|
၁၆:၀၀-၁၇:၃၀
Block-Based Coding Trial Workshop
Tech-Try Out Program|23.10.2025
-
စာကြည့်တိုက် , ရန်ကုန်၊
ယခု ပြုလုပ်မယ့် Trial Workshop ကို CIY.Club Myanmar မှ ဦးဆောင်သွားမှာဖြစ်ပြီး အောက်တိုဘာလ (၂၃)၊ ၂၀၂၅ တွင် ကျင်းပမှာဖြစ်ပါတယ်။ Trial Workshop ဖြစ်တာကြောင့် ကွန်ပျူတာအခြေခံမရှိလည်း သင်ယူလို့ရပါတယ်။
• Block coding ဆိုတာကဘာလဲ?
Block coding ဆိုတာ အခြေခံအကျဆုံး ကွန်ပြူတာပရိုဂရမ်ရေးနည်း ဖြစ်ပါတယ်။ စာသားအခြေခံကုဒ်ကို (စာသား)များကို မြင်သာသောဘလောက်များ အဖြစ်သို့ ပြောင်းလဲပေးခြင်းပါပဲ။ ကုဒ်တွေကို စတင်လေ့လာချိန်မှာ coding ရဲ့ အခြေခံတွေကို နားလည်ဖို့ ကလေးတွေ သဘောကျစေမယ့် ရိုးရှင်းလွယ်ကူတဲ့ ပုံစံမျိုးလေးတွေနဲ့ သင်ရတာပါ။
• ဘာကြောင့် coding ကို လေ့လာသင့်တာလဲ ?
Computer ၊ mobile phone မှသည် ယနေ့ ကမ္ဘာကြီးရဲ့ အရွေ့မှာ အရေးအပါဆုံးဖြစ်တဲ့ အင်တာနက်ကွန်ယက် နှင့် အာကာသယာဥ်များအထိ universal language ဖြစ်တဲ့ coding နဲ့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်သင့်ကလေးကို နည်းပညာအကြောင်း မသိမဖြစ်ရလေအောင် ရိုးရှင်းပြီး ခေတ်မီတဲ့ Block-Based coding ကို သင့်ကလေးကို ထိတွေ့လေ့လာစေလိုက်ပါနော်။
ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ ♦အမည် ♦အသက် ♦ဖုန်းနံပါတ် တို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း biblio-yangon@goethe.de မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။
တည်နေရာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊
ရန်ကုန်၊,
Myanmar
တည်နေရာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊
ရန်ကုန်၊,
Myanmar