ရာသီဥတုပြောင်းလဲခြင်း နှင့် ကိုလိုနီဝါဒသစ်
လွှမ်းမိုးမှုပုံစံသစ်အဖြစ် ပေါ်ထွန်းလာသည့် ရာသီဥတုဆိုင်ရာကိုလိုနီဝါဒ

မိုးသစ်တောကြီး မီးလောင်နေသည်_အမေဇုံဒေသ Porto Velho မြို့အနီး မီးလျှံများနှင့် မီးခိုးလုံးများ
Photo (detail): Bruno Kelly © picture alliance/Reuters

သဘာဝပတ်ဝန်းကျင်ပြဿနာများသည် ကမ္ဘာမြေမှ လက်ဆောင်ပေးထားသည့်သဘာဝအရင်းအမြစ်များကို အလွဲသုံးစားပြုလုပ်ရာမှ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲအကျိုးဆက်များဖြစ်ပါသည်။ ချမ်းသာသောစက်မှုနိုင်ငံများသည်  ဖွံ့ဖြိုးဆဲနိုင်ငံများကိုခေါင်းပုံဖြတ်၍ အကျိုးအမြတ်များရရှိနေကြသည်။
 

၂၀၁၉ ခုနှစ် ဩဂုတ်လတွင် တစ်ကမ္ဘာလုံးက  ဘရာဇီးလ်နိုင်ငံကို  တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေခဲ့ရသည်။ ကမ္ဘာ့ရာသီဥတုစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအတွက်  အရေးပါဆုံးဖြစ်သော အမေဇုန်မိုးသစ်တောကြီးသည် မီးဟုန်းဟုန်းတောက် လောင်ကျွမ်းနေခဲ့လေသည်။  မီးလောင်မှုကြောင့် မီးခိုးငွေ့တန်းများသည်  ဘရာဇီးနိုင်ငံ၏ စီးပွားရေးဗဟိုချက် ဆော်ပိုလိုမြို့အထိ ပျံ့နှံခဲ့သည်။ ဆော်ပိုလိုမြို့ကောင်းကင်တခွင် မီးခိုးငွေ့တန်း‌များကြောင့် မဲမှောင်နေခဲ့သည်။  ကမ္ဘာအရပ်ရပ်ရှိ သိပ္ပံပညာရှင်များ၊ နိုင်ငံရေးသမားများနှင့် ထင်ရှားကျော်ကြားသူများက တစ်နည်းနည်းဖြင့် သူတို့ပါဝင်တပ်လှန့်ရန် တာဝန်ရှိသည်ဟု ခံစားခဲ့ကြရသည်။  သို့သော် စက်မှုနိုင်ငံများနှင့် ယင်းစက်မှုနိုင်ငံများမှ ထောက်ပံ့မှုရှိသော နိုင်ငံ‌တကာကုမ္ပဏီများ၏အပြုအမူသည်  အမေဇုန်ဒေသနှင့် အခြားကမ္ဘာ့နေရာများစွာရှိ  ဂေဟစနစ်ပျက်ယွင်းမှု နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆင်းရဲဒုက္ခများ၏ အဓိကအကြောင်းရင်းဖြစ်သည် ဆိုသည့်အချက်ကိုမူ  အာရုံစိုက်မှုနည်းပါးခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် ဥရောပသမဂ္ဂ (EU) တို့အကြား တင်းကျပ်သောကုန်သွယ်ရေးသဘောတူညီချက်များမှတဆင့် ယခင်ကိုလိုနီနိုင်ငံများ ဖြစ်ခဲ့ကြသော နိုင်ငံများစွာတွင်  ကုန်ကြမ်းပစ္စည်းများ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများ ဆက်လက်ဖြစ်ပေါ်လာသည်မှာ ဧကန်အမှန်ပင်ဖြစ်သည်။

နှစ်စဥ်နှစ်တိုင်း ပိုမို စောလာသည့် "ကမ္ဘာ့မြေ နွမ်းလျမှုနေ့"

