မြို့ပြလမ်းညွှန်။ ။Schwäbisch Hall
ကမ္ဘာ့အသေးငယ်ဆုံးဟုသတ်မှတ်ခံထားရလောက်သော မြို့ကြီးပြကြီး

အခြားမြို့များက ကာနီဗယ်ပွဲတော်ကျင်းပနေကြစဉ် Hall မြို့လေး၏ ဒေသခံများသည် ထူးခြားဆန်းပြားသော ဝတ်စုံများတန်ဆာဆင်လျှက် Hallia Venezia ပွဲတော်သို့ လမ်းမများတစ်လျှောက် စီတန်းလှည့်လည်ကြသည်။
အခြားမြို့များက ကာနီဗယ်ပွဲတော်ကျင်းပနေကြစဉ် Hall မြို့လေး၏ ဒေသခံများသည် ထူးခြားဆန်းပြားသော ဝတ်စုံများတန်ဆာဆင်လျှက် Hallia Venezia ပွဲတော်သို့ လမ်းမများတစ်လျှောက် စီတန်းလှည့်လည်ကြသည်။ | ဓါတ်ပုံ : © Adobe

သေးငယ်သောမြို့လေးတိုင်းသည် ပျင်းရိဖွယ်ကောင်းနေမည်၊ တိတ်ဆိတ်နေမည်ဟု ထင်နေကြသူများအဖို့ အတော်လေးမှားယွင်းနေသည်။ အထူးအားဖြင့် Schwäbisch Hall  မြို့အတွက် ထိုသုံးသပ်ချက်မှာ မှားယွင်းနေသည်။ ဤမြို့ကလေးသည် ကမ္ဘာ့အဆင့်အနုပညာနှင့်ပြဇာတ်ရုံများ၊ အချို့သောကမ္ဘာ့ဈေးကွက်ကိုဦးဆောင်နေသည့်ဆိုင်များ အခြေစိုက်ရာမြို့လေးဖြစ်ပြီး ထိုသို့သောနေရာများကို လမ်းလျှောက်ရုံမျှဖြင့် သက်တောင့်သက်သာ သွားလာနိုင်သည်။

ရေးသားသူ​ Tatjana Kruse

မြို့ကလေးကိုအသက်ဝင်စေသောနေရာ။    ။တစ်နေရာတည်းတွင် ဈေးရောင်းဈေးဝယ်နိုင်ပြီး စက္ခုအာရုံအတွက်လည်းပွဲတော်ကြီးသဖွယ်ပင်။

