ကျွန်ုပ်တို့၏သင်ကြားရေးနိယာမ
ရည်ရွယ်ချက်ပန်းတိုင်ကိုအလေးထားခြင်း၊ ရှင်းလင်းစွာဖွဲ့စည်းတည်ဆောက်ထားခြင်း၊ အမျိုးအစားစုံလင်ခြင်း​​​

Our learning concept © Photo: Goethe-Institut/Sonja Tobias Our learning concept Photo: Goethe-Institut/Sonja Tobias
Goethe-Institut ၏ သင်တန်းများသည် ဘာသာစကားကိုသာ သင်ယူရန် သက်သက်မဟုတ်ဘဲ ယဥ်ကျေးမှုကိုလည်း အကျွမ်း၀င်စေပါသည်။ ကျွန်ုပ်တို့သည် အသင့်အား အသင် ဂျာမန်ဘာသာစကားကို မည်မျှအထိ ကြိုတင်သိရှိ သင်ယူထားပြီးဖြစ်သလဲ ဆိုသည်ကို သိရှိနိုင်ရန် ရေးဖြေနှင့်နှုတ်ဖြေ  စာမေးပွဲငယ်လေးတစ်ခု ဖြေဆိုခိုင်းပါမည်။ ထို့နောက် သင်နှင့်အတူတူ သင့်အတွက် သင့်တော်မည့် သင်တန်းတစ်တန်းကို ရွေးချယ်ကြပါမည်။ Goethe-Institut ၏ ဂျာမန်ဘာသာစကားသင်တန်းအကြောင်း ပိုမို ဖတ်ရှုကြည့်လိုက်ပါ။

ကျွန်ုပ်တို့၏သင်တန်းများသည်

  • စာသင်ကြားမှု၊ သင်ယူမှုတို့အကြောင်း သုတေသနများ၏ နောက်ဆုံးရလဒ်များ၊ အသိသညာများကို အမှီသဟဲ ပြုထားပါသည်။
  • သင်ကြားနည်းပုံစံစုံလင်ပြီး ကျောင်းသားများအချင်းချင်း အပြန်အလှန် ပြောဆိုဆက်သွယ်မှုကို ဖြစ်စေပါသည်။ တကယ့်လက်တွေ့ဘ၀ထဲမှ အခြေအနေများကို အခြေခံထားပြီး အပြော၊ အကြား၊ အဖတ်နှင့် အရေးစွမ်းရည်များကို အမှန်တကယ်ဖတ်ရှုနေကျ စာများကို သုံးပြီး လေ့ကျင့်ပေးပါသည်။
  • အချိန်နှင့် တပြေးညီဖြစ်ပြီး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ယဥ်ကျေးမှုကွာခြားချက်များကို သိရှိရန်လည်း ဦးတည်ထားပါသည်။ အတန်းထဲတွင် လေ့လာရသော ဂျာမနီနိုင်ငံနှင့်ပတ်သက်၍ အထွေထွေသိကောင်းစရာ အကြောင်းအရာများ၊ (အင်တာနက်) ပရောဂျက်တာဝန်များက အသင့်အား ဂျာမန်ယဥ်ကျေးမှုနှင့် ထိတွေ့ရန် အခွင့်အရေးများ ပေးပါသည်။
  • ပထမဦးဆုံး စာစတင်သင်ကြားသည့် အတန်းချိန်ကတည်းမှစ၍ ဆရာ၊ဆရာမများသည် ဂျာမန်ဘာသာစကားဖြင့်သာ ပြော၍ သင်ကြားမည်ဖြစ်ပါသည်။
  • ကျွန်ုပ်တို့၏ သင်ကြားမှုပလက်ဖောင်း မှ တစ်ဆင့်လည်း ထူးခြားဆန်းသစ်ပြီး လွယ်ကူစွာ သင်ယူနိုင်မှုအခွင့်အလမ်းများကို ရရှိနိုင်ပါသည်။

သင်တန်းစနစ်

  • ကျွန်ုပ်တို့၏ သင်တန်းစနစ်အား ဥရောပဘာသာစကားဆိုင်ရာ စံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင် အခြေခံထားပါသည်။ ထို့ကြောင့် သင်သည် ကျွန်ုပ်တို့၏ သင်တန်းမှ သင်ယူရရှိလာမည့် ဘာသာစကားစွမ်းရည်များကို နည်းစနစ်ကျကျ နိုင်ငံတကာစံချိန်စံနှုန်းနှင့် တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။
  • ကျွန်ုပ်တို့၏ သင်ကြားမှုစနစ်သည် တစ်ကမ္ဘာလုံးတွင် တစ်ပုံစံတည်း ဖြစ်သောကြောင့်  ထင်သာမြင်သာရှိပါသည်။ အတန်းတစ်တန်း ပြီးမြောက်အောင်မြင်ပြီးနောက် သင်လက်ရှိနေထိုင်နေသောနေရာမှဖြစ်စေ၊ ဂျာမနီတွင်ဖြစ်စေ (သို့) အွန်လိုင်းမှတစ်ဆင့် ဖြစ်စေ မိမိဆန္ဒရှိသလို ဆက်လက်တက်ရောက်နိုင်ပါတယ်။

