သတင်းအချက်အလက်များ

လွယ်ကူသော စာမေးပွဲမေးခွန်းပုံစံ

Goethe-Zertifikat A1: Start Deutsch 1 စာမေးပွဲကို အရေး၊ အကြား၊ အဖတ်၊ အပြော (အဖွဲ့လိုက် စကားပြောဆိုရခြင်း) အပိုင်းလေးပိုင်းဖြင့် ဖွဲ့စည်းထားပါသည်။ စာမေးပွဲမေးခွန်းပုံစံသည် တစ်ကမ္ဘာလုံးတွင် အတူတူဖြစ်ပြီး အမှတ်ပေးသည့်ပုံစံနှင့် အမှတ်ပေးစည်းမျဥ်းစည်းကမ်းများလည်း တူညီပါသည်။

အဖတ်

မှတ်စုတိုများ၊ ကြော်ငြာစာအတိုများ၊ ညွှန်ကြားချက်ဆိုင်းဘုတ်များနှင့် နံရံကပ်ကြော်ငြာများကဲ့သို့ စာများကို ဖတ်ရှုပြီး၊ ပေးထားသည့် မေးခွန်းများကို ဖြေဆိုရမည် ဖြစ်ပါသည်။

ကြာချိန်။ ။ မိနစ် (၂၅)

အရေး

လွယ်ကူရိုးရှင်းသည့် လျှောက်လွှာတစ်စောင်ကို ဖြည့်စွက်ရမည်ဖြစ်ပြီး အသင် နေ့စဥ်ကြုံတွေ့နေကျ အခြေအနေတစ်ရပ်အကြောင်း စာတိုတစ်ပုဒ်လည်း ရေးသားရမည်ဖြစ်ပါသည်။

ကြာချိန်။ ။ မိနစ် (၂၀)

အကြား

နေ့စဥ်ပြောဆိုနေကျ စကားပြောအတိုလေးများ၊ တယ်လီဖုန်းဖြေကြားချက်များ သို့မဟုတ် အသံချဲ့စက်မှ အများပြည်သူအတွက် ကြေညာချက်များကို နားထောင်ပြီး ပေးထားသည့် မေးခွန်းများကို ဖြေဆိုရမည်ဖြစ်ပါသည်။

ကြာချိန်။ ။ မိနစ် (၂၀)

အပြော

အဖွဲ့ထဲတွင် မိမိကိုယ်ကို မိတ်ဆက်ရပါမည်။ ထို့နောက် အချင်းချင်း နေ့စဥ် မေးနေကျ မေးခွန်းများကို မေးမြန်းဖြေဆိုရမည်ဖြစ်ပြီး၊ အဖွဲ့ထဲမှ တစ်ဦးဦးကို တစ်စုံတစ်ခု တောင်းဆိုသည့်ပုံစံမျိုး ပြောဆို တောင်းဆိုရမည်ဖြစ်ပါသည်။

ကြာချိန်။ ။ (၁၅)မိနစ်

လိုအပ်သည်များ

Goethe-Zertifikat A1: Start Deutsch 1 စာမေးပွဲသည် အရွယ်ရောက်ပြီးသူများအတွက် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။
စာမေးပွဲဖြေဆိုရန် ဆန္ဒရှိသူ မည်သူမဆို၊ အသက်အရွယ်အပိုင်းအခြား ကန့်သတ်ထားခြင်းမရှိ၊ ဂျာမနီနိုင်ငံသားဖြစ်မှု၊ မဖြစ်မှုနှင့်မသက်ဆိုင်ဘဲ Goethe-Institut ၏ ဘာသာစကားစာမေးပွဲများကို ဝင်ရောက် ဖြေဆိုနိုင်ပါသည်။
  • Goethe-Zertifikat A1: Fit in Deutsch 1 ဤစာမေးပွဲကို အနည်းဆုံး အသက် (၁၆)နှစ်ပြည့်ပြီးသူများ ဖြေဆိုရန် အကြံပြုပါသည်။
  • Goethe-Zertifikat A1: Start Deutsch 1 စာမေးပွဲဖြေဆိုအောင်မြင်ရန်အတွက်  ဥရောပဘာသာစကားများစံချိန်စံညွှန်းသတ်မှတ်ချက် (GER) က ပြဌာန်းထားသည့် အခြေခံပထမဆုံးအဆင့် A1 အထိ ဂျာမန်ဘာသာစကားကို တတ်ကျွမ်းထားရန် လိုအပ်ပါသည်။
  • ဤအဆင့်ကို ရောက်မီရန်အတွက် တစ်ယူနစ်တွင် (၄၅)မိနစ်ရှိသော စာသင်ချိန်ယူနစ်ပေါင်း (၈၀)မှ (၂၀၀)ကြားအထိ သင်ယူထားခဲ့ရန် လိုအပ်ပါသည်။ အသင် ဂျာမန်ဘာသာစကားကို မိမိဘာသာ ကြိုတင်လေ့လာထားခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနည်းဆုံး ထိုမျှအထိ လေ့လာသင်ယူထားခဲ့ရန် လိုအပ်ပါသည်။

အခြားအရေးကြီးသည့် အချက်များရှိပါသေးသလား။