Nikolaus Heidelbach
ကလေးများကမ္ဘာရှိ အရယ်အရွှန်းနှင့် အဆိုးအရွား။

Nikolaus Heidelbach သည် စာရေးဆရာတစ်ဦးနှင့် သရုပ်ဖော်ဆရာတစ်ဦးအဖြစ် နှစ်ပေါင်း ၄၀ ကျော် အလုပ်အကိုင်လမ်းကြောင်းတစ်ခုကို ပြန်ပြောင်းကြည့်မြင်နိုင်သည်။
Nikolaus Heidelbach သည် စာရေးဆရာတစ်ဦးနှင့် သရုပ်ဖော်ဆရာတစ်ဦးအဖြစ် နှစ်ပေါင်း ၄၀ ကျော် အလုပ်အကိုင်လမ်းကြောင်းတစ်ခုကို ပြန်ပြောင်းကြည့်မြင်နိုင်သည်။ | Photo (detail):© Max Groenert/Beltz&Gelberg

Nikolaus Heidelbach၏ ရုပ်ပြစာအုပ်များထဲရှိ သူရဲကောင်းလေးများသည် အရောင်အသွေးစုံ ကလေးသုခဘုံတစ်ခုတွင် မနေထိုင်ကြ။ နတ်သမီးနတ်သားများလို အပြစ်ကင်းကြသူများလည်း မဟုတ်ကြပြန်။ Cologne မြို့မှ စာရေးဆရာ၏ ဇာတ်ကြောင်းပြန်ပုံစံက အလင်းနှင့်အမှောင်ကို သူ့သဘာဝအတိုင်း စကားလုံးများ၊ ရုပ်ပုံများဖြင့် သရုပ်ဖော်ထားသည်။ ဒါကို ကလေးများ ကိုင်တွယ်လုပ်ဆောင်နိုင်ကြောင်း သူကပြောသည်။

Nikolaus Heidelbach သည် စာရေးဆရာတစ်ဦးနှင့် သရုပ်ဖော်ဆရာတစ်ဦးအဖြစ် နှစ်ပေါင်း ၄၀ ကျော် အလုပ်အကိုင်လမ်းကြောင်းတစ်ခုကို ပြန်ပြောင်းကြည့်မြင်နိုင်သည်။ Brothers Grimm နှင့် H.C. Andersen တို့၏ နတ်သမီးပုံပြင်များ နှင့် Christine Nöstlinger ကဲ့သို့ နာမည်ကျော်ကလေး စာအုပ်ရေးဆရာများ၏ စာအုပ်များကို သူကသရုပ်ဖော်ပုံရေးဆွဲပေးခဲ့ပြီး၊ သူကိုယ်တိုင်လည်း ရုပ်ပြစာအုပ်များစွာကို ရေးသားခဲ့ကာ၊ စာအုပ်အများစုကို ကလေးပရိသတ်အတွက် ရည်ရွယ်ခဲ့သည်

လက်ညှိုးထိုး(အပြစ်တင်)ခြင်းလည်းမဟုတ်၊ ဟောပြောဆုံးမခြင်းမျိုးလည်းမဟုတ်။

Heidelbach ၏ မူပိုင်လက္ခဏာမှာ “ကလေးများ၏ ခံစားချက်များ၊ အယူအဆများနှင့် အတွေ့အကြုံများကို” စာနာနားလည်မှုရှိရှိ ရှာဖွေခြင်းဖြစ်ကြောင်း၊ ထိုစဉ်ကာလအထိထုတ်ဝေခဲ့သော သူ့လက်ရာအတွက် ၂၀၀၀ ပြည့်နှစ် အထူးဆုပေးရာတွင် ဂျာမန်ကလေးများစာပေဆု၏ဂျူရီအဖွဲ့က ပြောကြားခဲ့ဖြစ်သည်။ Heidelbach သည် ကလေးများ၏ လိုအပ်ချက်များနှင့် အပြုအမူတို့ကို စကားလုံးများ၊ ရုပ်ပုံများဖြင့် အမိအရဖမ်းယူနိုင်ခဲ့သည်သာမက၊ ထိလွယ်ရှလွယ်သော အကြောင်းအရာများဖြစ်သော လိင်ကိစ္စ၊ သေဆုံးခြင်း၊ မနာလိုဝန်တိုမှုနှင့် ရန်လိုခြင်းတို့ရေးသားရာတွင် “ဆုံးမသွန်သင်တဲ့တွန်းအားစိုးစိမျှမပါဘူး” ဟု ဂျူရီအဖွဲ့က မှတ်သားထားသည်။

  • “Alma und Oma im Museum” Photo (detail): © Nikolaus Heidelbach/Beltz&Gelberg

    “Alma und Oma im Museum”

  • “Rosel von Melaten” Photo (detail): © Nikolaus Heidelbach/Hoffmann&Campe

    “Rosel von Melaten”

  • “Der Schornsteiner” Photo (detail): © Nikolaus Heidelbach/Beltz&Gelberg

    “Der Schornsteiner”

