Logo Goethe-Institut

မြန်မာ

|

၁၃:၀၀-၁၅:၀၀

The Diorama Makers

A Workshop for Fathers or Male Guardians and Their Children |ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

  • စာကြည့်တိုက် , ရန်ကုန်၊

  • စျေးနှုန်း ဝင်ကြေးအခမဲ့

The Diorama Makers © Goethe-Institut Myanmar

The Diorama Makers © Goethe-Institut Myanmar

ကျွန်ုပ်တို့စာကြည့်တိုက်၏ ကလေးနှင့်လူငယ်အစီအစဥ်မှ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ဖေဖေနဲ့ သားသားမီးမီးတို့ (အသက် ၆ မှ ၁၂ နှစ်) ကြား ပျော်ရွှင်စရာ အချိန်တွေကို တူတူဖန်တီးနိုင်မယ့် The Diorama Makers  အထူး လက်မှုအလုပ်ရုံလေး ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဖေဖေ သို့မဟုတ် အမျိုးသား အုပ်ထိန်းသူ နဲ့ အတူတူ သားသားမီးမီးလေးတွေက နို့ဘူးအခွံ၊ စက္ကူကတ် စတဲ့ စွန့်ပစ်ပစ္စည်းလေးတွေကို အသုံးပြုပြီး စိတ်ကူးထဲကအိမ်လေးကို miniature diorama အဖြစ် ဖန်တီးကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရေစိုဘောပင်နဲ့ ဆေးရောင်ခြယ်ပြီး ရောင်စုံစက္ကူလေးတွေကို ဖြတ်ညှပ်ကပ်လုပ်ကာ အလှဆင်တဲ့အခါ ဖေဖေနဲ့ သားသားမီးမီးတို့ကြား  အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် တီထွင်ဖန်တီးမှုတွေကို အတူတကွ ‌လက်တွေ့ဖော်ဆောင်ရမှာမို့ စိတ်လှုပ်ရှားစရာလည်းကောင်းပါတယ်။ ဒါကြောင့် ဒီအစီအစဥ်လေးက  screen time တွေကို ခဏလျှော့နည်းစေပြီး  မိသားစု bonding အတွက် အထောက်အကူဖြစ်စေမှာ အသေအချာပါပဲ။

ဒီအစီအစဥ်လေးပြီးသွားရင်လည်း မိမိတို့ Diorama လေးကို အိမ်ပြန်ယူသွားနိုင်ရုံသာမက အမှတ်တရကောင်းတွေကိုလည်း သယ်ဆောင်သွားနိုင်မှာပါ။ ဒါဆို...ဖေဖေတို့အနေနဲ့ မိမိ့ကလေးငယ်များနဲ့ အတူတူ အသစ်အဆန်းလေးတွေကို လုပ်ကြည့်ချင်ရင် ဒီ The Diorama Makers အစီအစဥ်လေးကို ပါ၀င်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ ကြိုတင်စာရင်းသွင်းရန်လိုအပ်ပါတယ်။ စာရင်းသွင်းခြင်းကို ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပြုလုပ်နိုင်ပါတယ်။ ရွေးချယ်ခံရသူများအား ဇူလိုင်လ ၂၀ ရက်နေ့တွင် အတည်ပြုအီးမေးလ် ပို့ပေးမည်ဖြစ်ပါတယ်။ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ - ♦အမည် ♦ အသက် ♦ဖုန်းနံပါတ် တို့ကို biblio-yangon@goethe.de မှတစ်ဆင့် အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။