Schwäbisch Hall ဈေးရောင်းဈေးဝယ်နေရာရှိ မြို့တော်ခန်းမ။
Schwäbisch Hall ဈေးရောင်းဈေးဝယ်နေရာရှိ မြို့တော်ခန်းမ။ | ဓါတ်ပုံ : © picture alliance / Markus Lange / imageBROKER
Schwäbisch Hall တွင်ပျော်ရွှင်စွာနေထိုင်ကြသူများအဖို့ မိမိတို့မြို့လေးကို Hall ဟုသာခေါ်တွင်လေ့ရှိကြသည်မှာ ၁၈၀၂ ခုနှစ်ကတည်းကပင်။ ၁၈၀၂ ခုနှစ်တွင် မြို့လေးကို Württemberg မြို့စားကသိမ်းပိုက်ခဲ့သော်လည်း Hohenlohe အိမ်တော်ကိုသစ္စာခံဖူးခဲ့ကြသူများသည် သူတို့ကိုယ်သူတို့ Swabians ဟုမသတ်မှတ်ခဲ့ကြပေ။ အကယ်၍ ဒေသခံများအားမေးမြန်းခဲ့ပါက ဂျာမနီနိုင်ငံ၏အလှပဆုံးသောဈေးကွက်နေရာမှာ Hall မြို့၌ရှိသည်ဟု ယုံကြည်မှုရှိစွာဂုဏ်ယူလျက်ဖြေကြမည်ဖြစ်သည်။ အလယ်ခေတ်က Baroque အနုပညာလက်ရာအား အမှန်တကယ်ဆန့်ကျင်ရာရင်ပြင်၌ ပရိုတက်စ်တင့်ဘာသာ St. Michael ဘုရားရှိခိုးကျောင်းက နှစ်ပေါင်း ၈၀၀ ကျော် ရပ်တည်ထားနိင်ခဲ့သည်။ ဤနေရာတွင် ၁၇၂၈ ခုနှစ်က မီးလောင်မှုကြီးအဆုံးသတ်ခဲ့ပြီး ပျက်စီးသွားခဲ့သောအလယ်ခေတ်အဆောက်အဦးများကို Baroque ဟန်လက်ရာဖြင့် ခမ်းနားလှပစွာအသေးစိတ်တည်ဆောက်ပြီး ပြန်လည်ပြင်ဆင်ခဲ့ကြသည်။ ထိုအဆောက်အဦးများမှာ ဒုတိယကမ္ဘာစစ်အတွင်း ပျက်စီးသွားမှုမရှိဘဲ ကံကောင်းထောက်မ၍ ဆက်လက်တည်ရှိနိုင်ခဲ့သည်။ အုတ်ချပ်လေးချပ်ပါဝင်သည့် Schwäbisch Hall အဆောက်အအုံ လူမှုအသိုင်းအဝိုင်းတံဆိပ်အနောက်တွင်လှေခါးထစ်ပေါင်း (၅၃) ထစ် (ဒါမှမဟုတ် (၅၄)ထစ်လား။ သင်ကိုယ်တိုင်သွားရောက်ပြီးရေကြည့်သည်က အကောင်းဆုံးဖြစ်ပါလိမ့်မည်။) နှင့် အမြင့်မီတာ(၄၇) ထက်မနည်းသောမျှော်စင်တို့ရှိသည့် St.Michael ဘုရားကျောင်းသည် မြို့၏အထင်ကရာနေရာတစ်ခုအဖြစ် ဒုတိယနေရာ၌ရပ်တည်နေသည်။ မြို့တော်ခန်းမ၏နံရံကိုမှီလျက်ရပ်နေပြီး အချိန်ပေးကာစောင့်ကြည့်နိုင်သည့်မည်သူမဆို Hall မြို့သူမြို့သားတစ်ဦးချင်းစီ မည်သို့သွားလာလှုပ်ရှားနေကြသည်ကို တဖြည်းဖြည်းချင်းတွေ့မြင်နိုင်သည်။ စနေနေ့ဈေးဆိုင်တန်းတွင် အသီးအရွက်ဝယ်နေသူများကိုလည်းကောင်း၊ တစ်မူထူးခြားစွာဆွဲဆောင်နေသောခရစ်မတ်ဈေးတွင် ရနံ့အလွန်မွှေးသောဝိုင်သောက်နေသူများကိုလည်းကောင်း၊ Three Kings Run အပြေးပြိုင်ပွဲတွင် ပန်းဝင်လာသူများကိုလည်းကောင်း၊ Whitsuntide ရှိ ကြီးကျယ်ခမ်းနားသော Cake and Foundation ပွဲတော်တွင်လည်းကောင်း၊ ဆောင်းဦးရာသီ၏ယဉ်ကျေးမှုဓလေ့ပေါင်းစုံ စုံညီပွဲကျင်းပသောရက်များ၌ လေဟာပြင်ပြဇာတ်ရုံဖျော်ဖြေပွဲကြည့်နေကြသည်ကိုလည်းကောင်း တွေ့မြင်နိုင်သည်။ ထို့ကြောင့်မြို့၏ဈေးဆိုင်တန်းမှာ မြို့ကလေး၏အသက်ဝင်စေသော နေရာလေးပင်ဖြစ်သည်။