နှစ်စဉ်နှစ်တိုင်း ကျွန်ုပ်တို့ကို အသစ်တစ်ဖန် ပြန်သတိပေးသည့်အနေဖြင့် "ကမ္ဘာ့မြေနွမ်းလျမှုနေ့" ( Earth Overshoot Day ) ကို  Global Footprint Network အဖွဲ့အစည်းက တွက်ချက်သတ်မှတ်ပေးခဲ့ပါသည်။ ၎င်းသည်  သဘာဝတရားက ပြန်လည်ဖြည့်ဆည်းနိုင်သည့် အရင်းအမြစ်များကို ကျွန်ုပ်တို့ အကုန်သုံးစွဲပြီးသည့်နေ့ကို ခန့်မှန်းထားသည့် နေ့တစ်နေ့ဖြစ်ပါသည်။ ထိုနေ့မှစ၍ လူသားတို့သည် ထိုနှစ်၏ ကျန်ရှိသည့်နေရက်များတွင် ၎င်းတို့တွင် ရှိသည်ထက် ပိုမိုသုံးစွဲကာ နေထိုင်ကြလေသည်။ သဘာဝအရင်းအမြစ်များသည် အကန့်အသတ်ရှိပါသည်။ ကမ္ဘာ့ဇီဝစွမ်းအင် ( Biocapacity of earth - ဂေဟစနစ်တစ်ခု၏ ထုတ်လုပ်မှုနှင့် သုံးစွဲမှုမျှခြေ ) မှာ တစ်နှစ်လျှင် လူတစ်ယောက် အတွက် တစ်ကမ္ဘာလုံးအားဖြင့်  ၁.၇ ဟတ်တာဖြစ်ပါသည်။ သို့သော် လူတစ်ယောက်လျှင်  ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် တစ်ကမ္ဘာလုံးအားဖြင့် ၃.၃ ဟတ်တာ သုံးစွဲလျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာ့လူထုကြီးကမူ  ကမ္ဘာ ၁.၇၅လုံး ရှိသကဲ့သို့ ၎င်းတို့အလိုရှိသည့်အတိုင်း သုံးစွဲနိုင်သည့်အလား  ပြုမူနေထိုင်နေကြပါသည်။ အကျိုးဆက်အဖြစ် ရာသီဥတုပြောင်းလဲခြင်း နှင့် မျိုးစိတ်များမျိုးသုဉ်းခြင်းကဲ့သို့သော သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများစွာ ဖြစ်ပေါ်လာပါသည်။ ၂၀၁၉ ခုနှစ်တွင် Earth Overshoot Day သည် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျရောက်ခဲ့သဖြင့်  ၁၉၆၁ ခုနှစ်တွင် ပထဆုံး စစ်တမ်းကောက်ယူခဲ့သည့်အချိန်မှစ၍ အစောဆုံးရက်ဖြစ်သည်။ ဩစတြေးလျ၊ အမေရိကန်၊ ရုရှား နှင့် ဂျာမနီ နိုင်ငံတို့၏ ဂေဟစနစ်သုံးစွဲမှုသည် အခြားကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အမြင့်ဆုံးဖြစ်သည်။ အကယ်၍ ကမ္ဘာ့လူထုတစ်ရပ်လုံးသည် ဂျာမန်လူထု၏ လူနေမှုအဆင့်အတန်းကို ရရှိမည်ဆိုပါက မြေကမ္ဘာ သုံးလုံးပိုင်ဆိုင်ရန် လိုအပ်ပေလိမ့်မည်။

