Logo Goethe-Institut

မြန်မာ

Curious Academy Myanmar

A Curiosity-Based Learning Platform for Young Emerging Contemporary Art Practitioners in Myanmar
Funded and organized by: Goethe-Institut Myanmar
In Collaboration with: School of Contemporary Art (SoCA)

Curious Academy Myanmar ©Goethe-Institut Myanmar

စီမံကိန်းသဘောတရား

မြန်မာ့ခေတ်ပြိုင်အနုပညာနှင့်ပတ်သက်သော ပညာရေးသည် လက်ရှိကာလတွင် အရင်းအမြစ်ရှားပါးခြင်း၊ ကြားခံနယ်မျိုးစုံးကို အသုံးပြု၍ စူးစမ်းလေ့လာခြင်း၊ အနုပညာလက်ရာဖန်တီးခြင်းများအတွက် အခွင့်အလမ်းများ နည်းပါးခြင်း စသည်တို့ကြောင့် အခက်အခဲများကိုရင်ဆိုင်နေရလျက်ရှိသည်။ တက်သစ်စ အနုပညာရှင်များအနေဖြင့် ၄င်းတို့အတွက်ညွှန်ပြသူနှင့် ထိတွေ့မှုနည်းပါးခြင်း၊ နိုင်ငံတကာ အမြင်များကို ထိတွေ့ရန်ခက်ခဲခြင်းတို့အပြင်၊ ၄င်းတို့၏လက်ရာများကို ချပြရန်အတွက်လည်း အခက်အခဲများကြုံတွေ့နေရခြင်းဖြစ်သည်။

Curious Academy Myanmar သည် ယင်းကဲ့သို့ ကြုံတွေ့နေရသော အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီဖြေရှင်းရန်အတွက် အနုပညာဖန်တီးခြင်းတွင် စူးစမ်းချင်စိတ်ကို အခြေခံထားသော လေ့လာသင်ကြားနည်းများပါ၀င်သည့် အစီအစဥ်တစ်ခုပြုလုပ်သွားမည်ဖြစ်သည်။ ဖန်တီးမှုကြားခံနယ် အသစ်များ၊ တစ်ခုထက်ပိုသော ကြားခံနယ်တို့ကို စူးစမ်းလေ့လာသော အပြန်အလှန်သင်ကြားမှုအစီအစဉ်များပါ၀င်မည်ဖြစ်သည်။ အစီအစဥ်မှာပါဝင်တဲ့ သီအိုရီ၊ လေ့ကျင့်ခန်းများ၊ အနုပညာဆိုင်ရာ သုတေသနနှင့် ပါဝင်သူများကို အခြေပြုထားသည့်သင်ရိုးများက ရှုထောင့်မျိုးစုံမှ တွေးခေါ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လက်တွေ့စမ်းသပ်မှုများကို အားကောင်းလာစေရန်ပြုလုပ်ပေးထားပါသည်။ ထိုမှတဆင့် တက်သစ်စ အနုပညာရှင်များ၏ လွတ်လပ်သော အတွေးအခေါ်များကို ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်လာနိုင်ပြီး မြန်မာ့ခေတ်ပြိုင်အနုပညာရပ်ဝန်းကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ထားပါသည်။

စီမံကိန်းအကျဥ်းချုပ်

စီမံကိန်းကြာမြင့်ချိန်။ ၂၀၂၅ခုနှစ် ဒီဇင်ဘာမှ ၂၀၂၆ခုနှစ် မတ်လထိ
ပြုလုပ်မည့်နေရာ။ အွန်လိုင်း + လူတွေ့ + နှစ်မျိုးစပ်
ပါဝင်နိုင်မည့်သူအရေအတွက်။ ၁၆ ယောက်
 
အချိန် သင်ရိုးတန်း လုပ်ငန်းများပါဝင်သည့်အကြောင်းအရာ
၂၀၂၅ခုနှစ် ဒီဇင်ဘာလ သင်ခန်းစာ ၁။ စူးစမ်းချင်စိတ်ဖြင့် တွေးခေါ်ခြင်း တီထွင်ဖန်းတီးနိုင်စွမ်းအတွက် အခြေခံဖြစ်သည့် စူးစမ်းချင်စိတ်ကို ပျိုးထောင်ပေးခြင်း
၂၀၂၆ခုနှစ် ဇန်နဝါရီလ သင်ခန်းစာ ၂။ စူးစမ်းချင်စိတ်ဖြင့် ပြုမူခြင်း စူးစမ်းချင်စိတ်ကို အနုပညာအမြင်မှနေ၍ တစ်မျိုးထက်ပိုသော ကြားခံနယ်များကို သုံး၍ ချဥ်းကပ်ခြင်း
၂၀၂၆ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ သင်ခန်းစာ၃။ စူးစမ်းချင်စိတ်ဖြင့်ဖန်တီးခြင်း လက်တွေ့စမ်းသပ်ခြင်းနှင့် တစ်ခုထက်ပိုသော ကြားခံနယ်များပါဝင်သည့် အနုပညာလက်ရာများကို ဖန်တီးခြင်း
၂၀၂၆ခုနှစ် မတ်လ သင်ခန်းစာ ၄။ နောက်ဆုံးပြခြင်း စုပေါင်း၍ ပြုလုပ်ထား‌သော လက်ရာများကို ပြသခြင်း
၂၀၂၆ခုနှစ် မတ်လအကုန် သင်ခန်းစာ ၅။ ပြန်လည်သုံးသပ်ခြင်း အဖွဲ့လိုက်ဆွေးနွေးခြင်းနှင့် သင်ယူမှုများကို ပြန်လည်သုံးသပ်ခြင်း

