Goethe-Zertifikat C2: GDS

Eine junge Frau ballt vor Freude die Fäuste. Foto: Getty Images/Mario Castello

အသင်သည်

  • ဂျာမနီနိုင်ငံတွင် တက္ကသိုလ် တက်ရောက်လိုပါသလား သို့မဟုတ် သုတေသန လုပ်လိုပါသလား
  • ဂျာမနီတွင် ကျောင်းတစ်ကျောင်းတစ်ခုခု၌ ဆရာ၊ ဆရာမအဖြစ် အလုပ်လုပ်လိုပါသလား
  • အသင့်ထံတွင် C2 အဆင့်အထိ ဂျာမန်ဘာသာစကားစွမ်းရည်များရှိကြောင်း သက်သေပြလိုပါသလား
  • တရား၀င် နိုင်ငံတကာမှ အသိအမှတ်ပြုသည့် အောင်လက်မှတ်တစ်ခု ရရှိလိုပါသလား

Goethe-Zertifikat C2: Großes Deutsches Sprachdiplom (GDS) စာမေးပွဲသည် အရွယ်ရောက်ပြီးသူများအတွက် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။ အသင့်ထံတွင် ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် အဆင့်ခြောက်ဆင့်တွင် အမြင့်ဆုံးအဆင့်ဖြစ်သည့် C2 အဆင့်၊ အကျွမ်းကျင်ဆုံးအဆင့် ဘာသာစကားစွမ်းရည်များရှိကြောင်း ဤစာမေးပွဲက အတည်ပြုထောက်ခံပေးပါသည်။

စာမေးပွဲဖြေဆိုအောင်မြင်ပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။


  • ဂျာမန်ဘာသာစကားနှင့် ကြားသမျှ၊ ဖတ်ရသမျှ မည်သည့်အရာကိုမဆို အခက်အခဲမရှိ နားလည်နိုင်ခြင်း
  • ရေးသားထားသည့် (သို့) ပြောဆိုထားသည့် အမျိုးမျိုးသော အကြောင်းအရာများထဲမှ သတင်းအချက်အလက်များကို ထုတ်နုတ်အကျဥ်းချုပ်နိုင်ခြင်း။ ကျိုးကြောင်းသင့်လျော်သည့် အကြောင်းပြချက်များနှင့် ရှင်းလင်းချက်များ ကို အချိတ်အဆက်မိမိစွာဖြင့် ပေးနိုင်ခြင်း။
  • လျင်မြန်၊ ချောမွေ့၊ တိကျစွာ ဖော်ထုတ်ပြောဆိုနိုင်ခြင်း။ ခက်ခဲရှုပ်ထွေးသည့် ဘာသာရပ်အကြောင်းအရာများကို ပြေပြစ်သိမ်မွေ့ အသေးစိတ်ကျစွာ၊ တိတိကျကျ ထုတ်ဖော်ပြနိုင်ခြင်း။
Goethe-Zertifikat C2: Großes Deutsches Sprachdiplom အောင်လက်မှတ်ရှိပါက နိုင်ငံရပ်ခြားမှ ကျောင်းသူ၊ ကျောင်းသားများသည် ဂျာမနီတက္ကသိုလ်များတွင် ၀င်ခွင့်ရရှိနိုင်ပြီး နေရာအတော်များများတွင် ဂျာမန်ဘာသာစကားကို ဆရာ၊ ဆရာမအဖြစ် သင်ကြားပို့ချနိုင်သည့် ဘာသာစကား အရည်အချင်းစစ်လက်မှတ်အဖြစ် အကျူံးဝင်ပါသည်။
ဂျာမနီနိုင်ငံရှိ ပြည်နယ်များတွင် ဤစာမေးပွဲကို ဂျာမန်ဘာသာစကားအား ဆရာ၊ဆရာမအဖြစ် သင်ကြားပို့ချနိုင်သည့် အရည်အချင်းစစ်လက်မှတ်အဖြစ် အသိအမှတ်ပြုထားပါသည်။ ဤအကြောင်းအရာနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည်နယ်များ၏ ပညာရေးနှင့် ယဥ်ကျေးမှု၀န်ကြီးဌာန၊ ဆရာများ လေ့ကျင့်သင်ကြားရေးဌာန၊ ခရိုင်ကောင်စီနှင့် တက္ကသိုလ်ဆီးနိတ်တို့တွင် ရရှိနိုင်ပါသည်။
 
(၂၀၁၂)ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက်နေ့မှ စတင်ပြီး Goethe-Zertifikat C2: Großes Deutsches Sprachdiplom အောင်လက်မှတ်သည် Zentrale Oberstufenprüfung (ZOP), Kleines Deutsches Sprachdiplom (KDS), Großes Deutsches Sprachdiplom (GDS) စသည့် စာမေးပွဲသုံးခုကို အစားထိုးနေရာယူထားပါသည်။
 

ပိုမိုမြန်ဆန်လွယ်ကူတဲ့အွန်လိုင်းလျှောက်လွှာစနစ်

Sie können sich jetzt jederzeit und überall online zu unseren Deutschkursen anmelden. Erfahren Sie, wie einfach es ist, sich zu unseren Deutschkursen anzumelden. Die einzelnen Schritte zur Anmeldung haben wir für Sie in einer Bildergalerie zusammengestellt.

*) သင်သည် ပြီးခဲ့သည့် ခြောက်လအတွင်း Goethe-Institut တွင် ဂျာမန်သင်တန်းတက်ရောက်ခဲ့ပါက ဖော်ပြထားသည့် လျှော့စျေးသည် အကျုံးဝင်ပါသည်။ ခြောက်လဆိုသည်မှာ ဘာသာစကားသင်တန်းပြီးဆုံးချိန် နှင့် ဖြေဆိုမည့်စာမေးပွဲရက်စွဲကြားရှိ ကာလကို ရည်ညွှန်းပါသည်။ ဤအခြေအနေနှင့် အကျုံးဝင်ပါက၊ ကြိုတင်စာရင်းသွင်းခြင်းလုပ်ငန်းစဉ်အတွင်း စျေးနှုန်းသည် အလိုအလျောက်ပြောင်းလဲသွားမည်ဖြစ်ပါသည်။ ထိုသို့မဖြစ်ပါက သင်တက်ခဲ့သည့် သင်တန်းရုံးသို့ ဆက်သွယ်ပါ။

စာမေးပွဲအတွက် ပြင်ဆင်ခြင်း

လေ့ကျင့်ခန်းများ

ဤနေရာတွင် အွန်လိုင်းမှတစ်ဆင့် လေ့ကျင့်နိုင်သည့် အစမ်းစာမေးပွဲများနှင့် လေ့ကျင့်ခန်းများကို ရိုးရိုးပုံစံဖြင့်လည်းကောင်း၊ interactive ပုံစံဖြင့်လည်းကောင်း၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ သို့မဟုတ် ကျန်းမာရေးပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်ရှိသူများလည်း အသုံးပြုနိုင်သောပုံစံဖြင့်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ရရှိနိုင်ပါသည်။

အခြားသတင်းအချက်အလက်များ

Goethe-Zertifikat C2: Großes Deutsches Sprachdiplom (GDS) အတွက် လိုအပ်ချက်များ၊ စာမေးပွဲအကြောင်းအရာများနှင့် အခြားသတင်းအချက်အလက်များကို ဤနေရာတွင် ရရှိနိုင်ပါသည်။