|
၁၄:၀၀-၁၆:၃၀
Nature Altar Workshop
Youth in Motion Within|Creative Spaces for Self-Expression & Mindfulness
-
စာကြည့်တိုက် , ရန်ကုန်၊
- စျေးနှုန်း ဝင်ကြေးအခမဲ့
နေ့စဉ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ အပြောင်းအလဲတွေကြားမှာ စိတ်ဖိစီးမှုတွေ များနေပြီလား? ခဏလောက် Break ယူပြီး စိတ်ကို ပြန်လည်လန်းဆန်းစေမယ့် Safe Space တစ်ခု ရှာနေတဲ့ လူငယ်တွေ၊ မိတ်ဆွေသစ်ဖွဲ့ပြီး တက်ကြွတဲ့ Community တစ်ခုမှာ ပါဝင်ချင်တဲ့ လူငယ်တွေအတွက်၊ Youth in Motion Within Program ရဲ့ ပထမဆုံး workshop လေး လာပါပြီနော်။
Nature Altar လို့အမည်ပေးထားတဲ့ ဒီအစီအစဥ်လေးမှာတော့ ပန်းပွင့်လေးတွေ၊ သစ်ရွက်လေးတွေ၊ ကျောက်တုံးလေးတွေနဲ့ အခြားသဘာ၀ပစ္စည်းလေးတွေကို အသုံးပြုပြီး ကိုယ့်စိတ်ထဲက အနုပညာကိုဖန်တီးရင်း ကိုယ်က ဘယ်လိုလူလဲ၊ ကိုယ့်တန်ဖိုးထားမှုတွေက ဘာလဲ၊ ကိုယ့်စိတ်ထဲ ဘာတွေဖြစ်နေလဲ ဆိုတာတွေကို ပြန်လည် စဥ်းစားဆင်ခြင်သုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဒီ Workshop မှာ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိပြီး ကိုယ့်စိတ်ခံစားချက်တွေကို ပိုမိုနားလည်နိုင်မယ့် အတွေ့အကြုံကို ခံစားရမှာပါ။ နေ့စဉ်အရှိန်အဟုန်နဲ့ လှုပ်ရှားနေတာလေးတွေကို ခဏရပ်ပြီး အနုပညာလက်ရာ ဖန်တီးရင်း ခဏလောက်ဖြစ်ဖြစ် စိတ်အနားရဖို့လည်း ရည်ရွယ်ပါတယ်။ ပစ္စပ္ပုန်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ အမှတ်တမဲ့မှသည် အမှတ်တရဖြစ်စေမယ့် အခိုက်အတန့်တွေကိုလည်း ဒီပွဲလေးမှတဆင့် စီးမြောခံစားကြည့်စေချင်ပါတယ်။ ဒါကြောင့် သဘာဝနဲ့ ကိုယ့်စိတ်ခံစားချက်တွေကို ချိတ်ဆက်ပြီး ကိုယ့်တန်ဖိုးထားမှုကို ပြန်လည်ရှာဖွေဖို့ ဒီအစီအစဥ်မှာ ပါ၀င်တက်ရောက်ကြည့်ဖို့ ဖိတ်ခေါ်ပါရစေ။
အသက် ၁၈ နှစ်နှင့် အထက် မည်သူမဆို အခမဲ့ပါဝင်နိုင်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ - ♦အမည် ♦ အသက် ♦ဖုန်းနံပါတ် တို့ကို biblio-yangon@goethe.de မှတစ်ဆင့် အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

တည်နေရာ
စာကြည့်တိုက်
Goethe-Institut Myanmar
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊
ရန်ကုန်၊,
Myanmar