ထင်ဟပ်၊ မျှဝေတွဲလက်တွေ
Art and Healing Certificate Workshop

Art & Healing Workshops ©Goethe-Institut Myanmar / TheeOoThazin

‘‘ဒီ Art and Healing workshop ကို ၂၀၂၂ မေလနဲ့ ဇွန်လတွေမှာ (၅) ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ပထမအပတ်မှာ အခြေခံစိတ်ကျန်းမာရေး စောင့်ရှောက်မှုနဲ့ Abstract ကို အခြေခံတဲ့ စိတ်လွတ်လက်လွတ် drawing ဆွဲခဲ့ကြပါတယ်။ ဒုတိယအပတ်မှာတော့ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်မှု selfcare ကို ဆွေးနွေးကြပြီး၊ (၃) မိနစ် ကိုယ်တိုင်ရေးပုံတူ ရေးဆွဲကြပါတယ်။ တတိယအပတ်မှာ psychological Trauma စိတ်ဒါဏ်ရာအကြောင်း ရှင်းပြကာ အော်တိုမက်တစ်ရေးသားခြင်း Automatic writing လေ့ကျင့်ခန်း လုပ်ခဲ့ပါတယ်။ စတုတ္ထအပတ်မှာတော့ Empathic Communication ကိုယ်ချင်းစာပေါင်းသင်းဆက်ဆံရေးအကြောင်း ဆွေးနွေးပြီး၊ အုပ်စုဖွဲ့စကားပြော Group talk ပြုလုပ်မိတ်ဆက်ပေးပါတယ်။  
နောက်ဆုံးအပတ်မှာတော့ တစ်နေကုန် self-portrait ရေးဆွဲခြင်းနဲ့ improvised ပြဇာတ်ကခြင်းနဲ့ နှုတ်ဆက်ပြီး workshop ကို ပိတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ double crisis ကာလမှာ စိတ်ကြပ်တည်း မွန်းကြပ်နေတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး ဒီ workshop ကို ပြုလုပ်ခဲ့တာပါ။
ကိုယ့်၀န်းကျင်ရှိ မိတ်ဆွေအပေါင်းအသင်းနဲ့ မိသားစု၀င်တွေကို စောင့်ရှောက်နိုင်ဖို့၊ မိမိကိုယ်ကို စောင့်ရှောက်နိုင်ဖို့ အခြေခံစိတ်ကျန်းမာရေး စောင့်ရှောက်မှုအခြေခံကို စာတွေ့ရော၊ လက်တွေ့ပါ လေ့ကျင့်ခဲ့ကြပါတယ်။ အရေးကြီးတဲ့အချက်ကတော့ art ကို ကျယ်ပြန့်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုပြီး၊ လက်တွေ့ဘ၀ထဲ အသုံးချနိုင်ဖို့ အရေးကြီးတဲ့ လုပ်ဆောင်မှုကတော့ လူတိုင်းလူတိုင်း art ကို ကျယ်ပြန့်တဲ့အဓိပ္ပါယ်ဖွင့်ဆိုပြီး လက်တွေ့ဘ၀ထဲမှာ စိတ်ပိုင်းဆိုင်ရာ wellbeing ရအောင် ဘယ်လိုအသုံးချမလဲဆိုတာကို လက်တွေ့ပူးပေါင်းလုပ်ဆောင်ကြည့်ခဲ့ကြတာပါပဲ။’’
ဒေါက်တာအောင်မင်း

