အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Logo Goethe-Institut

မြန်မာ

Welcome©Goethe-Institut Myanmar

ဂျာမန်ဘာသာစကားသင်တန်းနှင့်စာမေးပွဲများမှ
ကျွန်ုပ်တို့ရဲ့သင်တန်းသား/သူများကိုကြိုဆိုပါတယ်။

ကျွန်ုပ်တို့ရဲ့ Welcome Kit လေးကိုတစ်ချက်ဝင်ကြည့်ပါ။ ဒီစာမျက်နှာလေးက သင့်အတွက် ဘာသာစကားသင်တန်းတွေ၊ စာမေးပွဲတွေ၊ စာကြည့်တိုက်နဲ့ ဂျာမန်ဘာသာစကားသင်ယူရာမှာအထောက်အကူဖြစ်စေမယ့် အပ်ပလီကေးရှင်းတွေနဲ့ဂိမ်းတွေအကြောင်း သတင်းအချက်အလက်တွေပေးထားပါတယ်။

သင်ယူရာနဲ့အတွေ့ကြုံသစ်တွေရှာဖွေရာမှာပျော်ရွှင်ပါစေ။


ဂျာမန်ဘာသာစကားသင်တန်းများ

ဂျာမန်ဘာသာစကားသင်တန်းများ © Goethe-Institut Myanmar / Paragon Cre8tive

အောက်တိုဘာလ
သင်တန်းအချိန်စာရင်းများ

စာရင်းပေးသွင်းရန်။   ။ ၃၀.၀၉.၂၀၂၄ - ၁၀.၁၀.၂၀၂၄
A1 မှ A2
ပုံမှန်သင်တန်း/အမြန်သင်တန်း
Online/In-Person
ဆက်သွယ်ရန် - info.language.mmr@goethe.de
 

Level A1 - C2 ©Goethe-Institut

ဘာသာစကားအဆင့်များ A1 - C2

ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင်အခြေခံထားပါသည်။

Online placement test ©Goethe-Institut

အွန်လိုင်းဘာသာစကားအဆင့်စစ်ဆေးခြင်းစာမေးပွဲ

ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ပထမဆုံးအကြိမ်တက်ရောက်ခြင်းဖြစ်ပါသလား။ ဘာသာစကားအဆင့်စစ်ဆေးခြင်းစာမေးပွဲကသင့်အတွက်မှန်ကန်သောသင်တန်းအဆင့်ကို လျှင်မြန်စွာရှာဖွေပေးနိုင်ပါသည်။


စာမေးပွဲများ

Exam ©Goethe-Institut Myanmar

အောက်တိုဘာလ
စာမေးပွဲအချိန်စာရင်း

စာရင်းပေးသွင်းကာလ - ၃၀.၀၉.၂၀၂၄ - ၀၁.၁၀.၂၀၂၄

Goethe-Zertifikat B2 - ၁၆.၁၀.၂၀၂၄
Goethe-Zertifikat B1 - ၃၀.၁၀.၂၀၂၄
Start Deutsch 1 - ၃၁.၁၀.၂၀၂၄
Fit in Deutsch 1 - ၃၁.၁၀.၂၀၂၄
Goethe-Zertifikat A2 - ၃၁.၁၀.၂၀၂၄
 

Zertifikat ©Goethe-Institut Myanmar

Goethe-Zertifikat စာမေးပွဲများ၏ A1-C2

Goethe-Institut မှဂျာမန်ဘာသာစကားစာမေးပွဲများသည် ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (CEFR) ၏အဆင့်သတ်မှတ်ချက်များနှင့်ကိုက်ညီပြီး အခြေခံအဆင့် A1 မှသည် အမြင့်ဆုံး အဆင့်မြင့်ဘာသာစကားသင်ယူသူများအတွက် C2 အဆင့်အထိရှိပါသည်။

FAQ ©Goethe-Institut Myanmar

အမေးများသောမေးခွန်းများ

ဤနေရာတွင်စားမေးပွဲများနှင့်ပတ်သက်၍အမေးများသောမေးခွန်းများကိုဖတ်ရှုနိုင်ပါသည်။


ဘာသာစကားသင်ယူလေ့လာသူများအတွက်အစီအစဉ်များ

Lernberatung ©Goethe-Institut Myanmar

ဇန်နဝါရီလ
သင်ယူမှုအကြံပေးခြင်း

ဂျာမန်စာသင်ယူနေရတာ အခက်အခဲတွေရှိနေပါသလား။ အတန်းထဲကအိမ်စာတွေလုပ်ရတာ အဆင်မပြေဖြစ်နေပါသလား။ မိမိတက်ရောက်နေတဲ့ level နဲ့ Self-study လုပ်ဖို့ ကိုက်ညီတဲ့ဘယ်လိုစာအုပ်၊ အခွေတွေငှားရမလဲ ခေါင်းရှုပ်နေပါသလား။ ဒီအခက်အခဲတွေကိုဖြေရှင်းပေးဖို့ „Lernberatung” ဆိုတဲ့အစီအစဉ်လေးကို Goethe-Institut Myanmar ရဲ့ဘာသာစကားဌာနနဲ့စာကြည့်တိုက်တို့မှပူးပေါင်းပြီး ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

