Logo Goethe-Institut

မြန်မာ

ကမ္ဘာစိတ်ကျန်းမာရေးနေ့များ ၂၀၂၅

Stronger Together: Collective Recovery and Creative Care In Crisis|10 – 12 October 2025

  • Goethe-Institut မြန်မာ, ရန်ကုန်၊

World Mental Health Day 2025 Program © Goethe-Institut Myanmar

ဒီနှစ် ကမ္ဘာစိတ်ကျန်းမာရေးနေ့ ခေါင်းစဉ်မှာ – “Access to Services – Mental Health in Catastrophes and Emergencies” ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရပြီး စိတ်ကျန်းမာရေးအထောက်အပံ့မှာ အရေးတကြီးလိုအပ်နေချိန် ဖြစ်သော်လည်း ဝန်ဆောင်မှုများရရှိနိုင်ရန် အခက်အခဲရှိနေဆဲ ဖြစ်ပါတယ်။ World Mental Health Day 2025 အထိမ်းအမှတ်အနေနဲ့, Goethe-Institut Myanmar နဲ့ Academy of Care (AoC) တို့က Foundation for Arts and Health India (FAHI)၊ Doh Eain၊ Young City Shapers၊ FIN Myanmar၊ Kalasa Art Space၊ The Heal With Art အပါအဝင် အခြားသော မိတ်ဖက်အဖွဲ့အစည်းတို့နှင့် ပူးပေါင်းပြီး “Stronger Together: Collective Recovery and Creative Care in Crisis” ခေါင်းစဉ်ဖြင့် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
 
ဒီအစီအစဉ်ဟာ အရေးပေါ်အခြေအနေတွေမှာ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေနှင့် လုံခြုံစိတ်ချရမယ့် နေရာတွေ၊ ခံနိုင်ရည်တိုးတက်စေဖို့ ဖန်တီးဆန်းသစ်တဲ့ နည်းလမ်းတွေကို အလေးပေးဖော်ပြသွားမှာ ဖြစ်ပါတယ်။ အသေးစိတ်အစီအစဉ်တွေအနေနဲ့ ပညာရှင်များ၊ အတွေ့အကြုံရှိသူများ ပါဝင်သည့် Panel Discussions၊ AoC Alumni နဲ့ အတွေ့အကြုံရှိ Practitioners များ ဦးဆောင်သည့် ဖန်တီးမှု အနုပညာဆိုင်ရာ Workshops၊ ကလေးတွေနဲ့ အများပြည်သူအတွက် ပျော်ရွှင်ဖန်တီးနိုင်မယ့် Playful Interactive Spaces တွေ ပါဝင်သွားမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်က လူထုအကြား ဆွေးနွေးမှုတွေ ဖြစ်ပေါ်စေပြီး ဆက်ဆံရေးတွေ ခိုင်မာစေဖို့နှင့် အနုပညာ၊ ဂီတ၊ ပြဇာတ်၊ အပြန်အလှန် ကစားဆော့ကစားမှုတွေက အရေးပေါ်အခြေအနေတွေမှာ စိတ်ပိုင်းဆိုင်ရာ ကုစားခြင်းနဲ့ နာကျင်မှုလျော့ချရာမှာ ဘယ်လို အထောက်အကူဖြစ်နိုင်သလဲဆိုတာကို ပြသသွားဖို့ပဲ ဖြစ်ပါတယ်။

အစီအစဉ်အပြည့်အစုံနဲ့ စာရင်းသွင်းရန် အသေးစိတ်အချက်အလက်များကို လူမှုကွန်ယက်များမှတဆင့် မကြာမီ မျှဝေပါမယ်။ Stay Tuned!