လှေကားထစ်များသည် Hall အတွက်တော့ ကမ္ဘာကြီးတစ်ခုသဖွယ်ပင်။

နှစ်စဉ်နှစ်တိုင်း ဇွန်လမှသြဂုတ်လအထိ St. Michael ဘုရားကျောင်းသို့သွားရာ လှေကားထစ်များသည် Schwäbisch Hall ရှိ လဟာပြင်ဇာတ်ခုံဖြစ်လာသည်။ Andreas Gäßler ၏ ပြဇာတ် “Brenz 1548” သည် ဤနေရာတွင် ၂၀၁၇ ခုနှစ်က ပွဲဦးထွက်ခဲ့သည်။
နှစ်စဉ်နှစ်တိုင်း ဇွန်လမှသြဂုတ်လအထိ St. Michael ဘုရားကျောင်းသို့သွားရာ လှေကားထစ်များသည် Schwäbisch Hall ရှိ လဟာပြင်ဇာတ်ခုံဖြစ်လာသည်။ Andreas Gäßler ၏ ပြဇာတ် “Brenz 1548” သည် ဤနေရာတွင် ၂၀၁၇ ခုနှစ်က ပွဲဦးထွက်ခဲ့သည်။ | ဓါတ်ပုံ : © picture alliance /Christoph Schmidt/dpa
ဈေးဆိုင်တန်းအကြောင်းဆက်လက်၍ပြောရမည်ဆိုလျှင် St.Michael ဘုရားကျောင်းဆီသို့သွားရာလမ်းတစ်လျှောက်ရှိလှေခါးထစ်များသည် ကမ္ဘာလှည့်ခရီးသွားများအဖို့ မြို့၏မြို့ပြကောင်းကင်ယံအပြီးတွင် အင်စတာဂရမ်ပေါ်သို့ဓါတ်ပုံရိုက်တင်ရန် အနှစ်သက်ဆုံးသောနေရာများထဲမှတစ်ခုဖြစ်သည်။ ထိုနေရာသည် နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လေ့ရှိသော Schwäbisch Hall လေဟာပြင်ကဇာတ်ရုံပွဲတော်ကျင်းပရာနေရာလည်းဖြစ်သည်။ ဤသမိုင်းဝင်ဈေးရောင်းဈေးဝယ်နေရာလေးသည် ကမ္ဘာ့စာပေ၊ ဂီတပြဇာတ်နှင့် အနုပညာတီထွင်ဆန်းသစ်မှုများ၏ ဂန္တဝင်လက်ရာစုံ နောက်ခံကားချက်ကိုလည်း ပံ့ပိုးပေးထားသည်။ Hall မြို့ကလေးတွင် ပွဲတော်များကျင်းပလာသည်မှာနှစ်ပေါင်း (၁၀၀) နီးပါး ရှိပြီဖြစ်သည်။ သက်ဝင်လှုပ်ရှားလှသောနွေရာသီညချမ်းအချိန်ခါများတွင် သူတို့၏အသက်ဝင်လှသောသရုပ်ဆောင်စွမ်းရည်များနှင့် လူသိများသောသရုပ်ဆောင်များသာမက တက်သစ်စသရုပ်ဆောင်များကိုလည်း ဒေသခံများကအားပေးကြလေ့ရှိသည်။ထိုသို့အားပေးသည့်အစဉ်အလာမှာ ၁၉၂၅ ခုနှစ် Hugo Von Hofmannsthal ၏ Jedermann (Everyman) မှအစပြုခဲ့ရာ ယခုဆိုလျှင် ထိုအစီအစဉ်ကို နှစ်နှစ်တစ်ကြိမ်နီးပါးပြန်လည်သရုပ်ဖော်ကြသည်။ “တစ်ပါးသောသူကိုနှစ်သက်စွာကြည့်သည့်အတိုင်း ပြန်လည်အကြည့်ခံရပါစေ။” ဟူသောဆောင်ပုဒ်နှင့်အညီ ထိုပွဲများကိုကျင်းပကြခြင်းဖြစ်သည်။ အစမ်းကပွဲများပြုလုပ်ရာနေ့ခင်းပိုင်းများ၌ မည်သို့မည်ပုံ သရုပ်ဆောင်ကြရသည်ကို ဈေးထဲပတ်ရင်းကြည့်ရှု့သင့်ပါသည်။ ဆောင်းရာသီ၌ ပွဲတော်ရာသီကုန်ဆုံးသွားပြီဟု မဆိုနိုင်ပါ။ သရုပ်ဆောင်များအဖို့ Riber Kocher မြစ်အတွင်း ကျွန်းပေါ်ရှိ New Globe ကဇာတ်ရုံအတွင်းတွင် ဆက်လက်ကပြနိုင်ပါသေးသည်။