နေ့ရက်။   ။အပတ်စဉ် ဗုဒ္ဓဟူးနေ့ (၁၀၊၀၁၊၂၀၂၄ / ၂၄၊၀၁၊၂၀၂၄)
အချိန်။   ။နေ့လည် (၂) နာရီမှ (၄) နာရီ
နေရာ။   ။ Goethe-Institut Myanmar စာကြည့်တိုက်
စာရင်းသွင်းရန်။   ။ biblio-yangon@goethe.de
 

DeutschCafè ©Goethe-Institut Myanmar

DeutschCafè

Goethe-Institut Myanmar ကဂျာမန်စာလေ့လာနေသူတွေအတွက် ပေါ့ပေါ့ပါးပါးစကားပြောလေ့ကျင့်ဖို့၊ German Native Speaker တွေ၊ Goethe-Institut မှာဂျာမန်စာသင်ကြားပေးနေတဲ့ အ‌ရည်အချင်းပြည့်မှီတဲ့ဆရာ/ဆရာမတွေနဲ့ရော အတွေးအမြင်တွေဖလှယ်နိုင်ဖို့ German Community လေးတစ်ခုဖန်တီးပေးချင်တဲ့ရည်ရွယ်ချက်နဲ့ DeutschCafè အစီအစဉ်လေးကို တစ်လတစ်ကြိမ်ပြုလုပ်ပေးနေပါပြီ။ တစ်လတစ်ခါပြုလုပ်သွားမဲ့ခေါင်းစဥ်အကြောင်းအရာတွေနဲ့ guestspeaker တွေက မတူညီဘဲစိတ်ဝင်စားဖို့ကောင်းပြီး ကော်ဖီနဲ့မုန့်လည်းကျွေးမှာဖြစ်လို့ အားလုံးကိုလာခဲ့ဖို့ကြိုဆိုပါတယ်။

Filmabend ©Goethe-Institut Myanmar

Filmabend

Goethe-Institut Myanmar မှာရုပ်ရှင်ကြည့်ပြီး ဂျာမန်စာ၊ ဂျာမန်ယဥ်ကျေးမှုနဲ့ရိုးရာဓလေ့တွေကိုလေ့လာချင်သူတွေအတွက် German Community လေးတစ်ခုဖန်တီးပေးချင်တဲ့ရည်ရွယ်ချက်နဲ့  Movie Night Filmabend ကို တစ်လတစ်ကြိမ်ပြုလုပ်ပေးနေပါပြီ။ တစ်လတစ်ခါပြသသွားမဲ့ရုပ်ရှင်တွေကမတူညီဘဲ ရသစုံစိတ်ဝင်စားဖွယ်ကောင်းကာ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်လို့ အားလုံးကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။


အွန်လိုင်းတွင်ဂျာမန်ဘာသာစကားလေ့ကျင့်ပါ

Deutchland App

ဂျာမန်စာသင်ယူရင်း ဂျာမနီနိုင်ငံအကြောင်းလေ့လာကြည့်ပါ။ ဤအပ်ပလီကေးရှင်းဖြင့် ကောင်းမွန်သော AR-Features နှင့်သင်ယူပါ။ ယခုပဲသင်၏ဖုန်းတွင် ဒေါင်းလုတ်ယူလိုက်ပါ။


စာကြည့်တိုက်ဝန်ဆောင်မှု

Library © Goethe-Institut Myanmar, © Matchless Production

ကျွန်ုပ်တို့၏စာကြည့်တိုက်တွင်ပြုလုပ်နိုင်သောအရာများ

စာကြည့်တိုက်တွင် ဂျာမန်ဘာသာစကားနှင့်ရော ဘာသာပြန်များပါ ငှားရမ်းနိုင်သောမီဒီယာများစွာရှိပါတယ်။ စာအုပ်များ၊ မဂ္ဂဇင်းများ၊ ရုပ်ရှင်များ၊ ဂီတ၊ အပ်ပလီကေးရှင်းများနှင့်ဂိမ်းများလည်းရှိပါတယ်။ Goethe-Institut တွင်ဘာသာစကားသင်တန်းတက်ရောက်သူများအတွက် အသင်းဝင်ကြေးမှာ သင်တန်းတက်ရောက်နေစဉ်အချိန်အတွင်း အခမဲ့ဖြစ်ပါတယ်။ ဂျာမနီအကြောင်းကိုပိုမိုသိရှိရန်နှင့် အခြားသောလက်ရှိဖြစ်ရပ်အကြောင်းအရာများကို ပို၍ရှာဖွေနိုင်ပါတယ်။

