Logo Goethe-Institut

မြန်မာ

|

၁၀:၀၀-၁၇:၀၀

ဖရန့်ဇ် ကာ့ဖ်ကာ ကြေလွင့်ခြင်း နှစ် (၁၀၀) ပြည့် ယဉ်ကျေးမှုရက်သတ္တပတ် “Recalling Kafka”

Exhibition|၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက်ကနေ ဇူလိုင် ၆ ရက်အထိ ကျင်းပနေတဲ့ ကျွန်ုပ်တို့ရဲ့ “Recalling Kafka”ယဉ်ကျေးမှု ရက်သတ္တပတ်အစီအစဉ်ကိုလာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။

  • Goethe-Institut မြန်မာ, ရန်ကုန်၊

  • စျေးနှုန်း ဝင်ကြေး အခမဲ့

ဖရန့်ဇ် ကာ့ဖ်ကာ ကြေလွင့်ခြင်း နှစ် (၁၀၀) ပြည့် ယဉ်ကျေးမှုရက်သတ္တပတ် “Recalling Kafka” ©Goethe-Institut Myanmar

စာရေးဆရာ ဖရန့်ဇ် ကာ့ဖ်ကာ ကြေလွင့်ခြင်း နှစ် (၁၀၀) ပြည့် ယဉ်ကျေးမှုရက်သတ္တပတ် “Recalling Kafka” ကို Goethe-Institut Myanmar မှာ ကျင်းပနေပြီဖြစ်ပါတယ်။ ဖရန့်ဇ် ကာ့ဖ်ကာဆိုတာ ဂျာမန်စကားအသုံးပြုသူစာရေးဆရာတစ်ဦးဖြစ်ပြီး တလွဲတချော် လူ့အဖွဲ့အစည်းအကြောင်း ဖော်ပြမှုတွေ၊ တစ်စိမ့်စိမ့်တွေးရတဲ့ နက်နဲသိမ်မွေ့တဲ့ ရေးသားဟန်တွေ၊ အိပ်မက်နယ်လွန် ဇာတ်ကြောင်းတင်ဆက်မှုတွေကြောင့် ကမ္ဘာကျော်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကာ့ဖ်ကာဆုံးပါးခဲ့တာ နှစ်ပေါင်းကြာရှည်ခဲ့ပေမယ့် ဒီနေ့ထိ သူ့ကို အောက်မေ့သတိရသူတွေရှိနေဆဲပါ။

သင်ရော ကာ့ဖ်ကာကို အောက်မေ့သတိရသူတွေထဲက တစ်ဦးဖြစ်ပါသလား။

ဒါဆိုရင် ၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက်ကနေ ဇူလိုင် ၆ ရက်အထိ ကျင်းပနေတဲ့ ကျွန်ုပ်တို့ရဲ့ “Recalling Kafka”ယဉ်ကျေးမှု ရက်သတ္တပတ်အစီအစဉ်ကိုလာရောက်ဖို့ ဖိတ်ခေါ်ပါရစေ။ ဒီရက်သတ္တပတ်အစီအစဉ်အတွက် ဂျာမနီသံရုံး(ရန်ကုန်)က ပံ့ပိုးထားပြီး ချက်သမ္မတနိုင်ငံသံရုံး(ရန်ကုန်)နဲ့အတူ ပူးပေါင်းစီစဉ်သွားမှာပါ။

“Recalling Kafka” အစီအစဉ်အသေးစိတ်ကို ပုံထဲမှာ ကြည့်ရှုနိုင်ပါတယ်။