အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Shi Exhibition©Zun Ei Htet / Goethe-Institut Myanmar

/ရှိ အဇ္ဇဘီးရှင်း

/ရှိ က မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာကျင်းပမယ့်အနုပညာပြပွဲတစ်ခုဖြစ်ပါတယ်။ (၂၀၂၂) ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့ကနေ (၂၀၂၃) ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့အထိ (၄၄) ရက်ကြာမြင့်မယ့် အိဇ္ဇဘီးရှင်းတစ်ခုဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ဇစ်မြစ်ကျောရိုးဖြစ်တဲ့ ဘတ်စ်ကားလမ်းကြောင်းတွေပေါ်မှာအခြေခံထားတဲ့ မြို့တွင်းရှိ နေရာ (၇) ခုကို ဂရုတစိုက်စီစဉ်ထားပြီးတော့ အနုပညာရှင်ပေါင်း (၅၀) ကျော်ရဲ့ အနုပညာလက်ရာပေါင်း (၄၀) ကျော်ကိုလေ့လာစူးစမ်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
 

အိဇ္ဇဘီးရှင်းဖော်ပြချက်

/ရှိ

မြန်မာ့အနုပညာလောကရဲ့ ဗဟိုချက်ဖြစ်တဲ့ ရန်ကုန်မြို့ဟာ ဒီအိဇ္ဇဘီးရှင်းရဲ့နောက်ခံပိတ်ကားဖြစ်ပါတယ်။ ကပ်ရောဂါအပါအဝင် ဒေသတွင်းမှာရှိတဲ့အနုပညာအသိုင်းအဝိုင်းရဲ့ များမြောင်လှတဲ့ပြောင်းရွှေ့နေထိုင်မှုတွေနဲ့အတူ ကျနော်တို့က သဏ္ဌာန်ပြောင်းလာတဲ့ရန်ကုန်ကိုစောင့်ကြည့်လေ့လာနိုင်ခဲ့ပြီး အသွင်အသစ်တွေ၊ အခွင့်အလမ်းအသစ်တွေ၊ မေးခွန်းအသစ်တွေနဲ့တင်းမာမှုအသစ်တွေကို ဖော်ထုတ်တင်ပြလာနိုင်ခဲ့ပါတယ်။
“ရှိ” ဆိုတဲ့စကားလုံးက ရှိခြင်း နဲ့ တည်ရှိခြင်း ဆိုတဲ့အဓိပ္ပာယ်ကို စကားလုံးကိုယ်၌ကိုကဖွင့်ဆိုနေပါတယ်။ စကားလုံးရဲ့ ရိုးရှင်းမှုနဲ့နက်နဲမှုတွေကနေ တည်ရှိခြင်းက ဘယ်အရာကိုပြောပြချင်တယ်ဆိုတာကို လက်တွေ့ကျကျတွေးတောပြီး စဉ်ဆက်မပြတ်မှုနဲ့မေးခွန်းတွေကြားအထောက်အကူဖြစ်ဖို့ ကျူရေတိုရီရယ်အဖွဲ့ကိုတွန်းအားပေးခဲ့တယ်။
မြန်မာပြည်ကသူတွေအများမှာလည်း ကျောင်းနေစဉ်နေ့ရက်တွေတုန်းက “ရှိ” ဆိုပြီး ကျောင်းခေါ်ချိန်ထူးခဲ့ရတဲ့အတွေ့အကြုံကို ကွက်ကွက်ကွင်းကွင်းမှတ်မိနေမှာပါ။ 
“ရှိ” က တစ်ခြားစာလုံးတွေနဲ့ပေါင်းစပ်တဲ့အခါမှာလည်း အဓိပ္ပာယ်အသစ်တွေဖန်တီးနေပြန်တယ်။
တည် “ရှိ” 
ရောက် “ရှိ” 
ထွက် “ရှိ” 
တွေ့ “ရှိ” 
ရ “ရှိ”
လက် “ရှိ” 
“ရှိ” ဆိုတာ ရှိခြင်းတည်ရှိခြင်းတို့ကို အဓိပ္ပာယ်ဆောင်သလို /ရှိ ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီအိဇ္ဇဘီးရှင်းက ကျနော်တို့နေထိုင်တည်ရှိနေတဲ့ လူမှုပတ်ဝန်းကျင်နဲ့အနုပညာနေရာတွေကြားက အဆက်အသွယ်ပြတ်တောက်မှုတွေကို ပြန်လည်ချိတ်ဆက် ဆွေးနွေးဖို့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ 
ကျနော်တို့ကျူရေတိုရီရယ်အဖွဲ့ရဲ့စီစဥ်စဥ်းစားမှုတွေရယ်၊ /ရှိ မှာပါဝင်တဲ့အနုပညာရှင်များနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကတစ်ဆင့် “ရှိ” ဆိုတာဟာ အယူအဆနဲ့ဖြစ်တည်မှုကြားကအရေးပါတဲ့အငွေ့အသက်ဖြစ်တယ်ဆိုတာ နားလည်လာကြတယ်။
ဒါကြောင့် /ရှိ ဟာ စိန်ခေါ်မှုတစ်ခု 