များပြားလွန်းလှသော ဓလေ့ရိုးရာများ

လာရောက်လည်ပတ်သူများသည် Stephan Balkenhol ၏ လက်ရာ “Icarus” ကို “Würth စုစည်းမှု၏ ရေ၊ တိမ်များ၊ လေ၊ အခြေခံသဘာဝတရားများနှင့် ရာသီဥတုသဘာဝဖြစ်စဉ်များ လက်ရာများ” ပြခန်းတွင် ကြည့်ရှု့လေ့လာနိုင်သည်။
လာရောက်လည်ပတ်သူများသည် Stephan Balkenhol ၏ လက်ရာ “Icarus” ကို “Würth စုစည်းမှု၏ ရေ၊ တိမ်များ၊ လေ၊ အခြေခံသဘာဝတရားများနှင့် ရာသီဥတုသဘာဝဖြစ်စဉ်များ လက်ရာများ” ပြခန်းတွင် ကြည့်ရှု့လေ့လာနိုင်သည်။ | ဓါတ်ပုံ : © picture alliance/Jan-Philipp Strobel/dpa
ကီလိုမီတာ (၃၀) ခန့်ဝေးကွာသော Künzelsau မြို့လေးတွင် ကုမ္ပဏီရုံးချုပ်ရှိသည့် သံမူလီထုတ်လုပ်သူ Reinhold Würth သည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း အနုပညာလုပ်ငန်းများကိုပံ့ပိုးအားပေးသူအဖြစ် လူသိများသည်။ ထို့ကြောင့် Würth ဟူသောနာမည်မှာ လက်မှုလက်ရာများကိုကိုယ်တိုင်လုပ်သူများနှင့် အနုပညာချစ်မြတ်နိုးသူများအကြားရေပန်းစားလျက်ရှိသည်။ ဗိသုကာပညာရှင် Hennig Larsen ကမြို့ဟောင်းလေး၏မြို့ပြမြင်ကွင်းနှင့် တစ်သားတည်းပေါင်းစပ်စေရန်ရည်ရွယ်၍ Kunstalle Würth (Würthအနုပညာပြတိုက်) ဒီဇိုင်းကို ရေးဆွဲပေးခဲ့သည်။ Würth စုဆောင်းထားရှိသောအနုပညာပစ္စည်းများနှင့် နာမည်ကြီးပြတိုက်များနှင့်စုဆောင်းသူဝါသနာရှင်များ၏ အနုပညာလက်ရာများကိုငှားရမ်း၍ Schwäbisch Hall ရှိ ပြောင်းလဲနေသောခင်းကျင်းပြသမှုများတွင် ခင်းကျင်းထားသည်။ မီတာအနည်းငယ်အကွာတွင်လည်း ယခင်က Johanniterkirche (Knight Hospitaler Church) ကို Kunsthalle Würth ၏အစိတ်အပိုင်းတစ်ခုအဖြစ် ပြသထားသည်။ ပြတိုက်ထဲတွင်ပြသထားသော မြင့်မြတ်၍တန်ဖိူးကြီးမားသည့် အလယ်ခေတ်အနုပညာလက်ရာများအနက် Hans Holbein, The Younger ၏ အခွံမာအကာအကွယ်ထဲမှ Madonna (Madonna in her protective shell) ပန်းချီကားကို လာရောက်လည်ပတ်သူများ ကြည့်ရှု့ခံစားနိုင်သည်။ ပြတိုက်နှင့်ကပ်လျက်ရှိသော Sudhaus စားသောက်ဆိုင်၏အမိုးပေါ်မှတစ်ဆင့်လည်း မြို့၏အကောင်းဆုံးသောမြင်ကွင်းကျယ်နှင့် ကွေ့ဝိုက်စီးဆင်းနေသော Kocher မြစ်ကို မြစ်ဘက်မှတိုက်ခတ်လာသော လေအေးများနှင့်အတူကြည့်ရှု့ခံစားနိုင်သည်။

တိမ်မြုပ်နေသော ချန်ပီယံများ

အသက်ရှူစက်နည်းပညာများ၊ ချွေးထုတ်ခန်းတည်ဆောက်ခြင်းလုပ်ငန်းများ၊ လေယာဉ်ပျံထိုင်ခုံထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဖြည့်စွက်ခြင်းနှင့် ထုတ်ပိုးခြင်းနည်းပညာများ စသည့် ကဏ္ဍအသီးသီးတွင် လူသိများထင်ရှားသော ကုမ္ပဏီအများအပြားသည် Schwäbisch Hall အတွင်းနှင့် အနီးဝန်းကျင်တွင် ရုံးချုပ်များအခြေစိုက်ကြသည်။
အသက်ရှူစက်နည်းပညာများ၊ ချွေးထုတ်ခန်းတည်ဆောက်ခြင်းလုပ်ငန်းများ၊ လေယာဉ်ပျံထိုင်ခုံထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဖြည့်စွက်ခြင်းနှင့် ထုတ်ပိုးခြင်းနည်းပညာများ စသည့် ကဏ္ဍအသီးသီးတွင် လူသိများထင်ရှားသော ကုမ္ပဏီအများအပြားသည် Schwäbisch Hall အတွင်းနှင့် အနီးဝန်းကျင်တွင် ရုံးချုပ်များအခြေစိုက်ကြသည်။ | ဓါတ်ပုံ : © Stadt Schwäbisch Hall
Schwäbisch Hall ဟူသောအမည်ကို ကြားလိုက်သည်နှင့် လူအများက တစ်စုံတစ်ဦး၏အမည်ကိုစွဲ၍အမည်ပေးထားသော အဆောက်အဦး အသိုင်းအဝိုင်းအခြေစိုက်ရာနေရာများကို ဤတွင်တွေးမိကြပါလိမ့်မည်။ ဤမြို့နှင့်ဤဒေသတွင် တစ်ကမ္ဘာလုံးရှိရုံးခွဲများကိုဦးဆောင်နေသောကုမ္ပဏီရုံးချုပ်များနှင့် ပြည့်နှက်လျှက်ရှိသည်။ အသက်ရှူစက်နည်းပညာများ၊ ချွေးထုတ်ခန်းတည်ဆောက်ခြင်းလုပ်ငန်းများ၊ လေယာဉ်ပျံထိုင်ခုံထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဖြည့်စွက်ခြင်းနှင့်ထုတ်ပိုးခြင်းနည်းပညာများ စသည့်ကဏ္ဍများတွင် ထိုကုမ္ပဏီများက ဦးဆောင်နေသည်။ နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများတွင် Schwäbisch Hall မြို့၌ ကမ္ဘာလုံးဆိုင်ရာဈေးကွက်များတွင်ဦးဆောင်နေသူများကအစည်းအဝေးပွဲကြီးများကျင်းပပြုလုပ်သည်မှာ လျှို့ဝှက်ချက်တစ်ခုဖြစ်သည်ဟုဆိုရန်မှာ ခဲယဉ်းလှသည်။ Baden Wurttemberg ပြည်နယ် စီးပွားရေးဝန်ကြီးဌာနဝန်ကြီဟောင်းဖြစ်သူ  Dr. Waltee Doring က ကမ္ဘာ့နိုင်ငံအသီးသီးမှလုပ်ငန်းရှင်ကြီးများနှင့် စွန်ဦးတီထွင်သူများကို  Schwäbisch Hall မြို့ရှိ တိမ်မြုပ်နေသောချန်ပီယံ (Hidden Champions) များဖြစ်သော အလတ်စားနှင့်မိသားစုတစ်နိုင်တစ်ပိုင်လုပ်ကိုင်သော ဒေသခံကုမ္ပဏီများကိုလေ့လာဖို့ဖိတ်ခေါ်ရန် အကြံဉာဏ်တစ်ခုထုတ်ဖော်ခဲ့သည်။

