Logo Goethe-Institut

မြန်မာ

|

၁၂:၃၀-၁၄:၃၀

“Welches Tier lebt hier?” ဖြင့် ဂျာမန်ဘာသာစကားကို ပျော်ရွှင်စွာ သင်ယူလိုက်ပါ။

Board Game|“BOARD GAME DAY!”

  • စာကြည့်တိုက် , ရန်ကုန်၊

  • စျေးနှုန်း ဝင်ကြေးအခမဲ့

Board Game ©Goethe-Institut Myanmar

သြဂုတ်လရဲ့ Boardgame Day လေးမှာတော့ “Welches Tier lebt hier?” လို့ခေါ်တဲ့ ပုံကဒ်လေးတွေကိုတွဲ‌ပေးရတဲ့ ဂျာမန်ဂိမ်းလေးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ “Welches Tier lebt hier?” က တိရစ္ဆာန်များနှင့် သူတို့နေထိုင်ကျက်စားရာနေရာများကို ကိုက်ညီစွာ တွဲဖက်ရမည့် ဂျာမန်ဝေါဟာရပိုင်းဆိုင်ရာ  ပျော်စရာမှတ်ဉာဏ်ကဒ်ဂိမ်းလေးပါ။

ဆော့နည်းလေးကတော့ ကဒ်နှစ်ခုကို တစ်ကြိမ်ချင်းစီ ဖွင့်ကြည့်ပြီး ကိုက်ညီပါက အဲ့ဒီအတွဲကို သိမ်းထားပြီး နောက်တစ်ကြိမ် ပြန်ကစားခွင့်ရပါမယ်။ တိရစ္ဆာန်–နေရာ တွဲဖက်မှုများ ပိုမိုစုဆောင်းနိုင်တယ်ဆိုရင် သင့်အနေနဲ့ဒီဂိမ်းလေးရဲ့ အနိုင်ရရှိသူဖြစ်ဖို့ အခွင့်အရေးပိုနီးစပ်လာမှာဖြစ်ပါတယ်။ ဒီဂိမ်းလေးက ဂျာမန်စာ A1.2 နှင့် အထက်ရှိသူများအတွက် အထူးသင့်လျော်ပြီး မှတ်ဉာဏ်ပိုတိုးတက်စေရန်နှင့် ဂျာမန်ဘာသာစကားလေ့လာမှု အထောက်အကူဖြစ်စေရန် သူငယ်ချင်းတွေနဲ့အတူ ပေါ့ပေါ့ပါးပါး‌ဆော့ကကစားလို့ရပါတယ်။ ဂျာမန်ဘာသာဖြင့် တိရစ္ဆာန်လေးတွေနဲ့ဆိုင်တဲ့ ဝေါဟာရတွေကို စူးစမ်းချင်တယ်ဆိုရင်တော့ လာရောက်ကစားဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။

စိတ်ပါ၀င်စားသူများအနေဖြင့် biblio-yangon@goethe.de သို့ အမည်၊  ဖုန်းနံပါတ်၊ မိမိရဲ့ ဂျာမန် level ကိုအီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။