ဆရာ၊ ဆရာမများ

  • ကျွန်ုပ်တို့၏ ဆရာ၊ဆရာမများသည် ဂျာမန်ဘာသာစကားကို နိုင်ငံခြားဘာသာစကားအဖြစ် သင်တန်းပေးပို့ချပေးနိုင်ရန် အထူးလေ့ကျင့် သင်ကြားပေးထားသည့် ဆရာ၊ ဆရာမများဖြစ်ပါသည်။ ဤနေရာတွင် Goethe-Institut ၏ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ်များနှင့် သင်ကြားရေးသိပ္ပံနယ်ပယ်မှ ပုဂ္ဂိုလ်များ ပြုစုထားသည့် DLL – Deutsch Lehren Lernen  (ဂျာမန်ဘာသာစကား သင်ကြားမှုနှင့်သင်ယူမှုနည်းစနစ်များ) ကျမ်းတွဲဖြင့် သင်ကြားလေ့ကျင့်ပေးပါသည်။
  • ဆရာ၊ ဆရာမများသည် ဂျာမန်ဘာသာစကားကို မိခင်ဘာသာစကားအဖြစ်ပြောသူများ သို့မဟုတ် ဂျာမန်ဘာသာစကားကို ထူးချွန်ကောင်းမွန်စွာ ပြောဆိုနိုင်ကြသူများ ဖြစ်ပါသည်။
  • ဆရာ၊ ဆရာမများသည် နိုင်ငံပေါင်းစုံ၊ ယဥ်ကျေးမှုအသိုင်းအ၀ိုင်းစုံမှ လူများနှင့်အတူတကွ လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် အတွေ့အကြုံရှိပြီးသားသူများ ဖြစ်ပါသည်။
  • Goethe-Institut သည် ၎င်း၏ဆရာ၊ဆရာမများအား အစဥ်အမြဲ ကျွမ်းကျင်မှုအဆင့်မြှင့်တင်ပေးလျှက်ရှိပြီး ဤနည်းအားဖြင့် ဂျာမန်ဘာသာစကားကို နိုင်ငံခြားဘာသာစကားအဖြစ် သင်ကြားရာမှာ အစဥ်အမြဲ ခေတ်အမီဆုံးအဆင့် ဖြစ်နေစေပါသည်။
  • ဆရာ၊ ဆရာမများသည် အသင်၏ သင်ယူတိုးတက်မှုဖြစ်စဥ်နှင့်ပတ်သက်၍ အသင့်အား အစဥ်အမြဲ အသိပေးနေမည်ဖြစ်ပြီး မည်ကဲ့သို့ အကောင်းဆုံး ဆက်လက် သင်ယူနိုင်မည်ကိုလည်း အကြံပေးနေမည် ဖြစ်ပါသည်။

ဂျာမန်ဘာသာစကားစာမေးပွဲများ

အခြားရရှိနိုင်သည်များ

  • ဂျာမနီနိုင်ငံကို ဘက်ပေါင်းစုံမှနေ၍ တွေ့ကြုံထိတွေ့လိုက်ပါ။ Goethe-Institut တွင် ဂျာမန်ဘာသာစကားသင်တန်း တစ်တန်း တက်ရောက်လိုက်ရုံဖြင့် အသင်သည် ကျွန်ုပ်တို့၏ စာကြည့်တိုက်နှင့် မာလ်တီမီဒီယာ ငှားရမ်းခြင်းဝန်ဆောင်မှုများကို အသုံးပြုခွင့်ရရှိမည် ဖြစ်ပြီး မြောက်များစွာသော ယဥ်ကျေးမှုဆိုင်ရာ ပွဲအခမ်းအနားများတွင်လည်း ပါ၀င်ဆင်နွှဲနိုင်မည် ဖြစ်ပါသည်။
  • ကျွန်ုပ်တို့၏ Deutsch für dich အခမဲ့ လေ့ကျင့်ခန်းဝက်ဘ်ဆိုဒ်ကလည်း အသင့်အား ဂျာမန်ဘာသာစကားဖြင့် အပြန်အလှန် ပြောဆိုဆက်သွယ်မှုများ ဖြစ်လာစေပါသည်။ ဂျာမန်ဘာသာစကားသင်ယူသူများ၏ ကွန်မြူနတီထဲသို့ ဝင်ရောက်၍လည်း များပြားစုံလင်လှသည့် လေ့ကျင့်ခန်းများကို အသုံးပြုနိုင်ပြီး၊ အခြားသော အဖွဲ့၀င်များနှင့်လည်း အပြန်အလှန် ဆွေးနွေးဖလှယ်နိုင်မည်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ အရေးအကြီးဆုံး ရည်မှန်းချက်များထဲမှ တစ်ခုမှာ ကျွန်ုပ်တို့၏ ၀န်ဆောင်မှုများကို အသုံးပြုနေသူများ ကျေနပ်အားရစေရန် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကမ္ဘာအ၀ှမ်း တူညီသည့် အရည်အသွေးစီမံခန့်ခွဲမှုနည်းလမ်းများကို အသုံးပြုပါသည်။ ဤနည်းလမ်းများက ကမ္ဘာတစ်ဝှမ်းရှိ ကျွန်ုပ်တို့၏ အင်စတီကျုများတွင် တစ်ညီတစ်ညွတ်တည်းဖြစ်ပြီး အရည်အသွေးပြည့်မီသည့် ဘာသာစကားသင်တန်းများနှင့် စာမေးပွဲများကို ဖွင့်လှစ်စစ်ဆေးပေးနေကြောင်း အာမခံပေးပါသည်။