“Schulen: Partner der Zukunft”

  • “Schools: Partners for the Future” (PASCH) initiative © Kai Uwe Oesterhellweg
  • “Schools: Partners for the Future” initiative © Kai Uwe Oesterhellweg
  • “Schools: Partners for the Future” initiative © PASCH-net
  • “Schools: Partners for the Future” initiative © Kai Uwe Oesterhellweg
  • “Schools: Partners for the Future” initiative © Keller
  • “Schools: Partners for the Future” initiative © PASCH-net
  • “Schools: Partners for the Future” initiative © Bernhard Ludewig

„Schulen: Partner der Zukunft” (PASCH) (ကျောင်းများ။ ။ အနာဂတ်အတွက် မိတ်ဖက်) အစီအစဥ်သည် ဂျာမနီနိုင်ငံနှင့် အထူးတလည် ဆက်နွယ်မှုရှိနေသော ကျောင်းပေါင်း ၂၀၀၀ ကျော်ကို စုစည်းချိတ်ဆက်ထားသည့် တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခု ဖြစ်ပါသည်။ နိုင်ငံပေါင်း ၁၀၀ ကျော်မှ နိုင်ငံအဆင့် ပညာရေးစနစ်အတွင်းရှိ PASCH ကျောင်းပေါင်း ၆၀၀ ၀န်းကျင်ကို Goethe-Institut မှ ကူညီပံ့ပိုးပေးနေပါသည်။

၂၀၀၈ ခုနှစ် ဖေဖော်၀ါရီလတွင် ဂျာမန်နိုင်ငံခြားရေးဌာနမှ „Schulen: Partner der Zukunft” (PASCH) (ကျောင်းများ။ ။ အနာဂတ်အတွက် မိတ်ဖက်) အစီအစဥ်ကို စတင်ခဲ့ပါသည်။ PASCH အစီအစဥ်ကို ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဌာနက စီစဥ်ဆောင်ရွက်ပြီး၊ နိုင်ငံရပ်ခြားကျောင်းများအတွက် ဗဟိုဌာန (Die Zentralstelle für das Auslandsschulwesen)၊ Goethe-Institut ၊ ဂျာမနီနိုင်ငံ ပညာရေးနှီးနှောဖလှယ်ခြင်းအစီအစဥ် (Deutscher Akademischer Austauschdienst, DAAD) ၊ တက္ကသိုလ်များနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ ကွန်ဖရင့် (Kultusministerkonferenz) ၏ ဘာသာရပ်ဆိုင်ရာ နှီးနှောဖလှယ်ခြင်းအစီအစဥ်တို့မှ အတူတကွ အကောင်အထည်ဖော်ပါသည်။

အဓိကရည်ရွယ်ချက်များနှင့် ပန်းတိုင်များ

PASCH သည် အောက်ဖော်ပြပါ ရည်ရွယ်ချက်လေးရပ်ဖြင့် လည်ပတ်နေပါသည်။
  • ပညာရေးကိုအခြေခံ၍ အခွင့်အလမ်းများပေါ်ပေါက်လာစေခြင်း
  • ဘာသာစကားပေါင်းစုံမှုကိုအခြေခံ၍ အတွေ့အကြုံနှင့်အမြင်ကျယ်လာစေခြင်း
  • ဘာသာစကား၊ ပညာရေးတို့ဖြင့် ပို၍နီးစပ်စေခြင်း
  • နိုင်ငံတကာသင်ကြားမှု အသိုင်းအ၀ိုင်းအနေဖြင့် အနာဂတ်စိန်ခေါ်မှုများကို အတူတကွ ဖြေရှင်းကျော်ဖြတ်ခြင်း