ကုန်ကြမ်းလိုအပ်မှုအတွက် စစ်ပွဲ

ဂျာမနီနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာဖယ်ဒရယ်ရုံး ၏ စစ်တမ်းများအရ ၂၀၁၈ ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ ကားများ၊ လျှပ်စစ်နှင့်စက်မှုဆိုင်ရာ ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် ရုပ်ကြွင်းလောင်စာများ၊ တွင်းထွက်ပစ္စည်းများ၊ သတ္တုရိုင်းများနှင့် ဇီဝလောင်စာ တန်ချိန်ပေါင်း ၁.၃ ဘီလီယံ လိုအပ်ခဲ့သည်ဟု ဆိုပါသည်။ ၎င်းတို့ထဲတွင် သံ၊ ကြေးနီ၊ ကိုဘော့၊ နီကယ်၊ လီသီယမ်၊ ပလက်တီနမ်၊ အဖြိုက်နက်၊ အင်ဒီယမ်၊ ဂယ်လီယမ် နှင့်  အခြားဒြပ်စင်များပါဝင်ပါသည်။ ဂျာမနီ၏ ထိုကဲ့သို့ သုံးစွဲမှုသည်  ဥရောပပျမ်းမျှ၏အထက်  ၁၀%၊ တစ်ကမ္ဘာလုံးပျမ်းမျှ၏ အထက် ၁၀၀% တွင်ရှိသည်။  အရင်းအမြစ်များကို အသုံးကြမ်းသော လူနေမှုပုံစံသည် ကမ္ဘာအနှံ့ ပြန့်နှံ့လာသည်နှင့်အမျှ ကုန်ကြမ်းဝယ်လိုအားလည်း တိုးလာနေသည်။ အကျိုးဆက်များသည် အဆမတန် ကြီးမားလှသည်။ လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်အတွင်း ကမ္ဘာနှင့်အဝန်းရှိ ပဋိပက္ခများ၏ ၄၀% ကျော်သည် ကုန်ကြမ်းများ ထုတ်ယူတူးဖော်ခြင်း၊ ရောင်းဝယ်ခြင်းများနှင့် ပတ်သက်နေသည်ဟု ကမ္ဘာ့ကုလသမဂ္ဂ (UN) ကခန့်မှန်းသည်။ မသန့်စင်ရသေးသော သယံဇာတရိုင်းများတင်ပို့မှုအတွက် စက်မှုဖွံဖြိုးဆဲနိုင်ငံအများစု၊ အထူးသဖြင့် ဆာဟာရာသဲကန္တာရ၏ တောင်ပိုင်းရှိ အာဖရိကနိုင်ငံများ၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံပင်လယ်အတွင်းရှိ ကျွန်းနိုင်ငံများ၊ ၎င်းပင်လယ်ဝန်းကျင် ကမ်းရိုးတန်းနိုင်ငံများအပေါ်  မှီခိုနေရသော်လည်း အရည်အသွေးမြှင့်တင်ထားသည့် ကုန်ချောအများစုသည် စက်မှုထိပ်သီးနိုင်ငံများ၏ လက်ဝယ်၌သာရှိသည်။

လွှမ်းမိုးမှုပုံစံအသစ် အဖြစ် ပေါ်ထွန်းလာသည့်  ရာသီဥတုဆိုင်ရာကိုလိုနီဝါဒ

ဂျာမနီအပါအဝင် အခြားစက်မှုနိုင်ငံများက  အခြားနိုင်ငံများ၏ ဂေဟစနစ်ဆိုင်ရာ ဆုံးရှုံးမှုများကို အရင်းပြုပြီး နေထိုင်ကြသည်ကို အဆိုပါ ကိန်းဂဏန်းများက ကွက်ကွက်ကွင်းကွင်း ပြသနေသည်။
ထို့ကြောင့်ပင် "ရာသီဥတုဆိုင်ရာ ကိုလိုနီဝါဒ" ဟူသော ဝေါဟာရအသုံးအနှုန်းသည် နှစ်ပေါင်းများစွာကတည်းကပင်  တွင်ကျယ်လာသည်။ “ စက်မှုဖွံဖြိုးပီးနိုင်ငံတွေဟာ အစွမ်းကုန်မဖွံဖြိုးသေးတဲ့နိုင်ငံတွေအပေါ် ခေါင်းပုံဖြတ်ကြခြင်းဖြင့်သာ ချမ်းသာကြွယ်ဝလာကြတဲ့ ဖွံဖြိုးမှုပုံစံတစ်ခုအပေါ် အခြေခံထားလို့ပါ။ ချမ်းသာသောနိုင်ငံတွေက သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို  ဂေဟစနစ်အားသုံးစွဲမှု နည်းပါးသေးတဲ့ နိုင်ငံတွေဆီ ခွဲဝေပေးလိုက်ကြပါတယ်။ ”
ဟု မော်လီကျူးဇီဝဗေဒပညာရှင်နှင့်အတွေးအခေါ်ပညာရှင်  Christoph Rehmann-Sutter ကသူ၏ "ရာသီဥတုဆိုင်ရာ ကိုလိုနီဝါဒကို ရပ်တန့်ခြင်း" အက်ဆေးတွင် ရှင်းပြသည်။ ကိုလိုနီစနစ်သည် ဩဇာအာဏာ လွှမ်းမိုးမှုပုံစံတစ်မျိုးနှင့် ဆက်နွယ်နေပါသည်။ ဩဇာအာဏာကြီးမားသော တိုင်းပြည်များက ဝေးလံသော အရပ်ဒေသများတွင် အခြေချနေထိုင်ပြီး ကုန်စည်များနှင့် ထုတ်ကုန်များကို မိခင်တိုင်းပြည်သို့ ယူဆောင်သွားကြပါသည်။ ကမ္ဘာ့စီးပွားရေးအာဏာကို ချမ်းသာသောနိုင်ငံများက တစ်ဖက်သတ်ခွဲ‌ဝေမှုကို ကြည့်ပါက ထိုဖွင့်ဆိုချက်သည်
ရာသီဥတုဆိုင်ရာပြဿနာများတွင်လည်းအကျုံးဝင်နေသည်။  “ရာသီဥတုဆိုင်ရာ ကိုလိုနီဝါဒအကြောင်း ကျွန်တော် ပြောတဲ့အခါ ကုန်ထုတ်လုပ်မှုနယ်ပယ်ကို အလှမ်းဝေးအောင် ယာယီသဘောဖြစ်အောင် နေရာရွှေ့လိုက်တာကြောင့်  အခြားတိုင်းပြည်မှာ နေထိုင်သူတွေကို အလုပ်ပေးခြင်းက သြဇာလွှမ်းမိုးတဲ့ တိုင်းပြည်တွေရဲ့ သြဇာအာဏာတည်ဆောက်ပုံကို သရုပ်သကန်ခွဲကြည့်ဖို့တောင် ခက်ခဲသွားတယ် ဆိုတဲ့ စဥ်းစားချက်ဘောင်ထဲကနေ ကျွန်တော် ပြောပါတယ်။ တကယ်တမ်းမှာလည်း ချမ်းသာသော စက်မှုနိုင်ငံများနှင့် တစ်ချိန်တုန်းက  သူတို့ ကိုလိုနီနယ်ချဲ့ကြသည့် နိုင်ငံတွေကြားမှာ ဩဇာအာဏာလွှမ်းမိုးမှုပုံစံမျိုး ရှိနေပါသေးတယ်။  အထူးသဖြင့်တော့ စီးပွားရေးကဏ္ဍမှာပေါ့"