‘‘၂၀၂၀ နောက်ပိုင်းမှာ ရန်ကုန်လူငယ်များကို ပြသာနာအကြပ်အတည်းများက နှစ်ဆလွှမ်းမိုးထားခဲ့ပါတယ်။ လူတွေက ဆုံးရှုံးမှုတွေ၊ အထီးကျန်မှု၊ မသေချာမရေရာမှု၊ မျှော်လင့်ချက်မဲ့မှုတွေနဲ့ တွေ့ဆုံရင်ဆိုင်ကြရပါတယ်။ စိတ်ဒဏ်ရာဖိစီးမှုရှိလာကြတဲ့လူတွေဟာ ဒီလိုကာလကြာရှည် ဖိစီးမှုအောက်ကနေ ရုန်းထနိုင်စွမ်းရှိဖို့ အရှုပ်အထွေးထုကြီးထဲမှာ ရှင်သန်နေထိုင်ဖို့ ဤစိတ်ဒဏ်ရာဆိုသောအရာကို နားလည်သဘောပေါက်ဖို့ လိုအပ်လာပါတယ်။ Goethe-Institut ရဲ့ “ထင်ဟပ်မျှဝေတွဲလက်တွေ” အစီအစဥ်က လူတွေဟာ မိမိကိုယ်ကို သတိပြုစောင့်ရှောက်ပြီး၊ စိတ်ဒဏ်ရာကို ရင်ဆိုင်ဖြတ်ကျော်ခြင်းဖြင့် လူ့အဖွဲ့အစည်း အရင်းအမြစ် တိုးတက်ဖြစ်ပေါ်မယ့် ဖန်တီးမှုအခြေပြုပညာရေးနဲ့ အနုပညာအလေ့အထတွေကို အဓိကထားလုပ်ဆောင်တဲ့ အစီအစဥ်ပဲဖြစ်ပါတယ်။ ဤအစီအစဥ်ရဲ့ ပဏာမဟောပြောပွဲမှာ လူငယ်များဟာ စိတ်ဒဏ်ရာအကြောင်းနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားစွာ မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ စိတ်ဒဏ်ရာကို ရင်ဆိုင်ဖို့ အနုပညာနဲ့ ရှင်သန်နေထိုင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အစီအစဥ်ကို လူငယ် (၁၈) ဦး တက်ရောက်ခဲ့ပါတယ်။ အသိအမှတ်ပြုလက်မှတ်ပါပေးတဲ့ အဲ့ဒီအစီအစဥ်မှာ စိတ်ဒဏ်ရာကို ရင်ဆိုင်နိုင်တဲ့အနုပညာဆိုတာဘာလဲ ဆိုတဲ့အချက်ကို အခြေခံပြီး လွတ်လပ်စွာဖွင့်ဟခြင်း၊ အုပ်စုအတွင်း တစ်ယောက်ချင်း ဖွင့်ဟပြောဆိုခြင်း၊ ပန်းချီရေးဆွဲခြင်း၊ စာရေးခြင်း၊ စိတ်ခံစားတုံ့ပြန်မှုများကို အပြန်အလှန် ဖွင့်ဟပြောဆိုဆွေးနွေးခြင်း၊ အလျဥ်းသင့်ရာ ဖန်တီးပြဇာတ်ကခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။
ဤစိတ်ဒဏ်ရာနှင့် အနုပညာသင်တန်းအစီအစဥ်သည် လူငယ်များစွာတက်ရောက်ခဲ့သောဟောပြောပွဲနဲ့ စတင်ခဲ့ပြီးနောက်၊ သင်တန်းဆင်းလူငယ်များဟာ စိတ်ဒဏ်ရာဖိစီးမှုရှိနေတဲ့ မိသားစုတွေနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အနုပညာနဲ့ နေထိုင်ပြီး စိတ်ဒဏ်ရာဖိစီးမှုတွေကို ရင်ဆိုင်နိုင်စွမ်းရှိတဲ့ အရင်းအမြစ်ဖွံ့ဖြိုးမှုရလဒ်လို့ ယုံကြည်ပါတယ်။ ဤအချက်ကို ပါဝင်တက်ရောက်ခဲ့တဲ့ လူငယ်များရဲ့ ခွန်အားနဲ့ ပျော်ရွှင်မှုတို့က သက်သေပြနေပါတယ်။’’
ဒေါက်တာစန်းစန်းဦး 


 

  •  Art and Healing Certificate Workshop © Goethe-Institut Myanmar

    Art and Healing Certificate Workshop

  •  Art and Healing Certificate Workshop © Goethe-Institut Myanmar

    Art and Healing Certificate Workshop