Logo Goethe-Institut

မြန်မာ

|

၁၆:၀၀-၁၇:၃၀

Block-Based Coding Trial Workshop

Tech-Try Out Program | 18.09.2025

  • စာကြည့်တိုက် , ရန်ကုန်၊

Block-Based Coding Trial Workshop ©Goethe-Institut Myanmar

ကျွန်ုပ်တို့စာကြည့်တိုက်ရှိ ကလေးနှင့်လူငယ်အစီအစဥ်၏ Tech Try Out Program မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ သြဂုတ်လတွင် နည်းပညာကိုစိတ်၀င်စားကြသောကလေးငယ်များအတွက် အသက်အရွယ်အုပ်စုနှစ်ခုခွဲ၍ 3D Modelling and Design Trial Workshop ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီတစ်‌ခေါက်မှာတော့ ကွန်ပြူတာကို ထိန်းချုပ်ခိုင်းစေဆက်သွယ်နိုင်ဖို့ လူနဲ့ computer ကြား  အသုံးပြုသည့်ဘာသာစကားတစ်ခု ဖြစ်တဲ့ Block-Based Coding ကို လက်တွေ့လေ့လာနိုင်မှာဖြစ်ပါတယ်။  

ယခု ပြုလုပ်မယ့် Trial Workshop ကို CIY.Club Myanmar မှ ဦးဆောင်သွားမှာဖြစ််ပြီး စက်တင်ဘာလ (၁၈)၊ ၂၀၂၅ တွင် ကျင်းပမှာဖြစ်ပါတယ်။ ဒီအစီအစဥ်လေးကို အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ်လူငယ်များပါ၀င်နိုင်မှာဖြစ်ပြီး Trial Workshop  ဖြစ်တာကြောင့် ကွန်ပျူတာအ‌ခြေခံမရှိလည်း သင်ယူလို့ရပါတယ်။

Block coding ဆိုတာကဘာလဲ?
Block coding ဆိုတာ အခြေခံအကျဆုံး ကွန်ပြူတာပရိုဂရမ်ရေးနည်း ဖြစ်ပါတယ်။ စာသားအခြေခံကုဒ်ကို (စာသား)များကို မြင်သာသောဘလောက်များ အဖြစ်သို့ ပြောင်းလဲ‌ပေးခြင်းပါပဲ။ ကုဒ်တွေကို စတင်လေ့လာချိန်မှာ coding ရဲ့ အခြေခံတွေကို နားလည်ဖို့ ကလေးတွေ သဘောကျစေမယ့် ရိုးရှင်းလွယ်ကူတဲ့ ပုံစံမျိုးလေးတွေနဲ့ သင်ရတာပါ။

ဘာကြောင့် coding ကို လေ့လာသင့်တာလဲ ?
Computer ၊ mobile phone မှသည် ယနေ့ ကမ္ဘာကြီးရဲ့ အရွေ့မှာ အရေးအပါဆုံးဖြစ်တဲ့ အင်တာနက်ကွန်ယက် နှင့် အာကာသယာဥ်များအထိ universal language ဖြစ်တဲ့ coding နဲ့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်သင့်ကလေးကို နည်းပညာအကြောင်း မသိမဖြစ်ရလေအောင် ရိုးရှင်းပြီး ခေတ်မီတဲ့ Block-Based coding ကို သင့်ကလေးကို ထိတွေ့လေ့လာစေလိုက်ပါနော်။

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ -   
♦အမည်   ♦အသက်  ♦ဖုန်းနံပါတ် တို့ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း  biblio-yangon@goethe.de မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။