ကွင်းပြင်များ၏ အကောင်းဆုံးအရာ

ဤကွင်းပြင်သည် ဟန်ပန်လေးတစ်ခုရှိသည်ထက်ပိုပါသည်။    ။Hall ၏ မြို့တော်ပန်းခြံရှိ ရေပန်းများနှင့်ရေဝန်ရိုး။
ဤကွင်းပြင်သည် ဟန်ပန်လေးတစ်ခုရှိသည်ထက်ပိုပါသည်။ ။Hall ၏ မြို့တော်ပန်းခြံရှိ ရေပန်းများနှင့်ရေဝန်ရိုး။ | ဓါတ်ပုံ : © Adobe
ဒေသခံများက ၎င်းတို့၏မြို့လယ်ရှိပန်းခြံလေးကို Schwäbisch Hall ၏အစိမ်းရောင်အဆုတ်ကလေးဟု တင်စားကြသည်။ ဤသည်မှာစစ်ကြီးအပြီးတွင် ထိုနေရာ၌ အာလူးများစိုက်စားခဲ့ရပြီး သူတို့၏ဆာလောင်မှုကို ကုစားဖြေသိမ့်ပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင်ကျင်းပသော Landesgartenschau (ပြည်နယ် ဥယျာဉ်ပြပွဲ) သည်အပန်းဖြေဧရိယာအတွက် ကံကောင်းမှုတစ်ခုဖြစ်ခဲ့ရသည်။ ထိုနေရာလေးကို ဟက်တာပေါင်း(၁၀)ကျယ်ဝန်းသောလယ်ကွင်းပြင်ကြီအားပန်းခြံအဖြစ်သို့ အလုံးစုံပြောင်းလဲပြင်ဆင်ခဲ့ကြသည်။ နွေရာသီရောက်ပြီဆိုလျှင်ထိုပန်းခြံအတွင်းသို့ ကမ္ဘာလှည့်ခရီးသွားများနှင့်ဒေသခံများက အလျှိုလျှိုလာရောက်ကြပြီး ပျော်ပွဲစားထွက်ခြင်း၊ မြက်ခင်းပြင်၌အနားယူခြင်း၊ သစ်ပင်များအကြားတွင် Capoeira (ဘရာဇီး ကိုယ်ခံပညာအားကစားတစ်မျိုး) လေ့ကျင့်ခြင်း သို့မဟုတ် အိမ်မွေးခွေးများခေါ်လာ၍ လေကောင်းလေသန့်ရှူစေခြင်းများ ပြုလုပ်လေ့ရှိကြသည်။ ဩဂုတ်လအတွင်းပြုလုပ်သည့်နွေရာသီညချမ်းပွဲတော်အတွက်မူ ပန်းခြံတစ်ခုလုံးကို ထောင်ချီသောဆီမီးခွက်များ၊ စက္ကူမီးပုံးများဖြင့် ပြောင်းလဲအလှဆင်လိုက်ကြသည်။

