Muhammad Fadli
ဗက်စ်ပါ စစ်သည်များ။

(၁၉၄၆) ခုနှစ် ဖလောရန့်မြို့တွင်မွေးဖွားချိန်မှစ၍ Vespa သည် အများစုအတွက် ထူးခြားသောအရာဖြစ်ခဲ့ပါသည်။ အချို့အတွက်မူ ၎င်းသည် နေထိုင်မှုစတိုင်တစ်ခု ဖြစ်လာခဲ့၏။ အင်ဒိုနီးရှားကျွန်းစုတစ်လျှောက်ရှိ မြို့များတွင်မူ တမူထူးခြားသော Vespa အဖွဲ့ပုံစံတစ်ခု ပေါ်ပေါက်လာပါသည်။ 'Extremvespas' ဟုခေါ်သည့် ဆိုင်ကယ်သူရဲများမှာ များသောအားဖြင့် အသက်နှစ်ဆယ်ကျော်စလူငယ်များ သို့မဟုတ် ထို့ထက်ငယ်ရွယ်သောသူများဖြစ်ပြီး နိုင်ငံအနှံ့ ဆိုင်ကယ်လှည့်လည်စီးလေ့ရှိ၏။ ၎င်းတို့၏ Vespa အပြင်အဆင်၊ မြင်ကွင်းများမှာ အပြင်လူများသာမက၊ ၎င်းတို့၏ဆွေမျိုးများအတွက်ပါ ထူးဆန်းနေပါသည်။  
အချို့သောဆိုင်ကယ်များတွင် တာယာအလုံး (၂၀) ထက် မနဲရှိသည်။ အချို့တွင် ကျွဲခေါင်းခွံများ၊ တိုလီမုတ်စလျှပ်စစ်ပစ္စည်းများ၊ ဝါးများ၊ အမြှောက်အပျက်များ သို့မဟုတ်
ဆိုင်ကယ်သူရဲများ လမ်းတစ်လျှောက် စုဆောင်းလာသည့်အရာများဖြင့်တန်ဆာဆင်ထားသည်။ အချို့သောဆိုင်ကယ်သူရဲများမှာ သူတို့၏ Vespa ကိုသစ်ပင်များမှပြန်လည်တည်ဆောက်ခြင်း သို့မဟုတ် Do it yourself စနစ်ဖြင့်  လေးဘီးတပ်ပုံစံသို့ ပြန်လည်ပြောင်းလဲထားပေသည်။ ၎င်းတို့၏ တီထွင်ဖန်တီးနိုင်စွမ်းမှာ အကန့်အသတ်မဲ့ပင်ဖြစ်သည်။
ယခုဓာတ်ပုံစီးရီးမှာ ထိုအဖွဲ့အစည်းကို စူးစမ်းကြည့်ရန် ကြိုးစားကြည့်ခြင်းဖြစ်သည်။ 

Muhammad Fadli *1984, Indonesia

Muhammad Fadli | Vespa Warriors © © Muhammad Fadli  Muhammad Fadli | Vespa Warriors © Muhammad Fadli
Muhammad Fadli သည် ဂျာကာတာအခြေစိုက် အင်ဒိုနီးရှားဓာတ်ပုံပညာရှင်ဖြစ်သည်။ မှတ်တမ်းတင်ဓာတ်ပုံ နှင့် ပုံတူဓာတ်ပုံပညာ ကို အထူးစိတ်ဝင်စားသူဖြစ်သည်။ သူ၏လက်ရာများကို PROOF Nat Geo၊ Der Spiegel, Monocle, Afar, Forbes, Financial Times Weekend စသည်တို့တွင်ဖော်ပြခဲ့သည်။ လွတ်လပ်သောအင်ဒိုနီးရှားဓာတ်ပုံဆရာများအသင်း Arka Project ကို တည်ထောင်သူအဖွဲ့ဝင်လဲဖြစ်သည်။


  • Vespa Warriors © Muhammad Fadli

  • Vespa Warriors © Muhammad Fadli

  • Vespa Warriors 3 © Muhammad Fadli

  • Vespa Warriors 4 © Muhammad Fadli