Onleihe May ©Goethe-Institut

အချိန်တိုင်း နေရာတိုင်း အခမဲ့
ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “Onleihe” မှာတော့ ဂျာမန်ဘာသာစကားနဲ့ ဖော်ပြထားတဲ့ မီဒီယာပေါင်းသုံးသောင်းငါးထောင်ကျော်ကို ဒေါင်းလုပ်ဒ်ဆွဲအသုံးပြုနိုင်ရန် အဆင်သင့်ထားရှိထားပါတယ်။ အချိန်တိုင်း၊ နေရာတိုင်းမှာ အခမဲ့အသုံးပြုနိုင်တဲ့ဂျာမန်အွန်လိုင်းစာကြည့်တိုက်ကို အခုပဲစတင်အသုံးပြုလိုက်ပါ။
 

BibToGo: Bibliothek - App © Goethe-Institut Indonesien

The digital library card of the Goethe-Institut
BIBTOGO

BibToGo သည် Goethe-Institut စာကြည့်တိုက်အပ်ပလီကေးရှင်းနှင့်ကိုယ်ပိုင်စာကြည့်တိုက်အကောင့်ဖြစ်ပါတယ်။ သင်လိုအပ်သည့်မည်သည့်အချိန်တွင်မဆို ကျွန်ုပ်တို့၏မီဒီယာနှင့်ဝန်ဆောင်မှုများကို လက်လှမ်းမီစေပါတယ်။ BibToGo ကိုသင့်ရဲ့ဖုန်းတွင်ယခုပဲဒေါင်းလုတ်လုပ်ပြီး ကျွန်ုပ်တို့၏စာကြည့်တိုက်တစ်ခုလုံးကိုသင့်ရဲ့အိတ်ကပ်ထဲတွင်သယ်ယူသွားနိုင်ပါပြီ။
 


ကျွန်ုပ်တို့ထံလာရောက်လည်ပတ်ပါ။

Goethe-Institut Myanmar ©Goethe-Institut Myanmar

Goethe-Institut မြန်မာ

ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160

စာမေးပွဲနှင့်ဘာသာစကားသင်တန်းများစာရင်းပေးသွင်းခြင်း © Goethe-Institut Myanmar, © Matchless Production

ကျောင်းသားရေးရာရုံးဖွင့်ချိန်များ

နင်္လာ-ကြာသပတေး နှင့် စနေ
မနက် (၁၁) နာရီ မှ ညနေ (၄) နာရီ

Library ©Goethe-Institut Myanmar

စာကြည့်တိုက်ဖွင့်ချိန်များ

တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊
သောကြာ၊ စနေ၊ တနင်္ဂနွေ
မနက် (၉း၃၀) မှ ညနေ (၅း၀၀) နာရီအထိ
*ကြာသပတေးနေ့နှင့် အများပြည်သူရုံးပိတ်ရက်များတွင် စာကြည့်တိုက်ပိတ်ပါသည်။*


Stay connected!

Social media ©Goethe-Institut Myanmar

ကျွန်ုပ်တို့ကိုဆိုရှယ်မီဒီယာများတွင် follow ထားပါ။

ကျွန်ုပ်တို့၏နောက်ဆုံးရသတင်းများ၊ အခြေအနေများနှင့် လှုပ်ရှားမှုဗီဒီယိုများကိုသိရှိနိုင်ရန် ကျွန်ုပ်တို့၏ ဆိုရှယ်မီဒီယာချန်နယ်များ Facebook, Instagram နှင့် Telegram တို့တွင် follow ထားပါ။

Newsletter ©Goethe-Institut Myanmar

Goethe-Institut မြန်မာသတင်းလွှာ

Goethe-Institut မြန်မာရဲ့ယဉ်ကျေးမှုပွဲအခမ်းအနားတွေအကြောင်း အချိန်နဲ့တပြေးညီ သတင်းအချက်အလက်များရယူလိုပါသလား။ ကျွန်ုပ်တို့ရဲ့သတင်းလွှာကို ရယူဖို့စာရင်းပေးသွင်းလိုက်ပါ။

Feedback

ဘာသာစကားဌာနသို့ feedback များ၊ မေးခွန်းများပေးပို့လိုပါက အီးမေးလ်ပို့၍ဖြစ်စေ၊ ဖုန်းခေါ်၍ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။ 
+၉၅ ၁ ၉၃၇၆၁၆၀
info.language.mmr@goethe.de