ပင်လယ်ပြင်သဖွယ် များပြားလှသောအိမ်များထဲမှ အကြီးဆုံးသောအဆောက်အအုံ

မြို့တော်မြင်းကွင်း၏ အလွန်သိသာသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ယခင်ကုန်လှောင်ရုံဟောင်း Zehntscheuer သည် ယနေ့ ပွဲအခမ်းအနားကျင်းပရာ နေရာတစ်ခုဖြစ်သည်။
မြို့တော်မြင်းကွင်း၏ အလွန်သိသာသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ယခင်ကုန်လှောင်ရုံဟောင်း Zehntscheuer သည် ယနေ့ ပွဲအခမ်းအနားကျင်းပရာ နေရာတစ်ခုဖြစ်သည်။ | ဓါတ်ပုံ : © picture alliance /Helmut Meyer zur Capellen/imageBROKER
၁၆ရာစု တွင် ဆောက်လုပ်ခဲ့ပြီးတစ်ခေတ်တစ်ခါက လွတ်လပ်သောနန်းမြို့တော်အတွက် ကုန်လှောင်ရုံအဖြစ်တည်ရှိခဲ့သော The Zehntscheuer (တစ်နည်းအားဖြင့် Tithe ဆယ်ဖို့တစ်ဖို့ လှောင်ထားရာစပါးကျီ) ကိုထိမ်ချန်ထားခဲ့ရန်မှာ မဖြစ်နိုင်ချေ။ ရှေးအခါကအသုံးပြုခဲ့သော စပါးကျီအရွယ်အစားကိုကြည့်မည်ဆိုလျှင် ဆားဓာတ်ပါသောစိမ့်စမ်းရေနှင့်ဆားကုန်သွယ်မှုလုပ်ငန်းမှ Hall မြို့မည်မျှချမ်းသာခဲ့ကြောင်းဖော်ပြနေသည်ကို သိနိုင်ပါသည်။ ထိုအဆောက်အဦးများထဲတွင်ဂျုံများလှောင်ထားသည်ကိုမတွေ့ရသည်မှာ နှစ်ချီနေပြီး ယခုအခါ တေးဂီတသီဆိုကပြဖျော်ဖြေသူများ၊ ဂန္တဝင်သံစုံတေးဂီတဝိုင်းများ၊ ဘဲလေးအကအဖွဲ့များအပြင် ရှောင်လင်ဘုန်းကြီးများကပင် ၎င်းတို့၏ စွမ်းရည်များကို Neubausaal (New Hall) တွင် ထုတ်ဖော်ပြသဖျော်ဖြေလျက်ရှိသည်။