သူတစ်ပါးအပေါ် ခေါင်းပုံဖြတ်နေထိုင်ခြင်း

"ကျွန်တော်တို့သည် ဂေဟစနစ်အရ ကျွန်တော်တို့တတ်နိုင်တာထက် ပိုသုံးနေကြသည်သာမကပဲ  အခြားသူတို့၏ ဘဝအခြေအနေများကိုပါ ခေါင်းပုံဖြတ်ပြီး သုံးစွဲနေကြသည်။" ဟု လူမှုဗေဒပညာရှင် Stephan Lessenich က သူ၏  "Neben uns die Sintflut" (ငါတို့အနားက ရေလွှမ်းမိုးမှု) အမည်ရှိ စာအုပ်တွင် ရေးသားခဲ့သည်။ သူသည် အနောက်နိုင်ငံများရှိ ပြည့်စုံကြွယ်ဝမှု ၏ ဘေးထွက်ဆိုးကျိုးများကို သုတေသနပြုလုပ်ခဲ့ပြီး တူညီသောကောက်ချက်ကို ချမှတ်ခဲ့သည်။ အာဂျင်တီးနားတွင် ပျက်စီးဆုတ်ယုတ်သွားသည့် ပဲပိစပ် ထွန်ယက်စိုက်ပျိုးမှုကို မှီတည်၍ ဥရောပတွင် နည်းပညာမြင့် လယ်ယာစိုက်ပျိုးရေးဖြစ်လာခဲ့သည်လား။ ထိုင်းနိုင်ငံရှိ လမုပင်တောတွေ ပြုန်းတီးသွားခြင်းက  စျေးပေါလှသည့် ပုစွန်တွေ ကျွန်ုပ်တို့ ရရှိကြသည်လား။ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် သဲများတင်ပို့ခြင်းသည်  အာဖရိကကမ်းရိုးတန်းများကို တိုက်စားသွားစေသည်လား။ သို့တည်းမဟုတ် မြောက်ပစိဖိသမုဒ္ဒရာထဲတွင် မျောပါနေသော ကျွန်ုပ်တို့၏ ပလတ်စတစ်အမှိုက်များ  _ ဖွံဖြိုးဆဲနှင့် တက်သစ်စနိုင်ငံများက ဖွံဖြိုးပီးစက်မှုနိုင်ငံများသို့ ၎င်းတို့၏ စီးပွားရေး ဆက်လက်တိုးပွားလာစေရန် သယံဇာတကုန်ကြမ်းပစ္စည်းများကို တင်ပို့နေရသည့်အပြင် _  တချိန်တည်းမှာပင် ၎င်းတို့၏စွန့်ပစ်ပစ္စည်းများကို အမှိုက်ပုံးသဖွယ် တာဝန်ထမ်းနေရမည်လား။ အတားအဆီးမဲ့ တိုးတက်ကြွယ်ဝလာခြင်းသည် ရာသီဥတုဆိုင်ရာကပ်ဆိုးများ ဖြစ်ပေါ်လာ‌စေပြီး ဂေဟစနစ်မညီမျှခြင်းသည် နေရပ်စွန့်ခွှာမှုနှင့်ရွှေ့ပြောင်းနေထိုင်မှုများ ဖြစ်ပေါ်လာစေသည်။
  • <b>မိုးသစ်တောထဲက သစ်ဖြတ်စက်များ</b><br>အမေဇုန်သစ်တောမီးလောင်ခြင်းသည် ဘရာဇီးနိုင်ငံရှိ မိုးသစ်တောပြုန်းတီးမှု၏ ကနဦးအစ မဟုတ်ပါ။ Photo (detail): © picture alliance/WILDLIFE/M. Edwards

