ထင်ဟပ်မျှဝေ တွဲလက်တွေ (ဒုတိယပိုင်း)
Building Women's Leadership through Art

Building Women Leadership through Art ©Goethe-Institut Myanmar/ TheeOoThazin

အမျိုးသမီးတွေ ခေါင်းဆောင်မှုရှိတဲ့ ရပ်ဝန်းဟာ အဖက်ဖက်မှာ မျှတစွာအောင်မြင်တာကိုလည်း တွေ့မြင်ကြရမှာပါ။ ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်မှုတွေ ၊ ယဉ်ကျေးမှုရဲ့ လွှမ်းမိုးမှုတွေကြောင့် တချို့နေရာမှာ အမျိုးသမီးတို့ရဲ့ ခေါင်းဆောင်နိုင်မှုဟာ ထင်သလောက် အရောင်မတောက်ပနိုင်ခဲ့ကြပါဘူး။ တကယ်တော့ အမျိုးသမီးတိုင်းဟာ ခေါင်းဆောင်ကောင်းတွေ ဖြစ်သလို ခေါင်းဆောင်လောင်းလျာတွေလည်း ဖြစ်ပါတယ်။ 

"ထင်ဟပ်မျှ၀ေ တွဲလက်တွေ" (ဒုတိယပိုင်း) အစီအစဉ်မှာတော့ ကျွန်မတို့ အမျိုးသမီးတွေရဲ့ women power နဲ့ women leadership ကို Kalasa Art Space ရဲ့ Founder ဖြစ်ပြီး၊ Art Healing ကိုပါ ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ 
မစုထွေးအောင်ကနေ အလုပ်ရုံဆွေးနွေးပွဲကို  ဦးဆောင်ခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲရဲ့ နာမည်ကိုတော့ “ Building Women's Leadership through Art“ လို့ အမည်ပေးထားပါတယ်။ 
 
ငါးရက်တာကြာမြှင့်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာတော့ ကျွန်မတို့ အမျိုးသမီးတွေရဲ့ လက်ရှိ ရှိနေတဲ့ Identity ကနေ ကိုယ်နောက်တစ်ဆင့်သွားချင်တဲ့နေရာကို လျှေက်လှမ်းနိုင်ဖို့ ….
- ကိုယ်လိုချင်တဲ့ နေရာတစ်ခုကို ရောက်နိုင်ဖို့ ကိုယ်တိုင် သတိပြုရမယ့်အရာ (self-awareness) မြှင့်တင်မယ်။ 
- ကိုယ်ရှေ့ဆက်ရမယ့် လမ်းမှာ ကိုယ့်ကိုယ်ကိုယ် သတိမမူမိပဲ ပိတ်မိနေတဲ့ အကြောင်းအရာတွေ (self-sabotages) ကို ဖယ်ရှားမယ်။ 
- ကိုယ့်မှာရှိနေတဲ့ ကိုယ်ရဲ့ တန်ဖိုး (self-value) ကို မြင်အောင်ကြည့်ပြီး၊ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ (self-love) ကိုမွေးမြူမယ် ။ 
နောက်ဆုံး နှစ်ရက်မှာတော့ self-leadership ကို embodies လုပ်ပြီး၊ ကိုယ်ရဲ့ new version ကို ပုံဖော်ကြရင်း Visionary Artworks တွေ ဖန်တီးခဲ့ကြပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲလေးကတော့ မိမိကိုယ်ကိုယ် ရှာဖွေလိုပြီး၊ women leadership ကို စိတ်ဝင်စားသူ အမျိုးသမီးများက ဒီအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြပါတယ်။

လူဦးရေကန့်သတ်ထားပြီး၊ မိမိတက်ရောက်လိုသောရက်ကို ရွေးချယ်နိုင်ရန်အတွက် အုပ်စု (A) နှင့် အုပ်စု (B) နှစ်စုခွဲကာ မြန်မာဘာသာစကားဖြင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

  • Building Women's Leadership through Art © Goethe-Institut Myanmar

    Building Women's Leadership through Art

  • Building Women's Leadership through Art © Goethe-Institut Myanmar

    Building Women's Leadership through Art

  • Building Women's Leadership through Art © Goethe-Institut Myanmar

    Building Women's Leadership through Art