saung Gauk, Classical Guitar, and the Human Body စီမံကိန်းကနေ လက်ရာတစ်ခု ထွက်ရှိလာပြီ ဖြစ်ပြီး၊ Final presentation အစီအစဉ်ကို အောက်ပါအစီအစဉ်များအတိုင်း ပြုလုပ်ကျင်းပသွားမှာဖြစ်လို့ မတူညီတဲ့ ဂီတပုံစံအသစ်တစ်ခုနဲ့ တကွ ပါ၀င်ထားတဲ့ ဂီတပညာရှင်များရဲ့ လက်ရာတွေကို နားဆင်ခံစားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

အသေးစိတ်အချက်အလက်
နေ့စွဲ။ ၂၀၂၅ ခုနှစ်၊  မေလ ၃ ရက် (စနေနေ့)
အချိန်။ ညနေ ၄:၃၀ နာရီမှ ညနေ ၅:၃၀ နာရီ
(ညနေ ၄:၀၀ တွင် ပြပွဲခန်းမစဖွင့်ပါမည်)
နေရာ။ Goethe-Institut Myanmar (ပြပွဲခန်းမ)
ဝင်ခွင့်။ အခမဲ့၊ မည်သူမဆိုလာရောက်နိုင်ပါသည်။

အစီအစဉ်ကို မြန်မာဘာသာဖြင့်ကျင်းပသွားမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာပြန်လဲ ပါဝင်မှာဖြစ်ပါတယ်။