    မိုးသစ်တောထဲက သစ်ဖြတ်စက်များ
    အမေဇုန်သစ်တောမီးလောင်ခြင်းသည် ဘရာဇီးနိုင်ငံရှိ မိုးသစ်တောပြုန်းတီးမှု၏ ကနဦးအစ မဟုတ်ပါ။ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကျန်းမာပြည့်ဝသော မိုးသစ်တောကြီးကို ပဲပိစပ်နှင့် ကြံစိုက်ခင်းများအဖြစ်သို့ သို့မဟုတ် ဥရောပသို့ အသားထုတ်လုပ်တင်ပို့ရန် စားကျက်မြေများအဖြစ်သို့ ပြောင်းလဲလိုက်ခဲ့ကြခြင်း‌၏ နောက်ဆက်တွဲပျက်စီးမှုလှိုင်းတစ်ခု အဖြစ်ရိုက်ခတ်လာခြင်းဖြစ်သည်။ ယခုအချိန်တွင် မူလမိုးသစ်တောကြီးသည် တန်ဖိုးကြီးမားသော ကုန်သွယ်မြေဖြစ်လာခဲ့ရသည်။ ၎င်းမြေတွင် လုပ်ကိုင်နေကြသည့် နိုင်ငံစုံကုမ္ပဏီများ နှင့် ၎င်းတို့၏ ဖောက်သည်များသည် ချမ်းသာသော စက်မှုနိုင်ငံများမှ လာကြပါသည်။

  • <b>အမြတ်ကြီးရဖို့ လက်ဝါးကြီးအုပ် ငါးဖမ်းခြင်း</b><br>ဥရောပရှိ ငါးစားသုံးမှုသည်လည်း  ဖွံ့ဖြိုးဆဲ နှင့် ဖွံ့ဖြိုးမှုနှောင့်နှေးနေသေးသည့် နိုင်ငံများ အပေါ်တွင် ဆိုးကျိုးများရိုက်ခတ်လျှက်ရှိသည်ကို  ဥပမာအားဖြင့် ဆီနီဂေါနိုင်ငံတွင် တွေ့နိုင်ပါသည်။ Photo (detail): © picture alliance/imageBROKER/ Herbert Berger

    အမြတ်ကြီးရဖို့ လက်ဝါးကြီးအုပ် ငါးဖမ်းခြင်း
    ဥရောပရှိ ငါးစားသုံးမှုသည်လည်း ဖွံ့ဖြိုးဆဲ နှင့် ဖွံ့ဖြိုးမှုနှောင့်နှေးနေသေးသည့် နိုင်ငံများ အပေါ်တွင် ဆိုးကျိုးများရိုက်ခတ်လျှက်ရှိသည်ကို ဥပမာအားဖြင့် ဆီနီဂေါနိုင်ငံတွင် တွေ့နိုင်ပါသည်။ ဆီနီဂေါတွင် ငါးသည် အခြေခံအစားအစာဖြစ်ပြီး လူပေါင်း ခြောက်သိန်းဝန်းကျင်ခန့်သည် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးကြသည်။ ထို့အပြင် ဥရောပသမဂ္ဂ (EU) ၏ ငါးဖမ်းအဖွဲ့များသည် ငါးဖမ်းခြင်းဆိုင်ရာ သဘောတူညီချက်စာချုပ်များ ချုပ်ဆိုပြီး အဖရိကရေပိုင်နက်အတွင်း ငါးဖမ်းခြင်းလုပ်ငန်းများကို လုပ်ကိုင်လာကြပါသည်။ ထိုသို့လုပ်ကိုင်လာကြသည်မှာ ဥရောပရှိ ၏ ငါးဝယ်လိုအား ကို ဥရောပရေပိုင်နက်အတွင်း ငါးဖမ်းခြင်းဖြင့် မဖြည့်တင်းပေးနိုင်သောကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် ၂၀၁၄ ခုနှစ် မေလမှစ၍ ဥရောပ သမဂ္ဂ ( EU ) သည် ဆီနီဂေါကမ်းရိုးတန်း တွင် တစ်နှစ်လျှင် တန်ချိန်ပေါင်း ၁၄၀၀၀ ခန့် ငါးဖမ်းခွင့်ရရှိခဲ့သည်။ သို့သော် ဆီနီဂေါတွင် နေထိုင်သူဒေသခံများသည် ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းခြင်းကို ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိတော့ပဲ မကြာခဏဆိုသလို သူတို့၏အိုးအိမ်များကို စွန့်ခွာလာကြရပါသည်။

