Logo Goethe-Institut

မြန်မာ

ဒီရက်လေးကို မှတ်ထားကြစို့- အောက်တိုဘာ ၁၇ ရက်နေ့မှာ ကျွန်တော်တို့ရဲ့ Inclusivity ခရီးစဉ် စတင်ပါတော့မယ်။

Woven Paths of Inclusivity: Discovering Stories, Sharing Journeys, and Connecting Hearts|.

  • Goethe-Institut မြန်မာ, ရန်ကုန်၊

Inclusion Launch ©Goethe-Institut Myanmar

အောက်တိုဘာလမှာ ကဏ္ဍသစ်တစ်ခု စတင်ဖွင့်လှစ်ပါတော့မယ်။ မတူကွဲပြားတဲ့ စွမ်းဆောင်ရည်ရှိသူများရဲ့ အတွေ့အကြုံတွေကို ဂုဏ်ပြုဆင်နွှဲပြီး ပေါင်းစည်းချိတ်ဆက်သွားမယ့် သုံးလတာခရီးစဉ် “ဖြစ်တည်မှုတို့ ယှက်နွယ်ရာ”ဆိုတဲ့ ဇာတ်ကြောင်းဖော်ထုတ်မှု၊ ဘဝခရီးဝေမျှမှု၊ နှလုံးသားနီးစပ်မှု ဆီကိုဦးတည်တဲ့အစီအစဉ်များကို ဝမ်းမြောက်စွာမိတ်ဆက်ပေးပါရစေ။

မတူညီတဲ့ ဘဝအတွေ့အကြုံတွေကို လူမှုအသိုက်အဝန်းတစ်ခုရဲ့ တစိတ်တပိုင်းအဖြစ် အတူတကွ ယှက်နွယ်ရက်လုပ်ကြမယ့် စိတ်ကူးကနေ ပေါက်ဖွားအခြေတည်လာခဲ့တဲ့အစီအစဉ် ဖြစ်ပါတယ်။ အစီအစဉ်အတွက် ပံ့ပိုးကူညီပေးထားတဲ့ ရန်ကုန်မြို့ရှိ ဂျာမန်သံရုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်းလည်း ဖော်ပြအပ်ပါတယ်။ မသန်စွမ်းအသိုက်အဝန်းမှ ကျွန်ုပ်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး လူတိုင်း ရှာဖွေတွေ့ရှိ၊ မျှဝေ၊ ချိတ်ဆက်နိုင်မယ့် ပွဲအခမ်းအနားများစွာကို စီစဉ်ထားပါတယ်။

ဒီအစီအစဉ်မှာ စုံလင်လှပတဲ့ ပွဲအခမ်းအနားများစွာ ပါဝင်မှာဖြစ်ပြီး မတူကွဲပြားတဲ့ စွမ်းဆောင်ရည်ရှိသူတွေရဲ့ ဘဝအကြောင်းတွေ၊ ကျွမ်းကျင်မှုတွေကို ပြသဖို့ သာမက၊ အများပြည်သူကိုလည်း ဒီအတွေ့အကြုံတွေကို သိရှိစေဖို့နဲ့ ကိုယ်တိုင်ပါဝင်နိုင်ဖို့ ဖိတ်ခေါ်သွားမှာ ဖြစ်ပါတယ်။ မသန်စွမ်းအသိုက်အဝန်းမှ အဖွဲ့အစည်းများနဲ့ နီးကပ်စွာ ပူးပေါင်းဖန်တီးထားတဲ့ ဒီအစီအစဉ်ဟာ အသိပညာပေးမှုကို မြှင့်တင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ လူထုစိတ်ဝင်စားမှုရရှိစေမယ့် ခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

နေ့ရက်ကို မှတ်သားထားလိုက်ပါ။

ကျွန်ုပ်တို့ရဲ့ ခရီးစဉ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်၊ သောကြာနေ့ မှာ စိတ်ဝင်စားဖွယ်ရာ စကားဝိုင်းဆွေးနွေးပွဲတစ်ခုနဲ့ စတင်ဖွင့်လှစ်သွားမှာပါ။ ဒီဆွေးနွေးပွဲဟာ မသန်စွမ်းအသိုက်အဝန်းမှ ကျွန်ုပ်တို့ရဲ့ မိတ်ဖက်များက ပေးအပ်မယ့် အတွေးအမြင်နဲ့ ခွန်အားဖြစ်စေမယ့် ညနေခင်းတစ်ခုအတွက် အစပျိုးပေးမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲအပြီးမှာတော့ ကျွန်ုပ်တို့ရဲ့ မတူကွဲပြားတဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားသူများရဲ့ အထူးဖျော်ဖြေတင်ဆက်မှုတစ်ခု ရှိနေမှာဖြစ်ပါတယ်။ ဒီနောက်မှာတော့ ဧည့်ခံပွဲတစ်ခုကို ကျင်းပပြုလုပ်မှာဖြစ်ပြီး တက်ရောက်လာသူများအနေနဲ့ စကားဝိုင်းမှာပါဝင်ဆွေးနွေးသူများ၊ ဖျော်ဖြေတင်ဆက်သူများနဲ့ စကားလက်ဆုံမိတ်ဖွဲ့နိုင်မှာဖြစ်ပါတယ်။

အစီအစဉ်အပြည့်အစုံကို သိရှိနိုင်ဖို့အတွက် ကျွန်ုပ်တို့ရဲ့ လူမှုကွန်ယက်စာမျက်နှာများကို follow လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်ုပ်တို့လူမှုအသိုက်အဝန်းရဲ့ ချည်မျှင်တွေကို အတူတကွ ပိုမိုခိုင်မာအောင် ယက်လုပ်ရာမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။