  • “Wenn ich groß bin, werde ich Seehund” Photo (detail): © Nikolaus Heidelbach/Beltz&Gelberg

    “Wenn ich groß bin, werde ich Seehund”

  • “Arno und die Festgesellschaft mit beschränkter Haftung” Photo (detail): © Nikolaus Heidelbach/Beltz&Gelberg

    “Arno und die Festgesellschaft mit beschränkter Haftung”

  • „Märchen aus aller Welt“ Photo (detail): © Nikolaus Heidelbach/Beltz&Gelberg

    „Märchen aus aller Welt“

ထိတ်လန့်ဖွယ်ရာနှင့် ဟာသအတူတူတွဲသွားသည်။

သူ့စာအုပ်များထဲတွင် ငယ်ရွယ်သောအဓိကဇာတ်ကောင်တို့သည် အကောင်းကိုရောအဆိုးကိုပါ ကြုံတွေ့ရသည်။ အကောင်းဆုံးနှင့် အပြစ်အကင်းဆုံး ရည်ရွယ်ချက်များ သူတို့တွင်အမြဲတမ်းရှိမနေ။ ၂၀၀၇ ခုနှစ် ကလေးစာပေဆုရ ရုပ်ပြစာအုပ် Königin Gisela (Queen Gisela) တွင်လည်း ထို့အတူပင်။ မိန်းကလေးတစ်ဦးသည် ကျွန်းတစ်ကျွန်းပေါ်တွင် သောင်တင်ရင်း ထိုကျွန်းတွင်နေထိုင်သော meerkats (အာဖရိက မြွေပါငယ်) များကို ပုန်ကုန်မှုမဖြစ်ပေါ်မှီအထိ အစေအပါးများအဖြစ် ဖိအားပေးခိုင်းစေသည့်အကြောင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်က ထုတ်ဝေသော Rosel von Melaten တွင် ကြည်နူးမှုနှင့် ရက်စက်မှုတို့ နီးနီးကပ်ကပ်ဆက်စပ်သော နတ်သမီးပုံပြင်ပုံစံဖြင့် ကလေးများအားအကြမ်းဖက်မှုအကြောင်းကို ကိုင်တွယ်တင်ပြထားသည်။ Heidelbach က ဤဇာတ်ကြောင်းပြန်ပုံစံကို တမင်ရွေးချယ်ထားသည်။ သို့သော် စိတ်အနှောက်အယှက်ဖြစ်စရာ အကြောင်းအရာများကို တင်ပြရာတွင် “သတိထား၍ ကိုင်တွယ်တင်ပြသင့်ကြောင်း”၊ ထိတ်လန့်ဖွယ်ရာသည် ကလေးစာအုပ်များ၏အကြောင်းအရာ ဖြစ်နိုင်သည်သာမက ဖြစ်ရမည်ဟု နှစ်နှစ်ကာကာ ယုံကြည်ကြောင်းကို Deutschlandfunk ရေဒီယိုအား တစ်ခါကသူပြောဖူးသည်။

ဆာရီရယ်လီဇမ် နှင့် အသံတိတ်အရောင်များ။

Heidelbach ၏ အမြင်ဆိုင်ရာဘာသာစကားသည် ပုဂ္ဂိုလ်သဘောအရ ထူးခြားမှုရှိသည်။ အနုပညာရှင်တစ်ဦးအနေဖြင့် ဆာရီယယ်လစ်ဇမ်ကဲ့သို့ လှုပ်ရှားမှုအမျိုးမျိုးမှ အခြေခံသဘောတရားကို အသုံးပြု၍ သူ့ကိုယ်ပိုင်အမြင်ဆိုင်ရာဘာသာစကားနှင့် ပေါင်းစပ်ပစ်သည်။ ဤနေရာတွင်လည်း ကလေးများ၏ကမ္ဘာကို ပန်းရောင်၊ အပြာရောင်ဖျော့ဖျော့တို့နှင့် မရေးဆွဲပဲ သတိထားရွေးချယ်ထားပြန်သည်။ ခပ်မှိုင်းမှိုင်းအရောင်များကို သူသုံးသည်က ကလေးများ၏နေ့စဉ်ဘဝများ၏ အမှောင်ဘက်ခြမ်းများကို ရုပ်ပြစာအုပ်များတွင် ထင်ဟပ်ရန် ခွင့်ပြုနေကြောင်း ဝေဖန်ရေးဆရာများက ဆင်ခြင်သုံးသပ်ကြသည်။ “ကလေးတွေမှာ သိပ်ကိုနှစ်သက်ကြည်နူးစရာကောင်းတဲ့ အရာတွေကို ခင်ဗျားမြင်တွေ့ နိုင်မှာပဲလို့ ကျွန်တော်ထင်တယ်” “ဒါပေမယ်လို့ စွဲယူဖမ်းစားနိုင်လောက်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့အရာတွေလည်းရှိနေပြန်တယ်” ဟု Heidelbach က တစ်ခါကပြောပြဖူးသည်။