  • <b>ရေနံအတွက် ကြာရှည်တည်တံ့နေသော သဘာဝပတ်ဝန်းကျင်ပျက်စီးမှု</b><br>နောက်ထပ် ဥပမာတစ်ခုကတော့ လောင်စာထုတ်ယူခြင်းဖြစ်ပါသည်။ ဥရောပသမဂ္ဂ က ထောက်ပံ့သော နိုင်ငံပေါင်းစုံမှ စွမ်းအင်ထုတ်လုပ်သည့်ကုမ္ပဏီများသည် နိုင်ဂျေးရီးယားရှိ နိုင်ဂျာမြစ်ဝကျွန်းပေါ်ဒေသတွင် ဆယ်စုနှစ်ပေါင်းများစွာကတည်းက ရေနံထုတ်ယူလျက်ရှိသည်။ ၎င်းလုပ်ငန်းမှ အကျိုးအမြတ်များကို အထူးသဖြင့် အနောက်နိုင်ငံများမှ စီးပွားရေးကုမ္ပဏီများနှင့် ဒေသခံအခွင့်ထူးခံများက ရရှိကြသည်။ ရေနံပမာဏအများစုကို  ဥရောပသို့တင်ပို့သည်။ ရေနံတူးဖော်ခြင်းနှင့် ဆက်နွယ်နေသည့်  သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် စိုက်ပျိုးမြေဧရိယာများ ပျက်စီးဆုံးရှုံးခြင်းတို့ကြောင့်  ဒေသခံပြည်သူများသည် အသက်မွေးလုပ်ငန်းများ ဆုံးရှုံးလာပြီး ဆင်းရဲမွဲတေမှုနှင့် ရောဂါဘယများကို ခံစားလာရသည်။ နှစ်စဉ် ရေနံပိုက်လိုင်းများမှ သိန်းနှင့်ချီသော ရေနံစည်များ ယိုစိမ့်နေပြီး  ရေနံကုမ္ပဏီများသည် နိုင်ဂျီးရီးယားဥပဒေများကိုလိုက်နာခြင်းမရှိဘဲ အကျင့်ပျက်ခြစားမှုများသာ တိုးပွားလာစေသည်။ Photo (detail): © picture alliance/Reuters/Akintunde Akinleye

    ရေနံအတွက် ကြာရှည်တည်တံ့နေသော သဘာဝပတ်ဝန်းကျင်ပျက်စီးမှု
    နောက်ထပ် ဥပမာတစ်ခုကတော့ လောင်စာထုတ်ယူခြင်းဖြစ်ပါသည်။ ဥရောပသမဂ္ဂ က ထောက်ပံ့သော နိုင်ငံပေါင်းစုံမှ စွမ်းအင်ထုတ်လုပ်သည့်ကုမ္ပဏီများသည် နိုင်ဂျေးရီးယားရှိ နိုင်ဂျာမြစ်ဝကျွန်းပေါ်ဒေသတွင် ဆယ်စုနှစ်ပေါင်းများစွာကတည်းက ရေနံထုတ်ယူလျက်ရှိသည်။ ၎င်းလုပ်ငန်းမှ အကျိုးအမြတ်များကို အထူးသဖြင့် အနောက်နိုင်ငံများမှ စီးပွားရေးကုမ္ပဏီများနှင့် ဒေသခံအခွင့်ထူးခံများက ရရှိကြသည်။ ရေနံပမာဏအများစုကို ဥရောပသို့တင်ပို့သည်။ ရေနံတူးဖော်ခြင်းနှင့် ဆက်နွယ်နေသည့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်းနှင့် စိုက်ပျိုးမြေဧရိယာများ ပျက်စီးဆုံးရှုံးခြင်းတို့ကြောင့် ဒေသခံပြည်သူများသည် အသက်မွေးလုပ်ငန်းများ ဆုံးရှုံးလာပြီး ဆင်းရဲမွဲတေမှုနှင့် ရောဂါဘယများကို ခံစားလာရသည်။ နှစ်စဉ် ရေနံပိုက်လိုင်းများမှ သိန်းနှင့်ချီသော ရေနံစည်များ ယိုစိမ့်နေပြီး ရေနံကုမ္ပဏီများသည် နိုင်ဂျီးရီးယားဥပဒေများကိုလိုက်နာခြင်းမရှိဘဲ အကျင့်ပျက်ခြစားမှုများသာ တိုးပွားလာစေသည်။

