သတင်းအချက်အလက်များ

စာမေးပွဲမေးခွန်းပုံစံကိုစတင်လေ့လာခြင်း

Goethe-Zertifikat A2: Fit in Deutsch စာမေးပွဲကို အရေး၊ အကြား၊ အဖတ်၊ အပြော (အဖွဲ့လိုက် စကားပြောဆိုရခြင်း) အပိုင်းလေးပိုင်းဖြင့် ဖွဲ့စည်းထားပါသည်။ စာမေးပွဲမေးခွန်းပုံစံသည် တစ်ကမ္ဘာလုံးတွင် အတူတူဖြစ်ပြီး အမှတ်ပေးသည့်ပုံစံနှင့် အမှတ်ပေးစည်းမျဥ်းစည်းကမ်းများလည်း တူညီပါသည်။

အဖတ်

သတင်းစာထဲမှ ဆောင်းပါးအတိုလေးများ၊ အီးမေးလ်များ၊ ကြော်ငြာများနှင့် အများပြည်သူဆိုင်ရာ လမ်းညွှန်ဆိုင်းဘုတ်များကို ဖတ်ရှုပြီး ပေးထားသည့် မေးခွန်းများကို ဖြေဆိုရမည်ဖြစ်ပါသည်။

ကြာချိန်။ ။ မိနစ် (၃၀)

အရေး

အသင့်လက်တွေ့ဘဝနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည့် မက်ဆေ့ခ်ျစာသားများ ရေးသားရမည်ဖြစ်ပါသည်။

ကြာချိန်။ ။ မိနစ် (၃၀)

အကြား

နေ့စဥ်ကြားနေကျ စကားပြောများ၊ ကြေညာချက်များ၊ ရေဒီယိုအင်တာဗျူးများ၊ တယ်လီဖုန်းမှ အသံမက်ဆေ့ခ်ျများနှင့် အများပြည်သူဆိုင်ရာ အသိပေးကြေညာချက်များကို နားထောင်ပြီး မေးခွန်းများကို ဖြေဆိုရမည်ဖြစ်ပါသည်။

ကြာချိန်။ ။ မိနစ် (၃၀)

အပြော

မိမိအကြောင်း၊ သူတစ်ပါးအကြောင်း မေးခွန်းများမေးခြင်း၊ ဖြေဆိုခြင်း၊ မိမိဘ၀အကြောင်း ပြောပြခြင်း၊ မိမိနှင့်အတူတူ စကားပြောစာမေးပွဲ ဖြေဆိုရန် အလှည့်ကျသည့် စာမေးပွဲပါတနာနှင့်အတူ၊ တစ်ခုခု အတူတကွ လုပ်ဆောင်ရန်ချိန်းဆိုခြင်း၊ အစီအစဥ်ချခြင်းပုံစံတို့ဖြင့် ပြောဆိုရမည်ဖြစ်ပါသည်။

ကြာချိန်။ ။ (၁၅)မိနစ်

လိုအပ်သည်များ

စာမေးပွဲသည် အသက် (၁၂)နှစ်နှင့် (၁၆)နှစ်အကြားရှိ ဆယ်ကျော်သက် လူငယ်များအတွက် ရည်ရွယ်သည့် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။
စာမေးပွဲဖြေဆိုရန် ဆန္ဒရှိသူ မည်သူမဆို၊ အသက်အရွယ်အပိုင်းအခြား ကန့်သတ်ထားခြင်းမရှိ၊ ဂျာမနီနိုင်ငံသားဖြစ်မှု၊ မဖြစ်မှုနှင့်မသက်ဆိုင်ဘဲ Goethe-Institut ၏ ဘာသာစကားစာမေးပွဲများကို ဝင်ရောက် ဖြေဆိုနိုင်ပါသည်။
  • Goethe-Zertifikat A2: Fit in Deutsch ဤစာမေးပွဲကို အနည်းဆုံး အသက် (၁၂)နှစ်ပြည့်ပြီးသူများ ဖြေဆိုရန် အကြံပြုပါသည်။
  • Goethe-Zertifikat A2: Fit in Deutsch စာမေးပွဲဖြေဆိုအောင်မြင်ရန်အတွက် ဥရောပဘာသာစကားများစံချိန်စံညွှန်းသတ်မှတ်ချက် (GER) က ပြဌာန်းထားသည့် ဒုတိယအဆင့် A2 အထိ ဂျာမန်ဘာသာစကားကို တတ်ကျွမ်းထားရန် လိုအပ်ပါသည်။
  • ဤအဆင့်ကို ရောက်မီရန်အတွက် တစ်ယူနစ်တွင် (၄၅)မိနစ်ရှိသော စာသင်ချိန်ယူနစ်ပေါင်း (၈၀)မှ (၂၀၀)ကြားအထိ သင်ယူထားခဲ့ရန် လိုအပ်ပါသည်။ အသင်ဂျာမန်ဘာသာစကားကို မိမိဘာသာ ကြိုတင်လေ့လာထားခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနည်းဆုံး ထိုမျှအထိ လေ့လာသင်ယူထားခဲ့ရန် လိုအပ်ပါသည်။