Goethe-Zertifikat C1

အသင်သည်

  • ဂျာမနီနိုင်ငံတွင် တက္ကသိုလ်တက်ရောက်ရန် ကြိုတင်ပြင်ဆင်လိုပါသလား
  • အလုပ်အကိုင်အတွက် မိမိထံတွင် အလွန်ကျွမ်းကျင်အဆင့် ဂျာမန်ဘာသာစကားစွမ်းရည်များရှိကြောင်း သက်သေပြလိုပါသလား
  • ဂျာမနီရှိ ဆေးပညာနယ်ပယ်တွင် အလုပ်တစ်ခုခု လုပ်ကိုင်ရန် ကြိုတင်ပြင်ဆင်လိုပါသလား
  • သင့်တွင် C1 အဆင့် ဂျာမန်ဘာသာစကားစွမ်းရည်များရှိကြောင်း သက်သေပြလိုပါသလား
  • တရား၀င် နိုင်ငံတကာမှ အသိအမှတ်ပြုသော စာမေးပွဲအောင်လက်မှတ်တစ်ခု ရရှိလိုပါသလား

Goethe-Zertifikat C1 စာမေးပွဲသည် အရွယ်ရောက်ပြီးသူများအတွက် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။ ဤစာမေးပွဲသည် ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် အဆင့်ခြောက်ဆင့်တွင် ပဉ္စမမြောက်အဆင့်ဖြစ်သည့် C1 နှင့် ညီမျှပြီး အသင်သည် ဂျာမန်ဘာသာစကားကို အလွန်ကျွမ်းကျင်အဆင့်အထိ ဘာသာစကားစွမ်းရည်များရှိကြောင်း ဤစာမေးပွဲက အတည်ပြုထောက်ခံပေးပါသည်။ 

စာမေးပွဲဖြေဆိုအောင်မြင်ပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။

  • ခက်ခဲ၊ ရှည်လျားပြီး သွယ်၀ိုက်သော အဓိပ္ပါယ်များပါဝင်သည့် စာအများအပြားကို နားလည်သဘောပေါက်နိုင်ခြင်း။
  • ဘာသာစကားပြောဆိုသုံးနှုံးရာတွင် စကားလုံးများကို စဥ်းစားရှာဖွေနေစရာမလိုဘဲ လျင်မြန်ချောမွေ့စွာ ပြောဆိုသုံးနှုံးနိုင်ခြင်း။
  • အလုပ်၊ လူမှုပတ်၀န်းကျင်၊ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုခုသင်ယူရာတွင် သို့မဟုတ် တက္ကသိုလ်ပညာသင်ယူရာတွင် ဘာသာစကားကို အကျိုးဖြစ်ထွန်းစွာဖြင့် အဆင်ပြေချောမွေ့စွာ အသုံးချနိုင်ခြင်း။
  • ခက်ခဲရှုပ်ထွေးသည့် အကြောင်းအရာများကို ရှင်းလင်း၊ စနစ်ကျ၊ အသေးစိတ်ကျနစွာ ပြောဆိုနိုင်ခြင်း။
  • Goethe-Zertifikats C1 အောင်လက်မှတ်ရှိပါက တက္ကသိုလ်များတွင် ၀င်ခွင့်စာမေးပွဲဖြေဆိုရာ၌ အခြားသော ဘာသာစကားစာမေးပွဲဖြေဆိုရခြင်းမှ ကင်းလွတ်ခွင့်ရှိမရှိနှင့်ပတ်သက်၍ အသင်တက်ရောက်လိုသည့် တက္ကသိုလ် (သို့) Studienkolleg တွင် ကျောင်းစတင်မတက်ရောက်ခင်ကတည်းက ကြိုတင်စုံစမ်းမေးမြန်းထားပါ။

စာမေးပွဲအတွက် ပြင်ဆင်ခြင်း

လေ့ကျင့်ခန်းများ

ဤနေရာတွင် အွန်လိုင်းမှတစ်ဆင့် လေ့ကျင့်နိုင်သည့် အစမ်းစာမေးပွဲများနှင့် လေ့ကျင့်ခန်းများကို ရိုးရိုးပုံစံဖြင့်လည်းကောင်း၊ interactive ပုံစံဖြင့်လည်းကောင်း၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ သို့မဟုတ် ကျန်းမာရေးပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်ရှိသူများလည်း အသုံးပြုနိုင်သောပုံစံဖြင့်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ရရှိနိုင်ပါသည်။

အခြားသတင်းအချက်အလက်များ

Goethe-Zertifikat C1 အတွက် လိုအပ်ချက်များ၊ စာမေးပွဲအကြောင်းအရာများနှင့် အခြားသတင်းအချက်အလက်များကို ဤနေရာတွင် ရရှိနိုင်ပါသည်။