  • <b>မိုဘိုင်းဖုန်းများအတွက် ကလေးလုပ်အား</b><br>ကမ္ဘာ့ကုလသမဂ္ဂ ၏ စစ်တမ်းများ အရ ကမ္ဘာတစ်ဝှမ်းတွင် ကလေးသူငယ်ပေါင်း ၁၆၈ သန်းခန့် အလုပ်လုပ်နေကြရပြီး အများစုမှာ အာဖရိကတိုက်တွင်  ဖြစ်ပါသည်။ UNICEF ၏စစ်တမ်းများအရ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတောင်ပိုင်းရှိ သတ္တုတွင်းများတွင် ကလေးသူငယ် လေးသောင်းကျော် အလုပ်လုပ်နေရသည်။ ကွန်ဂိုနိုင်ငံသည် မိုဘိုင်းဖုန်းများ ထုတ်လုပ်ရန်အတွက် မရှိမဖြစ်လိုအပ်သော ကော်လ်တန်၊ ကိုဘော့ နှင့် အခြား အဖိုးတန်သတ္တုများ တင်ပို့သည့် အဓိက နိုင်ငံများအနက် တစ်နိုင်ငံဖြစ်‌သော‌ကြောင့်ဖြစ်သည်။ ကမ္ဘာနှင့်အဝှမ်း အီလက်ထရောနစ်ထုတ်ကုန်များ ဝယ်လိုအား ကြီးထွား လာသည်နှင့်အမျှ ကုန်ကြမ်းပစ္စည်းများလိုအပ်မှုလည်း မြင့်တက်လာသည်။ သဘာဝအရင်းအမြစ်များကို ထိန်းချုပ်ခွင့်ရရန်အတွက် သတ္တုတွင်းဒေသများတွင် အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွားလာသည်။ သတ္တုတူးဖော်မှုနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များနှင့် စိုက်ပျိုးမြေပျက်စီးမှုများ  ယှဉ်တွဲလျက်ဖြစ်‌ပေါ်လာကြသည်။ Photo (detail): © picture alliance/Reuters/Goran Tomasevic

    မိုဘိုင်းဖုန်းများအတွက် ကလေးလုပ်အား
    ကမ္ဘာ့ကုလသမဂ္ဂ ၏ စစ်တမ်းများ အရ ကမ္ဘာတစ်ဝှမ်းတွင် ကလေးသူငယ်ပေါင်း ၁၆၈ သန်းခန့် အလုပ်လုပ်နေကြရပြီး အများစုမှာ အာဖရိကတိုက်တွင် ဖြစ်ပါသည်။ UNICEF ၏စစ်တမ်းများအရ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတောင်ပိုင်းရှိ သတ္တုတွင်းများတွင် ကလေးသူငယ် လေးသောင်းကျော် အလုပ်လုပ်နေရသည်။ ကွန်ဂိုနိုင်ငံသည် မိုဘိုင်းဖုန်းများ ထုတ်လုပ်ရန်အတွက် မရှိမဖြစ်လိုအပ်သော ကော်လ်တန်၊ ကိုဘော့ နှင့် အခြား အဖိုးတန်သတ္တုများ တင်ပို့သည့် အဓိက နိုင်ငံများအနက် တစ်နိုင်ငံဖြစ်‌သော‌ကြောင့်ဖြစ်သည်။ ကမ္ဘာနှင့်အဝှမ်း အီလက်ထရောနစ်ထုတ်ကုန်များ ဝယ်လိုအား ကြီးထွား လာသည်နှင့်အမျှ ကုန်ကြမ်းပစ္စည်းများလိုအပ်မှုလည်း မြင့်တက်လာသည်။ သဘာဝအရင်းအမြစ်များကို ထိန်းချုပ်ခွင့်ရရန်အတွက် သတ္တုတွင်းဒေသများတွင် အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွားလာသည်။ သတ္တုတူးဖော်မှုနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များနှင့် စိုက်ပျိုးမြေပျက်စီးမှုများ ယှဉ်တွဲလျက်ဖြစ်‌ပေါ်လာကြသည်။

