Dwi Asrul Fajar
စားပွဲအောက်ကစမ်းချောင်း

(၂၀၁၆) ခုနှစ်တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)မှ အင်ဒိုနီးရှားတွင် စိတ်ရောဂါခံစားနေရသူများအားဆက်ဆံပုံနှင့် ပတ်သက်သည့် စာမျက်နှာ (၇၆) မျက်နှာပါ အစီရင်ခံစာကို  “ငရဲတွင်နေထိုင်ခြင်း - အင်ဒိုနီးရှားတွင် စိတ်ပိုင်းဆိုင်ရာမသန်စွမ်းသူများကို ညှဥ်းပန်းနှိပ်စက်ခြင်း” အမည်ဖြင့် ထုတ်ဝေခဲ့သည်။
 
အစီရင်ခံစာတွင် စိတ်ရောဂါခံစားနေရသူများအတွက် လုံလောက်သောလူမှုအသိုင်းအဝိုင်းအခြေပြုအကူအညီ မရှိခြင်း၊ ပတ်ဝန်းကျင်မှဖယ်ကျဥ်ခံရခြင်း သို့မဟုတ် သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်း၊ စသည်တို့ကြောင့် ၎င်းတို့၏သဘောတူညီမှုမပါဘဲ ထောင်များအတွင်း မကြာခဏ ပိတ်လှောင်ခံထားရခြင်းတို့ကို ဖော်ပြထားသည်။
 
ယခုပရောဂျက်သည်စိတ်ရောဂါအပေါ်ထားရှိသည့် အမြင်ဆိုးကိုဖယ်ရှားရန်နှင့် စိတ်ရောဂါအကြောင်း မီဒီယာများတွင်သမာရိုးကျဖော်ပြလေ့ရှိသည့်ပုံစံမှ ကွဲထွက်စေရန်ရည်ရွယ်သည်။ “စားပွဲအောက်ကစမ်းချောင်း” သည် မိမိကိုယ်ကို ပြန်လည်ရှာဖွေရန် နှင့် စိတ်ကစဥ့်ကလျားရောဂါ၊ စိတ်ကြွရောဂါ၊ စိတ်ကျရောဂါ သို့မဟုတ် နယ်နိမိတ်ဆိုင်ရာကိုယ်ရည်ကိုယ်သွေးရောဂါ (Borderline Personality Disorder) ခံစားနေရသူများ၏ ရှုပ်ထွေးသောစိတ်ပိုင်းဆိုင်ရာအခြေအနေကိုနားလည်ပေးနိုင်ရန်ကြိုးပမ်းထားပါသည်။

Dwi Asrul Fajar *၁၉၈၆၊ အင်ဒိုနီးရှား


Dwi Asrul Fajar | A Stream Under The Table © © Dwi Asrul Fajar Dwi Asrul Fajar | A Stream Under The Table © Dwi Asrul Fajar
Dwi Asrul Fajar သည် လက်ရှိဂျကာတာတွင် နေထိုင်လျက်ရှိပြီး ဓာတ်ပုံပညာကို စိတ်ပညာဆိုင်ရာမသိခြင်းများ၊ ၎င်း၏ပကတိရုပ်သွင်နှင့် ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာရန် ကြားခံတစ်ခုအဖြစ် အသုံးပြုလေ့ရှိသည်။ သူသည်ဓာတ်ပုံပညာကို ရုပ်ပိုင်းဆိုင်ရာမှတ်တမ်းတစ်ခုအနေဖြင့်စမ်းသပ်ခဲ့ပြီး ထိုစမ်းသပ်မှုတွင်အမြင်အာရုံအလွှာများ နှင့် ၎င်းတို့၏ဇာတ်ကြောင်းများကို ဆန်းစစ်လေ့လာခဲ့သည်။ နိုင်ငံပေါင်း (၇) နိုင်ငံမှ ဓာတ်ပုံဆရာ (၇) ဦး ပါဝင်သော  အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို စိတ်ဝင်စားသည့်  White Light Collective အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး  သူ၏လက်ရာများကို အင်ဒိုနီးရှားနှင့်ပြည်ပတွင် ပုံနှိပ်ထုတ်ဝေပြသခဲ့သည်။


  • Dwi Asrul Fajar | A Stream Under The Table © Dwi Asrul Fajar

  • Dwi Asrul Fajar | A Stream Under The Table © Dwi Asrul Fajar