  • နှစ်ရှည်လများထားရှိခဲ့တဲ့ ခံယူချက်တွေဖြစ်တဲ့ ပုံမှန်ဘတ်စ်ကားစီးသူတစ်ဦးရဲ့ အနုပညာအပေါ်ခံယူချက်တွေ အပြင် ပထဝီနိုင်ငံရေးအရ အရှေ့တောင်အာရှဒေသနဲ့ကမ္ဘာ့တောင်ပိုင်းဒေသဆွေးနွေးဖြစ်တည်မှုတွေမှာ အိမ်ဖြည့်ခံသာသာ ဖြစ်နေရတဲ့ မြန်မာနိုင်ငံရဲ့ဖြစ်တည်မှုကိုပြန်လည်သုံးသပ်ဖို့။ 
  • ပြီးတော့ ဖိတ်ကြားချက်တစ်ခု - မြန်မာပြည်မှာဆက်လက်တည်ရှိလည်ပတ်နေတဲ့ အနုပညာဂေဟစနစ်ရယ် ဒီပတ်ဝန်းကျင်ထဲက အနုပညာရှင်တွေနဲ့ယဉ်ကျေးမှုအနုပညာလုပ်သားတွေရဲ့ လုပ်ငန်းဆောင်တာတွေကို အရှိကိုအရှိအတိုင်း ကိုယ်တိုင်ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်ပါတယ်။ 

အနုပညာလက်ရာပြခန်း /ရှိ

အနုပညာလက်ရာပြခန်း ရှိ/ တွင် ရှိ/ အဇ္ဇဘီးရှင်း၏ Goethe-Institut မြန်မာ၊ Myanm/Art ၊ ကလသာ၊ လောကနတ်၊ ဒို့အိမ် (ဘိုကလေးဈေးလမ်း)၊ ဒို့အိမ် (၄၆ လမ်း)၊ အရသာခံ စသည့် ပြခန်းများရှိ အနုပညာရှင် (၅၀) ကျော်ရဲ့လက်ရာ (၄၀) ကျော်ကိုတွေ့မြင်နိုင်ပါသည်။
အနုပညာလက်ရာပြခန်း /ရှိ

  • Shi Exhibition Program ©Goethe-Institut Myanmar / Zune Ei Htet
  • Shi Exhibition Map ©Goethe-Institut Myanmar / Zune Ei Htet

ဒိုင်ယာရီ /ရှိ

/ရှိ အိဇ္ဇဘီးရှင်းတစ်လျှောက်မှ လှုပ်ရှားမှုပုံရိပ်များကို ဒိုင်ယာရီ /ရှိ စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။ /ရှိ အိဇ္ဇဘီးရှင်း တလျှောက် စိတ်ဝင်စားဖွယ်ခရီးတစ်ခုကိုလိုက်ပါကြည့်ပါ။ ထူးချွန်ပြောင်မြောက်သောအနုပညာရှင်များ၏လက်ရာများကို ကြည့်ရှုခံစားရင်း အနုပညာခံစားတင်ပြမှုများနှင့် ယဉ်ကျေးမှုကို စူးစမ်းရှာဖွေရင်း နစ်ဝင်ခံစားကြည့်ပါ။
ဒိုင်ယာရီ /ရှိ


မိတ်ဖက်အဖွဲ့များ

MYANM/ART ©MYANM/ART

Lokanat Galleries ©Lokanat Galleries

Kalasa Art Space ©Kalasa Art Space

Doh Eain ©Doh Eain

Ayathakan ©Ayathakan

Xenon Logo ©Xenon