နေပူတုန်း စပါးလှန်း

အခြားမြို့များက ကာနီဗယ်ပွဲတော်ကျင်းပနေကြစဉ် Hall မြို့လေး၏ ဒေသခံများသည် ထူးခြားဆန်းပြားသော ဝတ်စုံများတန်ဆာဆင်လျှက် Hallia Venezia ပွဲတော်သို့ လမ်းမများတစ်လျှောက် စီတန်းလှည့်လည်ကြသည်။
အခြားမြို့များက ကာနီဗယ်ပွဲတော်ကျင်းပနေကြစဉ် Hall မြို့လေး၏ ဒေသခံများသည် ထူးခြားဆန်းပြားသော ဝတ်စုံများတန်ဆာဆင်လျှက် Hallia Venezia ပွဲတော်သို့ လမ်းမများတစ်လျှောက် စီတန်းလှည့်လည်ကြသည်။ | ဓါတ်ပုံ : © Adobe
ပျော်ပွဲရွှင်ပွဲများနှင့် ပတ်သက်လာလျှင် ကွဲပြားခြားနားခြင်း၏အကောင်းဆုံးသောအရာများကို မြို့လေးကပြသလေ့ရှိသည်။ Hall မြို့ ၏အထူးခြားဆုံးသောပါတီများထဲမှတစ်ခုကိုပြပါဆိုလျှင် The Cake and Fountain ပွဲတော်ကိုပြရပေလိမ့်မည်။ ထိုပွဲတော်မှာ တစ်ခေတ်တစ်ခါက မြို့လေးကိုချမ်းသာအောင်ပြုလုပ်ပေးခဲ့သော ဆားချက်သမားများ၏ဆွေစဉ်မျိုးဆက်၊ ဆားထုတ်လုပ်သူများ၏သမိုင်းကိုရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ ထိုမျှမက ဖေဖော်ဝါရီလတွင် Schwäbisch Hall ၏ ကာနီဗယ်ပွဲတော် Hallia Venezia အတွက် သူတို့၏ အကောင်းဆုံးဝတ်စုံများကို ဝတ်ဆင်ကာအလယ်ခေတ်လမ်းကြားများကို အပြည့်လွှမ်းသွားသည်အထိ တမူထူခြားလှပသောမျက်နှာဖုံးများတပ်ဆင်ထားသောပွဲတော်သွားလာသူများကိုမြင်သည့်အခါ ဗီးနစ်မြို့ (Venice) သို့ မျက်စိလည်လမ်းမှား၍ ရောက်လာသည်ဟုပင်အလွယ်တကူထင်မှတ်မိပေလိမ့်မည်။ မတ်လတွင်လည်း ဂျက်ဇ်အနုပညာပွဲတော်အတွင်း ဘာသာရေးနှင့်မသက်ဆိုင်သော Hospitalkirche (ဆေးရုံ ဘုရားရှိခိုးကျောင်း) ၌ လက်တန်းစပ်ဆိုသောအနုပညာရှင်များက ဂျက်ဇ်တေးဂီတဖြင့်သက်ဝင်လှုပ်ရှားမြူးကြွစေကြသည်။ ဆောင်းဦးရာသီမှာလည်း သေနတ်မှထွက်သောယမ်းနံ့နှင့်အတူ ရောက်ရှိလာပြီဖြစ်ကြောင်းသိနိုင်သည်။ မြို့တော်၏တံတိုင်းအပြင်ဘက်တွင် အမေရိကန်ကောင်းဘွိုင် စိတ်ကူးယဉ်ဆန်ဆန်နိုင်ငံတကာနှစ်ချက်ထိုးပြောင်းရှည်သေနတ် (Muzzle Loader) ပစ်ပြိုင်ပွဲနှင့်အတူ သေနတ်မှထွက်သောယမ်းငွေ့များကို ဆောင်းဦးရာသီကယူဆောင်လာပြန်သည်။ ထို့အပြင် ယဉ်ကျေးမှုရုံး၏ အနုစာပေတိုက်ရိုက်ထုတ်လွှင့်မှုစီးရီးက ဂျာမနီတစ်ဝှန်းမှစာရေးဆရာများအား Schwäbisch Hall သို့ တစ်နှစ်ပတ်လုံးဖိတ်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။

ဒဏ္ဍာရီထဲမှချိုတစ်ချောင်းမြင်းများများ အမှန်တကယ်တည်ရှိသည်။

အမေရိကန်ဘောလုံးအားကစား၏ ချိုတစ်ချောင်းမြင်းများ။    ။"Schwäbisch Hall Unicorns" အသင်း ကွင်းထဲသို့ ပြေးထွက်လာပုံ။
အမေရိကန်ဘောလုံးအားကစား၏ ချိုတစ်ချောင်းမြင်းများ။ ။"Schwäbisch Hall Unicorns" အသင်း ကွင်းထဲသို့ ပြေးထွက်လာပုံ။ | ဓါတ်ပုံ : © picture alliance / Annegret Hilse / dpa
Schwäbisch Hall ၏ Unicorns ဘောလုံးအသင်းသည် အမေရိကန်ဘောလုံးကစားနည်းကို ဂျာမနီနိုင်ငံတွင်ရှေ့ဆောင်စတင်သူများ ဖြစ်ခဲ့ပြီး ထိုဘောလုံးကလပ်ကို ၁၉၈၃ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ ဂျာမန်ချန်ပီယံရှစ်ပြိုင်ပွဲများတွင်လည်း အနိုင်ရရှိခဲ့ဖူးသည်။ Unicorns အသင်းမှာ အောင်မြင်နိုင်ချေနည်းသော ကစားသမားလူငယ်များနှင့်လည်းအလုပ်တွဲလုပ်ခဲ့ကြသည်။ ထိုကစားနည်းလူသိများရခြင်းမှာ Hall သည် အမေရိကန်မြို့စောင့်တပ် အခြေချခဲ့ရာ နေရာဖြစ်သောကြောင့်ဟုဆိုရပေမည်။ မည်သို့ပင်ဖြစ်စေ အမေရိကန်ဘောလုံးအားကစားမှာ မြို့ ၏အစိတ်အပိုင်းတစ်ခု အဖြစ်ရှိနေပြီး အလွန့်အလွန်အောင်မြင်နေသည် ဟုပင်ဆိုရမည်။

