Logo Goethe-Institut

မြန်မာ

|

၁၃:၀၀-၁၅:၀၀

The Art of the Twist (Pipe Cleaner Artistry for Kids)

ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ် | ကလေးများနဲ့ လူငယ်များအတွက် အစီအစဉ်

  • စာကြည့်တိုက် , ရန်ကုန်၊

  • စျေးနှုန်း ဝင်ကြေးအခမဲ့

C & Y Program ©Goethe-Institut Myanmar

အသက် ၅ မှ ၈ နှစ်အရွယ်ကလေးများအတွက်  သြဂုတ်လတွင် ကျွန်ုပ်တို့စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဥ်မှ ကျင်းပမည့် ပျော်ရွှင်ဖွယ်ရာ  Pipe cleaner လက်မှုအတန်းလေးကို ဖိတ်ခေါ်ချင်ပါတယ်။  

Pipe cleaner များသည် လက်မှုပညာလုပ်ဆောင်ရာတွင် အများဆုံးအသုံးပြုသည့် အရောင်စုံလင်ပြီး ပျော့ပျောင်းသော ကြိုးမျိုးဖြစ်ပါတယ် ။ အလွယ်တကူကွေးနိုင်ကျုံ့နိုင်ကာ၊ ပုံစံအမျိုးမျိုးပြောင်းလဲဖန်တီးနိုင်တဲ့အတွက် စိတ်ကူးစိတ်သန်းများကိုဖန်တီးရန် အလွန်အဆင်ပြေပါတယ်။ Pipe cleaner များဖြင့် ချစ်စဖွယ်ကောင်းသော ပုံဖော်မှုလေးများဟာ ကလေးများအတွက် ပျော်ရွှင်မှုနှင့် တီထွင်ဉာဏ် တို့ကို တွဲဖက်ပေးနိုင်သော လှုပ်ရှားမှုတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီအစီအစဥ်လေးမှာ ပါ၀င်ရင်း ကလေးများအနေနဲ့ အရောင်အသွေးစုံလင်တဲ့ ကိုယ်ပိုင်လက်မှုလက်ရာလေးများကို ဖန်တီးစေကြည့်ပါနော်။ 

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ -   
♦အမည်  ♦ အသက် ♦ဖုန်းနံပါတ် တို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း  biblio-yangon@goethe.de မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။