သင်ခန်းစာတစ်ခုချင်းစီတွင် ပို့ချချက်များ၊ အနုပညာရှင်များနှင့်ဖလှယ်ခြင်း၊ အလုပ်ရုံဆွေး‌နွေးပွဲများ၊ ဦးဆောင်သူများနှင့် တွေ့ဆုံခြင်းနှင့် ပြည်တွင်းပြည်ပအနုပညာရှင်များ၊ တတ်ကျွမ်းသူများ စုပေါင်း ဖန်တီးထားသော စီမံကိန်းများပါဝင်သွားမည်ဖြစ်သည်။

Participation Allowance အစီအစဉ်

ပါဝင်သူ ၁၆ ယောက်ထဲအနက်မှ ၁၂ ယောက်အထိအတွက်၊ သတ်မှတ်ထားသော Participation allowance တစ်ရပ်ကိုပေးအပ်သွားမည်ဖြစ်ပါသည်။ Participation allowance သည် အစီအစဉ်များတွင် အပြည့်အ၀ ပါ၀င်နိုင်ရေးနှင့် အတူတကွဖော်ဆောင်ရမည့် ရလဒ်များအတွက် ပူးပေါင်းပါ၀င်နိုင်ရန် အထောက်အပံ့တစ်ရပ်အဖြစ် စီစဉ်ထားရှိခြင်းဖြစ်ပါသည်။
အဆိုပါ allowance ၏ ၅၀ ရာခိုင်နှုန်းကို စီမံကိန်းအစတွင်ပေးအပ်မည်ဖြစ်သည်။
ကျန်ရှိနေသော allowance ကို စီမံကိန်းအဆုံးတွင် ပေးအပ်သွားမည်ဖြစ်သည်။
Participation allowance ကို လျှောက်ထားလိုပါက လျှောက်ထားလိုသည့် ရည်ရွယ်ချက်ပါသည် စာတစ်စောင်ကို ပေးပို့ရမည်ဖြစ်သည်။ ယင်းစာတွင် မိမိ၏ လိုအပ်ချက်များနှင့် ယခုအထောက်အပံ့က မည်ကဲ့သို့အကျိုးသက်‌ရောက်သည်ကို ရှင်းလင်းစွာဖော်ပြရမည်။

မှတ်ချက်

Participation Allowance မှအပ အခြားသောသွားလာစရိတ်၊ နေထိုင်စရိတ်နှင့် နေ့စဥ်အသုံးစရိတ်များကို ပေးအပ်သွားမည်မဟုတ်ပါ။

လျှောက်ထားရန်လိုအပ်ချက်

  • ပြည်တွင်းပြည်ပမှ တက်သစ်စ မြန်မာခေတ်ပြိုင်အနုပညာရှင်များ
  • လျှောက်ထားသူသည် လက်ရှိသို့မဟုတ် အရင်က ခေတ်ပြိုင်အနုပညာလက်ရာများကို ဖန်တီးလျက်ရှိသူ သို့မဟုတ် ဖန်တီးဖူးသူ
  • တစ်ခုထက်ပိုသော ကြားခံနယ်များကို သုံး၍ အနုပညာလက်ရာများဖန်တီးခြင်း၊ လေ့လာခြင်းကို စိတ်အားထက်သန်သူ
  • စီမံကိန်းတစ်လျှောက် (၂၀၂၅ခုနှစ် ဒီဇင်ဘာ မှ ၂၀၂၆ခုနှစ် မတ်လထိ) စီမံကိန်းတွင်ပါဝင်နိုင်သူ (အွန်လိုင်း၊ လူတွေ့၊ နှစ်မျိုးရော စသည်ဖြင့် ပါဝင်နိုင်သူ)၊ ပြည်ပမှ ပါ၀င်သူများအနေဖြင့် အွန်လိုင်းမှ ပါ၀င်နိုင်ပါသည်။
  • အခြားသူများနှင့် ပူးပေါင်း၍ လက်ရာများကို မျှဝေဖန်တီးရန်လိုလားသူ
  • ဆွေးနွေးခြင်းများ၊ ပြပွဲများနှင့် နောက်ဆုံးတင်ဆက်ခြင်းများနှင့်ဆိုင်သော လုပ်ငန်းများကို ပါဝင်လုပ်ဆောင်နိုင်သူ

