Logo Goethe-Institut

မြန်မာ

|

၁၃:၀၀-၁၅:၀၀

Kindness Postcard

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်|ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

  • စာကြည့်တိုက် , ရန်ကုန်၊

  • စျေးနှုန်း ဝင်ကြေးအခမဲ့

C & Y Program ©Goethe-Institut Myanmar

စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဥ်မှ အသစ်အဆန်းလေးများကို ဖန်တီးချင်သော အသက် ၆နှစ်မှ ၁၂ နှစ်အရွယ်သားသားမီးမီးလေးတွေကို ဖိတ်ခေါ်ပါရစေ။

မိုးရွာနေတဲ့နေ့လည်ခင်းလေးက စိတ်အေးလက်အေးနဲ့လက်မှုပစ္စည်းလေးတွေကိုပြုလုပ်ဖို့အ‌ကောင်းဆုံးအချိန်ပါပဲ။ ဒီလရဲ့အစီအစဥ်မှာတော့ ကလေးငယ်လေးများက ကျေးဇူးတင်ခြင်း၊ အားပေးမှုနှင့် ချစ်ခြင်းမေတ္တာများပါ၀င်တဲ့ပို့စကတ်လေးတွေကို ကိုယ်တိုင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အကြင်နာတရားနဲ့ ပတ်သက်တဲ့ ပုံပြင်လေးတွေကို နားထောင်ရင်း ကိုယ်ချင်းစာနာစိတ်နှင့်ကြင်နာခြင်းရဲ့ အဓိပ္ပာယ်ကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။ သားသားမီးမီးတွေအနေနဲ့  ဘယ်လိုကြင်နာတဲ့စကားလုံးလေးက သူများကို အားဖြစ်စေနိုင်သလဲ၊ ဘယ်သူတွေကို အပြုံးချိုချိုနဲ့ ကျေးဇူးတင်စကားပြောသင့်သလဲ ဆိုတာတွေကိုပါ သင်ယူလေ့လာခွင့်ရမှာဖြစ်ပါတယ်။ အဲ့ဒါပြီးရင်တော့  ကလေးငယ်များရဲ့ စိတ်ကြိုက်ရောင်စုံခြယ်ထားပြီး အမှတ်တရစာသားလေးတွေပါတဲ့ ပို့စကတ်လေးတွေ ဖန်တီးဖို့ အချိန်ရောက်ပါပြီ။ ဒီပို့စကတ်လေးများကို အခြားသူများဖတ်ရူနိုင်‌စေရန်  စာကြည့်တိုက်အတွင်းရှိ “Kindness Wall”  မှာ ကပ်ထားပေးဖို့လည်းရှိပါမယ်။ ဒါဆို ချမ်းအေးတဲ့မိုးရာသီကို သင့်ကလေးရဲ့ ပို့စကတ်လေးတစ်စောင်ဖြင့် နွေးထွေးစေလိုက်ပါ။

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ -   
♦အမည်  ♦ အသက် ♦ဖုန်းနံပါတ် တို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း  biblio-yangon@goethe.de မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။