အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

ပြိုင်ပွဲများနှင့်ပွဲအခမ်းအနားများ ဂျာမန်စာသင်ယူသူများအတွက်

ကျောင်းသား၊ ကျောင်းသူများကို စိတ်အားထက်သန်စွာ သင်ယူကြစေရန် လှုံ့ဆော်ပေးခြင်းသည် ဆရာ၊ ဆရာမတိုင်း၏ အရေးအကြီးဆုံးနှင့် တခါတရံ အခက်ခဲဆုံး လုပ်ငန်းတာ၀န်များထဲမှ တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် Goethe-Institut Myanmar သည် သင်၏ ကျောင်းသူ၊ ကျောင်းသားများအား ဂျာမန်ဘာသာစကားသင်ကြားရာတွင် ပိုမိုပျော်ရွှင်လာစေပြီး စိတ်အားတက်ကြွအောင် နှိုးဆော်ပေးနိုင်ရန်အတွက် အကူအညီဖြစ်စေမည့် ယဥ်ကျေးမှုဆိုင်ရာ ပွဲအခမ်းအနားများနှင့် ပြိုင်ပွဲများစွာကို စုစည်းတင်ဆက်ပေးထားပါသည်။

Lernberatung ©Goethe-Institut Myanmar

Lernberatung

ဂျာမန်စာသင်ယူနေရတာ အခက်အခဲတွေရှိနေပါသလား။ အတန်းထဲကအိမ်စာတွေလုပ်ရတာ အဆင်မပြေဖြစ်နေပါသလား။ မိမိတက်ရောက်နေတဲ့ level နဲ့ Self-study လုပ်ဖို့ ကိုက်ညီတဲ့ဘယ်လိုစာအုပ်၊ အခွေတွေငှားရမလဲ ခေါင်းရှုပ်နေပါသလား။ ဒီအခက်အခဲတွေကိုဖြေရှင်းပေးဖို့ „Lernberatung” ဆိုတဲ့အစီအစဉ်လေးကို Goethe-Institut Myanmar ရဲ့ဘာသာစကားဌာနနဲ့စာကြည့်တိုက်တို့မှပူးပေါင်းပြီး ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
 

DeutschCafè ©Goethe-Institut Myanmar

DeutschCafè

Goethe-Institut Myanmar ကဂျာမန်စာလေ့လာနေသူတွေအတွက် ပေါ့ပေါ့ပါးပါးစကားပြောလေ့ကျင့်ဖို့၊ German Native Speaker တွေ၊ Goethe-Institut မှာဂျာမန်စာသင်ကြားပေးနေတဲ့ အ‌ရည်အချင်းပြည့်မှီတဲ့ဆရာ/ဆရာမတွေနဲ့ရော အတွေးအမြင်တွေဖလှယ်နိုင်ဖို့ German Community လေးတစ်ခုဖန်တီးပေးချင်တဲ့ရည်ရွယ်ချက်နဲ့ DeutschCafè အစီအစဉ်လေးကို တစ်လတစ်ကြိမ်ပြုလုပ်ပေးနေပါပြီ။ တစ်လတစ်ခါပြုလုပ်သွားမဲ့ခေါင်းစဥ်အကြောင်းအရာတွေနဲ့ guestspeaker တွေက မတူညီဘဲစိတ်ဝင်စားဖို့ကောင်းပြီး ကော်ဖီနဲ့မုန့်လည်းကျွေးမှာဖြစ်လို့ အားလုံးကိုလာခဲ့ဖို့ကြိုဆိုပါတယ်။

Filmabend ©Goethe-Institut Myanmar

Filmabend

Goethe-Institut Myanmar မှာရုပ်ရှင်ကြည့်ပြီး ဂျာမန်စာ၊ ဂျာမန်ယဥ်ကျေးမှုနဲ့ရိုးရာဓလေ့တွေကိုလေ့လာချင်သူတွေအတွက် German Community လေးတစ်ခုဖန်တီးပေးချင်တဲ့ရည်ရွယ်ချက်နဲ့  Movie Night Filmabend ကို တစ်လတစ်ကြိမ်ပြုလုပ်ပေးနေပါပြီ။ တစ်လတစ်ခါပြသသွားမဲ့ရုပ်ရှင်တွေကမတူညီဘဲ ရသစုံစိတ်ဝင်စားဖွယ်ကောင်းကာ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်လို့ အားလုံးကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

Ich So Du So - Banner © von Zubinski / Animation: Groupe Dejour

Getting to know and love people and their peculiarities
Ich so du so

We celebrate diversity in our digital ICH SO DU SO project with students from Australia, Germany, Indonesia, Malaysia, Myanmar, New Zealand, The Philippines, Thailand, Singapore and Vietnam.