ပြန်လည်ချိတ်ဆက် ၂၀၂၀

Reconnect © Goethe-Institut Myanmar

(၂၀၂၀) ခုနှစ်၊ ဇူလိုင်လတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းများရပ်တန့်နေရသော ယဥ်ကျေးမှုနယ်ပယ်မှ လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ပြန်လည်ချိတ်ဆက်ရန်အတွက် ပြန်လည်ချိတ်ဆက် (၂၀၂၀) အစီအစဉ်ကို Goethe-Institut မြန်မာမှမိတ်ဆက်ပြီး အားလုံးကိုဖိတ်ခေါ်ခဲ့ပါတယ်။ ပြန်လည်ချိတ်ဆက် (၂၀၂၀) ယဉ်ကျေးမှုအစီအစဉ်အတွက် လျှောက်လွှာပေါင်း (၁၈၀) နီးပါးလက်ခံရရှိခဲ့ပြီး လျှောက်ထားမှုများအားလုံးမှ (၂၀၂၀) ခုနှစ်အတွက် စီမံကိန်း (၂၀) ခု နှင့် (၂၀၂၁) ခုနှစ်အတွက် စီမံကိန်း (၂၀) ကို Goethe-Institut မှ ထောက်ပံ့ပေးခဲ့ပါသည်။

  • ရုပ်ရှင် (Film)
  • ပြဇာတ် (Theater)
  • အက (Dance)
  • ပါဖောင်းမန့်အတ် (Performance Art)
  • ဂီတ (Music)
  • အမြင်ဆိုင်ရာအနုပညာ (Visual Art)
  • ကဗျာ (Poetry)
  • ဓါတ်ပုံ (Photography)
  • စာပေဆိုင်ရာပညာရေး (Literary Education)
  • စာအုပ်ထုတ်ဝေရေး (Book Production)

အစရှိသည့်နယ်ပယ်အသီးသီးမှ စီမံကိန်းများလုပ်ဆောင်ရန်အတွက် ပံ့ပိုးပေးခဲ့ပါသည်။ 

ရွေးချယ်ခံရသောစီမံကိန်းများမှ အချို့ကိုစုစည်းပြီး (၂၀၂၂) ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့မှ (၂၀၂၃) ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့အထိ (၄၄) ရက်ကြာ အိဇ္ဇဘီးရှင်းတစ်ခုကိုဖန်တီးပြသသွားမည်ဖြစ်ပါသည်။ ထိုအိဇ္ဇဘီးရှင်းကို ရန်ကုန်မြို့၊ မြို့နယ် (၅) ခုမှနေရာ (၇) ခုတွင် တစ်ပြိုင်နက်တည်းတင်ဆက်ပြသသွားမည်ဖြစ်သည်။ 
/ရှိ အိဇ္ဇဘီးရှင်း


2020/2021 RECONNECT ယဉ်ကျေးမှု အစီအစဉ် အတွက် လျှောက်လွှာပေးပို့ကြသူများ အားလုံးကို Goethe-Insitut Myanmar မှ ကျေးဇူးတင်ရှိပါသည်။ လျှောက်လွှာပေါင်း ၁၈၀ နီးပါးလက်ခံရရှိခဲ့သည်မှာ အလွန်အလားအလာကောင်းသော အားရကျေနပ်ဖွယ် တုန့်ပြန်မှု ဖြစ်ပါသည်။ လျှောက်ထားမှုများအားလုံးထဲမှ ၂၀၂၀ ခုနှစ်အတွက် စီမံကိန်း ၂၂ ခု နှင့် ၂၀၂၁ ခုနှစ်အတွက် စီမံကိန်း အခု ၂၀ ကို Goethe-Institut မှ ထောက်ပံ့ပေးသွားပါမည်။ ၂၀၂၀ နိုဝင်ဘာလမှ ဒီဇင်ဘာလများအတွင်း Goethe-Institut ခြံဝန်း နှင့် ပွဲခန်းမတို့တွင် (မြန်မာနိုင်ငံ၏ Covid-19 ကာကွယ်ရေး စည်းကမ်းများနှင့် အညီ) RECONNECT စီမံကိန်းများကို တင်ဆက်နိုင်ရန် မျှော်လင့်ပါသည်။ ၂၀၂၁ တွင် RECONNECT တင်ဆက်မှုများကို Goethe-Institut တွင် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။ အစီအစဉ် အသေးစိတ်ကို စက်တင်ဘာလကုန်တွင် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်နှင့် ဖေ့စ်ဘွတ်စာမျက်နှာတွင် ကြေငြာနိုင်ပါလိမ့်မည်။

Dr. Martin Wälde
ဒါရိုက်တာ
Goethe-Institut မြန်မာ (၂၀၁၉ - ၂၀၂၁)

  1. ထူးလွင်မျိုး
  2. သက်ဦးမောင်
  3. Save Myanmar Film
  4. Aleksandra Minkiewicz
  5. မင်းမင်းဟိန်း
  6. ချစ်မိုးပျို
  7. မန်းပြည့်ဖြိုးအောင်
  8. သီလမင်း
  9. New Yangon Theatre Institute, Ruth Pongstaphone နှင့် မေသက်ဇော်
  10. မေသက်ဇော်နှင့်အဖွဲ့ 
  11. တိုးသီဟအောင် 
  12. ဟိန်းသူစိုး 
  13. အမ်မလီဖြိုး 
  14. မရတ်လွန်းထွယ်
  15. YASA 
  16. စောမျိုးနွယ်ထူး
  17. အိဒ္ဒိ
  18. ခွန်ဇော်လင်းထက်
  19. ဂျေမီ 
  20. ဆန်းဝင်းထိုက်
  21. မေလှ
  22. စန္ဒီစိန်သိန်း
  23. မိုးစက်
  24. ဇွန်အိဖြူ
  25. မေဖူးသက်
  26. ငယ်လေး
  27. စိုင်းသီဟစိုး
  28. ကိုဆို 
  29. ကောင်းမြတ်သူ
  30. မိုးမြတ်မေဇာခြည် 
  31. အောင်ခင်မြင့်
  32. ငုအိမ်ထက်မြတ်
  33. New pen Group
  34. Visual Orgasam of ART
  35. ယုယုမြင့်သန်း
  36. ဒေါက်တာ စုယဉ်ထွန်း
  37. မကျော့ နှင့် ငယ်လေး 
  38. ဉာဏ်လင်းအောင် 
  39. အောင်မြတ်ဌေး 
  40. ရင်ချမ်းမင်း