လိုအပ်သော အချက်အလက်များ

  • ကိုယ်ရေးအကျဥ်း
  • လုပ်ခဲ့ဖူးသောလက်ရာများ ပါဝင်သည့် ပေါ့ဖိုလီယို (PDF သို့မဟုတ် လင့်ဖြင့်ပေးပို့နိုင်သည်။)
  • လျှောက်ထားလိုသည့် ရည်ရွယ်ချက် - အများဆုံး A4 စာမျက်နှာ တစ်ရွက်စာအတွင်း စူးစမ်းလိုစိတ် (curiosity) ကို အခြေပြု၍ ရေးသားနိုင်သည်။
  • Participation allowance လျှောက်ထားလိုသည့် အကြောင်းအရင်း (ယခုအချက်သည် မပို့မနေရမဟုတ်ပါ။ allowance လျှောက်ထားလိုသည့် သူများသာပေးပို့ရန်လိုအပ်သည်။)
  • ဆက်သွယ်ရန်အချက်အလက် (နာမည်အပြည့်အစုံ၊ အီးမေးလိပ်စာ၊ ဖုန်းနံပါတ်)

လျှောက်ထားရန်နောက်ဆုံးရက်

‌၂၀၂၅ခုနှစ် နို၀င်ဘာလ ၀၉ ရက်နေ့

ရွေးချယ်ပုံအဆင့်ဆင့်

  • လျှောက်လွှာများကို လျှောက်ထားသူ၏ အချက်အလက်၊ လျှောက်ထားလိုသည့် အကြောင်းအရင်း နှင့် စီမံကိန်း၏ မူလဦးတည်ချက်ဖြစ်သည့် စူးစမ်းချင်စိတ် (Curiosity) အပေါ်မူတည်၍ တီထွင်ဖန်တီးနိုင်ရန်စိတ်အားထက်သန်မှုတို့ကို မူတည်၍ ရွေးချယ်သွားမည်ဖြစ်သည်။
  • ပဏာမအဆင့်။ ပေးပို့လာသော လျှောက်လွှာများပေါ်မူတည်၍ စစ်ထုတ်ခြင်း (ကိုယ်ရေးအချက်အလက်၊ ရှောက်ထားလိုသည့် ရည်ရွယ်ချက်၊ ပညာသင်ဆုလျှောက်ထားခြင်း စသည်ဖြင့်)
  • လူတွေ့အွန်လိုင်းမေးမြန်းခြင်း။ ပဏာမအဆင့်ကို ရွေးချယ်ခံရသူများအနေဖြင့် မိနစ် ၃၀ ခန့်ကြာသော အွန်လိုင်းအင်တာဗျူးကို ပြုလုပ်ပြီး လက်ရှိလုပ်ကိုင်လျက်ရှိနေသော အနုပညာလုပ်ငန်းများ၊ ပါဝင်လိုသည့် အကြောင်းအရာ အသေးစိတ်နှင့် စီမံကိန်းအ‌ပေါ်လျှောက်ထားသူ၏ အမြင်တို့ကို မူတည်၍ ရွေးချယ်သွားမည်ဖြစ်သည်။
  • နောက်ဆုံး‌ရွေးချယ်ခံရသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလလယ်တွင် အကြောင်းကြားပေးသွားမည်ဖြစ်သည်။

Orientation sessions

လျှောက်ထားရန်လိုအပ်သော အရာများနှင့် လုပ်ငန်းစဥ်များကို အသေးစိတ်ထပ်မံ၍ သိရှိလိုပါက ဖော်ပြထားသော Orientation Session မှလည်းတဆင့် ဝင်ရောက်မေးမြန်းနိုင်ပါသည်။

Date: 29.10.2025 (Wednesday)
Time: 4:30 PM to 5:30 PM (Myanmar Time)
https://goethe-institut.zoom.us/j/88429978722
Meeting ID: 884 2997 8722

Date: 05.11.2025 (Wednesday)
Time: 4:30 PM to 5:30 PM (Myanmar Time)
https://goethe-institut.zoom.us/j/85491333438
Meeting ID: 854 9133 3438

လျှောက်လွှာများကို ပေးပို့ရန်

ပြီးပြည့်စုံသော လျှောက်လွှာများကို အီးမေးမှတဆင့် info.kultur.mmr@goethe.de ၂၀၂၅ခုနှစ် နို၀င်ဘာလ ၀၉ ရက်နေ့ (မြန်မာစံတော်ချိန် ည ၁၁း၅၉ ) ထက်နောက်မကျဘဲပေးပို့နိုင်ပါသည်။ နောက်ကျသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက