အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Logo Goethe-Institut

မြန်မာ

Welcome©Goethe-Institut Myanmar

ဂျာမန်ဘာသာစကားသင်တန်းနှင့်စာမေးပွဲများမှ
ကျွန်ုပ်တို့ရဲ့သင်တန်းသား/သူများကိုကြိုဆိုပါတယ်။

ကျွန်ုပ်တို့ရဲ့ Welcome Kit လေးကိုတစ်ချက်ဝင်ကြည့်ပါ။ ဒီစာမျက်နှာလေးက သင့်အတွက် ဘာသာစကားသင်တန်းတွေ၊ စာမေးပွဲတွေ၊ စာကြည့်တိုက်နဲ့ ဂျာမန်ဘာသာစကားသင်ယူရာမှာအထောက်အကူဖြစ်စေမယ့် အပ်ပလီကေးရှင်းတွေနဲ့ဂိမ်းတွေအကြောင်း သတင်းအချက်အလက်တွေပေးထားပါတယ်။

သင်ယူရာနဲ့အတွေ့ကြုံသစ်တွေရှာဖွေရာမှာပျော်ရွှင်ပါစေ။


ဂျာမန်ဘာသာစကားသင်တန်းများ

ဂျာမန်ဘာသာစကားသင်တန်းများ © Goethe-Institut Myanmar / Paragon Cre8tive

အောက်တိုဘာလ
သင်တန်းအချိန်စာရင်းများ

စာရင်းပေးသွင်းရန်။   ။ ၃၀.၀၉.၂၀၂၄ - ၁၀.၁၀.၂၀၂၄
A1 မှ A2
ပုံမှန်သင်တန်း/အမြန်သင်တန်း
Online/In-Person
ဆက်သွယ်ရန် - info.language.mmr@goethe.de
 

Level A1 - C2 ©Goethe-Institut

ဘာသာစကားအဆင့်များ A1 - C2

ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင်အခြေခံထားပါသည်။

Online placement test ©Goethe-Institut

အွန်လိုင်းဘာသာစကားအဆင့်စစ်ဆေးခြင်းစာမေးပွဲ

ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ပထမဆုံးအကြိမ်တက်ရောက်ခြင်းဖြစ်ပါသလား။ ဘာသာစကားအဆင့်စစ်ဆေးခြင်းစာမေးပွဲကသင့်အတွက်မှန်ကန်သောသင်တန်းအဆင့်ကို လျှင်မြန်စွာရှာဖွေပေးနိုင်ပါသည်။


စာမေးပွဲများ

Exam ©Goethe-Institut Myanmar

အောက်တိုဘာလ
စာမေးပွဲအချိန်စာရင်း

စာရင်းပေးသွင်းကာလ - ၃၀.၀၉.၂၀၂၄ - ၀၁.၁၀.၂၀၂၄

Goethe-Zertifikat B2 - ၁၆.၁၀.၂၀၂၄
Goethe-Zertifikat B1 - ၃၀.၁၀.၂၀၂၄
Start Deutsch 1 - ၃၁.၁၀.၂၀၂၄
Fit in Deutsch 1 - ၃၁.၁၀.၂၀၂၄
Goethe-Zertifikat A2 - ၃၁.၁၀.၂၀၂၄
 

Zertifikat ©Goethe-Institut Myanmar

Goethe-Zertifikat စာမေးပွဲများ၏ A1-C2

Goethe-Institut မှဂျာမန်ဘာသာစကားစာမေးပွဲများသည် ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (CEFR) ၏အဆင့်သတ်မှတ်ချက်များနှင့်ကိုက်ညီပြီး အခြေခံအဆင့် A1 မှသည် အမြင့်ဆုံး အဆင့်မြင့်ဘာသာစကားသင်ယူသူများအတွက် C2 အဆင့်အထိရှိပါသည်။

FAQ ©Goethe-Institut Myanmar

အမေးများသောမေးခွန်းများ

ဤနေရာတွင်စားမေးပွဲများနှင့်ပတ်သက်၍အမေးများသောမေးခွန်းများကိုဖတ်ရှုနိုင်ပါသည်။


ဘာသာစကားသင်ယူလေ့လာသူများအတွက်အစီအစဉ်များ

Lernberatung ©Goethe-Institut Myanmar

ဇန်နဝါရီလ
သင်ယူမှုအကြံပေးခြင်း

ဂျာမန်စာသင်ယူနေရတာ အခက်အခဲတွေရှိနေပါသလား။ အတန်းထဲကအိမ်စာတွေလုပ်ရတာ အဆင်မပြေဖြစ်နေပါသလား။ မိမိတက်ရောက်နေတဲ့ level နဲ့ Self-study လုပ်ဖို့ ကိုက်ညီတဲ့ဘယ်လိုစာအုပ်၊ အခွေတွေငှားရမလဲ ခေါင်းရှုပ်နေပါသလား။ ဒီအခက်အခဲတွေကိုဖြေရှင်းပေးဖို့ „Lernberatung” ဆိုတဲ့အစီအစဉ်လေးကို Goethe-Institut Myanmar ရဲ့ဘာသာစကားဌာနနဲ့စာကြည့်တိုက်တို့မှပူးပေါင်းပြီး ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

နေ့ရက်။   ။အပတ်စဉ် ဗုဒ္ဓဟူးနေ့ (၁၀၊၀၁၊၂၀၂၄ / ၂၄၊၀၁၊၂၀၂၄)
အချိန်။   ။နေ့လည် (၂) နာရီမှ (၄) နာရီ
နေရာ။   ။ Goethe-Institut Myanmar စာကြည့်တိုက်
စာရင်းသွင်းရန်။   ။ biblio-yangon@goethe.de
 

DeutschCafè ©Goethe-Institut Myanmar

DeutschCafè

Goethe-Institut Myanmar ကဂျာမန်စာလေ့လာနေသူတွေအတွက် ပေါ့ပေါ့ပါးပါးစကားပြောလေ့ကျင့်ဖို့၊ German Native Speaker တွေ၊ Goethe-Institut မှာဂျာမန်စာသင်ကြားပေးနေတဲ့ အ‌ရည်အချင်းပြည့်မှီတဲ့ဆရာ/ဆရာမတွေနဲ့ရော အတွေးအမြင်တွေဖလှယ်နိုင်ဖို့ German Community လေးတစ်ခုဖန်တီးပေးချင်တဲ့ရည်ရွယ်ချက်နဲ့ DeutschCafè အစီအစဉ်လေးကို တစ်လတစ်ကြိမ်ပြုလုပ်ပေးနေပါပြီ။ တစ်လတစ်ခါပြုလုပ်သွားမဲ့ခေါင်းစဥ်အကြောင်းအရာတွေနဲ့ guestspeaker တွေက မတူညီဘဲစိတ်ဝင်စားဖို့ကောင်းပြီး ကော်ဖီနဲ့မုန့်လည်းကျွေးမှာဖြစ်လို့ အားလုံးကိုလာခဲ့ဖို့ကြိုဆိုပါတယ်။

Filmabend ©Goethe-Institut Myanmar

Filmabend

Goethe-Institut Myanmar မှာရုပ်ရှင်ကြည့်ပြီး ဂျာမန်စာ၊ ဂျာမန်ယဥ်ကျေးမှုနဲ့ရိုးရာဓလေ့တွေကိုလေ့လာချင်သူတွေအတွက် German Community လေးတစ်ခုဖန်တီးပေးချင်တဲ့ရည်ရွယ်ချက်နဲ့  Movie Night Filmabend ကို တစ်လတစ်ကြိမ်ပြုလုပ်ပေးနေပါပြီ။ တစ်လတစ်ခါပြသသွားမဲ့ရုပ်ရှင်တွေကမတူညီဘဲ ရသစုံစိတ်ဝင်စားဖွယ်ကောင်းကာ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်လို့ အားလုံးကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။


အွန်လိုင်းတွင်ဂျာမန်ဘာသာစကားလေ့ကျင့်ပါ

Deutchland App

ဂျာမန်စာသင်ယူရင်း ဂျာမနီနိုင်ငံအကြောင်းလေ့လာကြည့်ပါ။ ဤအပ်ပလီကေးရှင်းဖြင့် ကောင်းမွန်သော AR-Features နှင့်သင်ယူပါ။ ယခုပဲသင်၏ဖုန်းတွင် ဒေါင်းလုတ်ယူလိုက်ပါ။

လူငယ် ၇ ဦး အတူတကွရပ်နေပြီး ဖုန်း (သို့) Tablet ကို အတူကြည့်နေကြသည်။ Shutterstock.com, Rawpixel.com

သင်၏အွန်လိုင်းအသိုင်းအဝိုင်း
Deutsch für dich

အတူတကွဆိုလျှင်အရာများစွာ ပိုမိုလွယ်ကူပါတယ်။ ကျွန်ုပ်တို့၏အွန်လိုင်းအသိုင်းအဝိုင်းမှာ ဘာသာစကားအဆင့်အမျိုးမျိုးအတွက် အခမဲ့ ဂျာမန်စာလေ့ကျင့်ခန်းပေါင်း ၂၆၀ ကျော်ရှိပြီး သင်နဲ့အတူ ဂျာမန်ဘာသာစကားကို လေ့ကျင့်ပေးနိုင်မယ့်သူများစွာလည်းရှိပါတယ်။ ဒီနေရာမှာ ဒီလူတွေနဲ့ သိကျွမ်းကာ နှီးနှောဖလှယ်ပြီး အတူတကွ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်ပါတယ်။


စာကြည့်တိုက်ဝန်ဆောင်မှု

Library © Goethe-Institut Myanmar, © Matchless Production

ကျွန်ုပ်တို့၏စာကြည့်တိုက်တွင်ပြုလုပ်နိုင်သောအရာများ

စာကြည့်တိုက်တွင် ဂျာမန်ဘာသာစကားနှင့်ရော ဘာသာပြန်များပါ ငှားရမ်းနိုင်သောမီဒီယာများစွာရှိပါတယ်။ စာအုပ်များ၊ မဂ္ဂဇင်းများ၊ ရုပ်ရှင်များ၊ ဂီတ၊ အပ်ပလီကေးရှင်းများနှင့်ဂိမ်းများလည်းရှိပါတယ်။ Goethe-Institut တွင်ဘာသာစကားသင်တန်းတက်ရောက်သူများအတွက် အသင်းဝင်ကြေးမှာ သင်တန်းတက်ရောက်နေစဉ်အချိန်အတွင်း အခမဲ့ဖြစ်ပါတယ်။ ဂျာမနီအကြောင်းကိုပိုမိုသိရှိရန်နှင့် အခြားသောလက်ရှိဖြစ်ရပ်အကြောင်းအရာများကို ပို၍ရှာဖွေနိုင်ပါတယ်။

Onleihe May ©Goethe-Institut

အချိန်တိုင်း နေရာတိုင်း အခမဲ့
ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “Onleihe” မှာတော့ ဂျာမန်ဘာသာစကားနဲ့ ဖော်ပြထားတဲ့ မီဒီယာပေါင်းသုံးသောင်းငါးထောင်ကျော်ကို ဒေါင်းလုပ်ဒ်ဆွဲအသုံးပြုနိုင်ရန် အဆင်သင့်ထားရှိထားပါတယ်။ အချိန်တိုင်း၊ နေရာတိုင်းမှာ အခမဲ့အသုံးပြုနိုင်တဲ့ဂျာမန်အွန်လိုင်းစာကြည့်တိုက်ကို အခုပဲစတင်အသုံးပြုလိုက်ပါ။
 

BibToGo: Bibliothek - App © Goethe-Institut Indonesien

The digital library card of the Goethe-Institut
BIBTOGO

BibToGo သည် Goethe-Institut စာကြည့်တိုက်အပ်ပလီကေးရှင်းနှင့်ကိုယ်ပိုင်စာကြည့်တိုက်အကောင့်ဖြစ်ပါတယ်။ သင်လိုအပ်သည့်မည်သည့်အချိန်တွင်မဆို ကျွန်ုပ်တို့၏မီဒီယာနှင့်ဝန်ဆောင်မှုများကို လက်လှမ်းမီစေပါတယ်။ BibToGo ကိုသင့်ရဲ့ဖုန်းတွင်ယခုပဲဒေါင်းလုတ်လုပ်ပြီး ကျွန်ုပ်တို့၏စာကြည့်တိုက်တစ်ခုလုံးကိုသင့်ရဲ့အိတ်ကပ်ထဲတွင်သယ်ယူသွားနိုင်ပါပြီ။
 


ကျွန်ုပ်တို့ထံလာရောက်လည်ပတ်ပါ။

Goethe-Institut Myanmar ©Goethe-Institut Myanmar

Goethe-Institut မြန်မာ

ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160

စာမေးပွဲနှင့်ဘာသာစကားသင်တန်းများစာရင်းပေးသွင်းခြင်း © Goethe-Institut Myanmar, © Matchless Production

ကျောင်းသားရေးရာရုံးဖွင့်ချိန်များ

နင်္လာ-ကြာသပတေး နှင့် စနေ
မနက် (၁၁) နာရီ မှ ညနေ (၄) နာရီ

Library ©Goethe-Institut Myanmar

စာကြည့်တိုက်ဖွင့်ချိန်များ

တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊
သောကြာ၊ စနေ၊ တနင်္ဂနွေ
မနက် (၉း၃၀) မှ ညနေ (၅း၀၀) နာရီအထိ
*ကြာသပတေးနေ့နှင့် အများပြည်သူရုံးပိတ်ရက်များတွင် စာကြည့်တိုက်ပိတ်ပါသည်။*


Stay connected!

Social media ©Goethe-Institut Myanmar

ကျွန်ုပ်တို့ကိုဆိုရှယ်မီဒီယာများတွင် follow ထားပါ။

ကျွန်ုပ်တို့၏နောက်ဆုံးရသတင်းများ၊ အခြေအနေများနှင့် လှုပ်ရှားမှုဗီဒီယိုများကိုသိရှိနိုင်ရန် ကျွန်ုပ်တို့၏ ဆိုရှယ်မီဒီယာချန်နယ်များ Facebook, Instagram နှင့် Telegram တို့တွင် follow ထားပါ။

Newsletter ©Goethe-Institut Myanmar

Goethe-Institut မြန်မာသတင်းလွှာ

Goethe-Institut မြန်မာရဲ့ယဉ်ကျေးမှုပွဲအခမ်းအနားတွေအကြောင်း အချိန်နဲ့တပြေးညီ သတင်းအချက်အလက်များရယူလိုပါသလား။ ကျွန်ုပ်တို့ရဲ့သတင်းလွှာကို ရယူဖို့စာရင်းပေးသွင်းလိုက်ပါ။

Feedback

ဘာသာစကားဌာနသို့ feedback များ၊ မေးခွန်းများပေးပို့လိုပါက အီးမေးလ်ပို့၍ဖြစ်စေ၊ ဖုန်းခေါ်၍ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။ 
+၉၅ ၁ ၉၃၇၆၁၆၀
info.language.mmr@goethe.de