Goethe-Zertifikat B2

Eine junge Frau ballt vor Freude die Fäuste. © Getty Images

အသင်သည်

  • ဂျာမနီနိုင်ငံတွင် တက္ကသိုလ်တက်ရောက်ရန် ကြိုတင်ပြင်ဆင်လိုပါသလား
  • အလုပ်တစ်ခုလျှောက်ထားရာတွင် မိမိသည် ကျွမ်းကျင်အဆင့် ဂျာမန်ဘာသာစကားစွမ်းရည်များရှိကြောင်း သက်သေများပြလိုပါသလား
  • ဂျာမနီရှိ ဆေးပညာနယ်ပယ်တွင် အလုပ်တစ်ခုခုလုပ်ရန် ကြိုတင်ပြင်ဆင်လိုပါသလား
  • B2 အဆင့် ဂျာမန်ဘာသာစကားစွမ်းရည်များရှိကြောင်း သက်သေပြလိုပါသလား
  • တရားဝင် နိုင်ငံတကာမှ အသိအမှတ်ပြုသော စာမေးပွဲအောင်လက်မှတ်တစ်ခု အလိုရှိပါသလား။ 

Goethe-Zertifikat B2 စာမေးပွဲသည် ဆယ်ကျော်သက်လူငယ်များနှင့် အရွယ်ရောက်ပြီးသူများအတွက် ဂျာမန်ဘာသာစကား စာမေးပွဲတစ်ခု ဖြစ်ပါသည်။ ဤစာမေးပွဲသည် ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် အဆင့်ခြောက်ဆင့်တွင် စတုတ္ထမြောက်အဆင့်ဖြစ်သည့် B2 နှင့် ညီမျှပြီး အသင်သည် ဂျာမန်ဘာသာစကားကို အတော်အသင့် ကျွမ်းကျင်နေပြီဖြစ်ကြောင်း ဤစာမေးပွဲက အတည်ပြုထောက်ခံပေးပါသည်။

စာမေးပွဲဖြေဆိုအောင်မြင်ပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။

  • ပို၍တိကျသေချာပြီး ရှုပ်ထွေးသော အကြောင်းအရာအများအကြောင်း ရေးသားထားသည့် စာများ၏ အဓိကဆိုလိုရင်းကို နားလည်နိုင်ခြင်း၊ မိမိနှင့် သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်တွင် ဘာသာရပ်ဆိုင်ရာဆွေးနွေးချက်များကို နားလည်နိုင်ခြင်း။
  • ဂျာမန်လူမျိုးများနှင့် စကားပြောဆိုရာတွင် နှစ်ဦးနှစ်ဘက်လုံးအတွက် ကြီးမားသည့်အခက်အခဲများ (သို့) နားလည်မှုလွဲခြင်းများမဖြစ်စေဘဲ အဆင်ပြေချောမွေ့စွာ နားလည်ပြောဆိုနိုင်ခြင်း။
  • ကျယ်ပြန်သည့် အကြောင်းအရာများနှင့် ခေါင်းစဥ်များအကြောင်းကို ပြောဆိုရာတွင် ရှင်းရှင်းလင်းလင်းနှင့် အသေးစိတ်ကျကျ ပြောဆိုနိုင်ခြင်း။ အကြောင်းအရာတစ်ခုနှင့် ပတ်သက်၍ မိမိ၏ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုနိုင်ပြီး ဖြစ်နိုင်ချေရှိသည့် ကောင်းကျိုးဆိုးပြစ်များကို တင်ပြနိုင်ခြင်း။

ပိုမိုမြန်ဆန်လွယ်ကူတဲ့အွန်လိုင်းလျှောက်လွှာစနစ်

Sie können sich jetzt jederzeit und überall online zu unseren Deutschkursen anmelden. Erfahren Sie, wie einfach es ist, sich zu unseren Deutschkursen anzumelden. Die einzelnen Schritte zur Anmeldung haben wir für Sie in einer Bildergalerie zusammengestellt.

*) သင်သည် ပြီးခဲ့သည့် ခြောက်လအတွင်း Goethe-Institut တွင် ဂျာမန်သင်တန်းတက်ရောက်ခဲ့ပါက ဖော်ပြထားသည့် လျှော့စျေးသည် အကျုံးဝင်ပါသည်။ ခြောက်လဆိုသည်မှာ ဘာသာစကားသင်တန်းပြီးဆုံးချိန် နှင့် ဖြေဆိုမည့်စာမေးပွဲရက်စွဲကြားရှိ ကာလကို ရည်ညွှန်းပါသည်။ ဤအခြေအနေနှင့် အကျုံးဝင်ပါက၊ ကြိုတင်စာရင်းသွင်းခြင်းလုပ်ငန်းစဉ်အတွင်း စျေးနှုန်းသည် အလိုအလျောက်ပြောင်းလဲသွားမည်ဖြစ်ပါသည်။ ထိုသို့မဖြစ်ပါက သင်တက်ခဲ့သည့် သင်တန်းရုံးသို့ ဆက်သွယ်ပါ။

စာမေးပွဲအတွက် ပြင်ဆင်ခြင်း

လေ့ကျင့်ခန်းများ

ဤနေရာတွင် အွန်လိုင်းမှတစ်ဆင့် လေ့ကျင့်နိုင်သည့် အစမ်းစာမေးပွဲများနှင့် လေ့ကျင့်ခန်းများကို ရိုးရိုးပုံစံဖြင့်လည်းကောင်း၊ interactive ပုံစံဖြင့်လည်းကောင်း၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ သို့မဟုတ် ကျန်းမာရေးပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်ရှိသူများလည်း အသုံးပြုနိုင်သောပုံစံဖြင့်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ရရှိနိုင်ပါသည်။

အခြားသတင်းအချက်အလက်များ

Goethe-Zertifikat B2 အတွက် လိုအပ်ချက်များ၊ စာမေးပွဲအကြောင်းအရာများနှင့် အခြားသတင်းအချက်အလက်များကို ဤနေရာတွင် ရရှိနိုင်ပါသည်။