ခွက်များလေထဲသို့ မြှောက်လိုက်ကြစို့။

အိမ်ကဲ့သို့ခံစားရသောနေရာလေးတစ်ခု။     ။ Hall သည် သူ၏ စိတ်အေးသက်သာသောဘဝပုံစံနှင့် ပျော်ရွှင်သောဘဝပုံစံအတွက် လူသိများသည်။
အိမ်ကဲ့သို့ခံစားရသောနေရာလေးတစ်ခု။ ။ Hall သည် သူ၏ စိတ်အေးသက်သာသောဘဝပုံစံနှင့် ပျော်ရွှင်သောဘဝပုံစံအတွက် လူသိများသည်။ | ဓါတ်ပုံ : © Stadt Schwäbisch Hall
Hall မြို့လေးသည် အေးချမ်းသောဘဝကိုဖြတ်သန်းနိုင်မှုနှင့် မကုန်ဆုံးနိုင်သောပျော်ရွှင်မှုတို့အတွက် နာမည်ကျော်ကြားသည်။ ရာသီဥတု ၏မျက်နှာသာပေးခံရပြီဆိုလျှင် လမ်းဘေးဝဲယာရှိကဖေးများ၊ ဘားများရှိထိုင်ခုံများမှာလူများဖြင့် ပြည့်နှက်လျက်ရှိပြီး သူတို့၏ဘဝကို အပြည့်အဝခံစားနေကြသည်ကိုတွေ့နိုင်ပါလိမ့်မည်။ များစွာသောကော်ဖီဆိုင်များ၊ အရက်ဆိုင်များ၊ လက္ဘက်ရည်ဆိုင်များ၊ မုန့်ဆိုင်များနှင့် နာမည်ကြီးစားသောက်ဆိုင်များက ကျယ်ဝန်းသောနေရာထိုင်ခင်းများခံစားခွင့်ပေးထားခြင်းကြောင့် အေးဆေးစွာအနားယူနေနိုင်သည်။ ခန္ဓာကိုယ်ထိန်းသိမ်းရန်အစားလျှော့စားသူများအဖို့တော့ Hall မြို့သည် သင်တို့နှင့်ကိုက်ညီမည်မဟုတ်ပေ။ ခရင်မ်အပြည့်ပါသောကိတ်မုန့်မှသည် Comburg moon ဟုတင်စားခံရသည့် ချောကလက်ခရင်မ်များအပြည့်ဖြည့်ထားသော Macronမုန့်များအထိ ချိုမြိန်လှသောမုန့်များက သင့်အားလက်ယက်ခေါ်နေပါလိမ့်မည်။ မတူကွဲပြားသောဓလေ့ထုံးတမ်းနှင့် အားကောင်းသောစီးပွားရေးတို့ကြောင့် မြို့လေးသည် ကမ္ဘာ့အသေးဆုံးမြို့ကြီးပြကြီးဟူသော အမည်နာမနှင့်ကိုက်ညီကြောင်း ငြင်း၍မရပေ။ ထပ်မံဖြည့်စွက်ရလျှင် Hall မြို့သည် သင့်ကိုအိမ်ကဲ့သို့ နွေးထွေးမှုပေးသော၊ သက်တောင့်သက်သာရှိစေသောမြို့လေးဟုပင်ဆိုနိုင်ပါသည်။

မြို့ပြလမ်းညွှန်မြေပုံ


ဘာလင်မြို့မှအငှားချထားသောဟင်းသီးဟင်းရွက်စိုက်ခင်းများ (သို့မဟုတ်) မြူးနစ်မြို့တွင်ဝတ်လစ်စားလစ်ရေးကူးခြင်း။    ။ ကျွန်ုပ်တို့နှင့်အတူ ပုံမှန်ပြုလုပ်နေကျအရာများကိုဆန့်ကျင်ပြီး ဂျာမန်မြို့ကြီးများကိုလာရောက်စူးစမ်းကြည့်ပါ။ တမူထူးခြားပါလိမ့်မည်။ ကျွန်ုပ်တို့ကသင့်ကို မြို့တော်၏ကောက်ကြောင်းထက်မှ အစိတ်အပိုင်းတစ်ခုဖြစ်သော ပွဲအခမ်းအနားများ၊ လူမှုအသိုင်းအဝိုင်းနှင့် ဂန္တဝင်နေရာများ၏အဓိကအချက်ကို ပေးပါမည်။ ကျွန်ုပ်တို့နှင့်အတူ အချို့သောလက်ခံထားသည့် သမားရိုးကျအကြာင်းအရာများနှင့်မတူကွဲပြားသောအကြာင်းအရာများကိုစိန်ခေါ်၍ မြို့တော်လမ်းညွှန်မြေပုံကို ပြန်လည်ရေးဆွဲကြည့်လိုက်ပါ။