  • <b>စွန့်ပစ်လျှပ်စစ်ပစ္စည်းများ၏ ဆူနာမီလှိုင်း</b><br>လျှပ်စစ်ပစ္စည်းများ သုံးစွဲမှု ပိုမိုများပြားလာသော်လည်း ယင်းပစ္စည်းများ၏ သက်တမ်းမှာ ပိုမိုတိုတောင်းလာသည်။ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း အီလက်ထရောနစ်စွန့်ပစ်အမှိုက် တန်‌ချိန်ပေါင်း ၄၈.၅ သန်းခန့် ထွက်ရှိခဲ့သည်။ ဥရောပသမဂ္ဂတွင် နှစ်စဉ် အီလက်ထရောနစ်အမှိုက် တန်ချိန်  ဆယ်သန်းခန့်ထွက်ရှိခဲ့ရာ  ၂၀% သာလျှင် ပြန်လည်ပြုပြင်အသုံးပြုနိုင်ခဲ့ပြီး ၁၅%ခန့်ကို ဥရောပတိုက်ပြင်ပနိုင်ငံများသို့ တင်ပို့ခဲ့ကြပါသည်။ Photo (detail): © picture alliance/dpa/Gioia Forster

    စွန့်ပစ်လျှပ်စစ်ပစ္စည်းများ၏ ဆူနာမီလှိုင်း
    လျှပ်စစ်ပစ္စည်းများ သုံးစွဲမှု ပိုမိုများပြားလာသော်လည်း ယင်းပစ္စည်းများ၏ သက်တမ်းမှာ ပိုမိုတိုတောင်းလာသည်။ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း အီလက်ထရောနစ်စွန့်ပစ်အမှိုက် တန်‌ချိန်ပေါင်း ၄၈.၅ သန်းခန့် ထွက်ရှိခဲ့သည်။ ဥရောပသမဂ္ဂတွင် နှစ်စဉ် အီလက်ထရောနစ်အမှိုက် တန်ချိန် ဆယ်သန်းခန့်ထွက်ရှိခဲ့ရာ ၂၀% သာလျှင် ပြန်လည်ပြုပြင်အသုံးပြုနိုင်ခဲ့ပြီး ၁၅%ခန့်ကို ဥရောပတိုက်ပြင်ပနိုင်ငံများသို့ တင်ပို့ခဲ့ကြပါသည်။ ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂ က "စွန့်ပစ်လျှပ်စစ်ပစ္စည်းများ၏ ဆူနာမီလှိုင်း" ဟု သတိပေးပြောကြားခဲ့ပါသည်။ ကမ္ဘာတွင် စွန့်ပစ်လျှပ်စစ်ပစ္စည်းများထားရှိသည့် နာမည်ဆိုးဖြင့် အကျော်ကြားဆုံးနေရာ ကို "Agbogbloshie" ဟု ခေါ်ဆိုပြီး ၄င်းသည် ဂါနာနိုင်ငံ၏မြို့တော် အာကရာမြို့အနီးတွင် တည်ရှိပါသည်။ ထိုနေရာတွင် လူပေါင်း ခြောက်သောင်းဝန်းကျင် နေထိုင်ကြပြီး သုံးစွဲသူများက စွန့်ပစ်ထားသည့် လျှပ်စစ်ပစ္စည်းများကို ပြန်လည်အသုံးပြုဖို့ ပြုလုပ်ကြပါသည်။ သူတို့သည် အဖိုးတန်သတ္တုအစိတ်အပိုင်းများရရှိရန်အတွက် ပလတ်စတစ်နှင့် ရာဘာအလွှာများကို မီးရှို့ကြရပါသည်။ မီးရှို့ခြင်းမှ ထွက်လာသည့် အဆိပ်သင့်ငွေ့များသည် ပြင်းထန်သော ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပွားစေပါသည်။